Published 26 February 2024
ထိုင်းနိုင်ငံ၊ မြောက်ပိုင်းပြည်နယ် (၉) ခုဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ဖုန်း၊ လန်ပန်း၊ ဥဿရာဒစ်၊ ဖယောင်း၊ ဖရဲ၊ နန်ပြည်နယ်များတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင် မြို့ က ဖေဖေါ်ဝါရီ ၂၆ ရက် တွင် အသိပေး ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ မြောက်ပိုင်းပြည်နယ် (၉)ခု၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စသည့် ကာယလုပ်သားများ (Blue Collar)များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ် နှုန်းထား သတ်မှတ်ပြီး ဝင်ငွေခွန် ၂% အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်သည်။
ယင်းလစဉ်အခွန် ၂%၊ ၁၅၀ ဘတ် ပေးသွင်း ခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည် တို့ကို ဝယ်ယူရာ၌ စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန် လျော့ပေါ့ ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ် (၉)ခုရှိ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံ အင်ဂျင်နီယာလုပ်ငန်းများ စသည်တို့တွင် အလုပ်လုပ်ကိုင်နေကြသည့် ဉာဏလုပ်သား (White Collar) များ၏ ဝင်ငွေခွန်ကို ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂% အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂% အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖေါ်ပြထားသည်။
ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကိုသာ ခံစားနိုင်မည်ဖြစ်သည်။
(White Collar အခွန်ထမ်းများသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ဌာန ၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည် ဖြစ်သည်။
စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ လုပ်သားများအတွက် ဖြည့်စွက် ဆောင်ရွက်ရမည့်ပုံစံကို သံရုံးလူမှုကွန်ယက်စာမျက်နှာ တွင်ဖေါ်ပြထားပြီး စက်ရုံ၏ တာဝန်ရှိသူများက လုပ်သား တစ်ဦးချင်းစီအတွက် ဖော်ပြပါပုံစံတွင် ဖြည့်စွက်ပြီး ငွေသားဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်ပေးသွင်းနိုင်ကြောင်းသိရသည်။ တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အထိ တစ်လ လျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၅ လစာ၊ ၇၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလ များ၌ လစဉ်၊ သို့မဟုတ် ၃ လ တစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လ တစ်ကြိမ် ပေးသွင်းနိုင်ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

26 February 2024
အိုမန်နိုင်ငံတွင်ယာဉ်မတော်ဆမှုဖြင့်ကွယ်လွန်သွားသည့်မနွယ်နွယ်လွင်ဖြစ်စဉ်နှင့်ပတ်သက်၍ ရီရတ်ဒ်မြို့ရှိမြန်မာသံရုံးမှ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ထုတ်ပြန်ချက်တွင် ယခုရက်ပိုင်းတွင် အိုမန်နိုင်ငံ၊Salalahမြို့၌ ယာဉ်မတော်ဆမှုဖြင့်ကွယ်လွန်သွားသည့်မနွယ်နွယ်လွင်ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထင်မြင်ချက်များ၊ ကောလဟာလများသည် မဟုတ်မှန်ကြောင်း၊ဖြစ်ရပ်မှန်နှင့်ကွဲလွဲနေကြောင်း၊
မြန်မာသံရုံးအနေဖြင့် အိုမန်နိုင်ငံတွင် ယာဉ်မတော်ဆမှုဖြင့်မနွယ်နွယ်လွင်ကွယ်လွန်သွားသည့်ဖြစ်စဥ်ကိုသိရှိချိန်မှစပြီး အိမ်ရှင်နှင့်တာဝန်ရှိသူများထံမှ သတင်းအချက်အလက်များ၊ဓာတ်ပုံများ၊ဆေးစာများ၊ သေမှုသေခင်းအစီရင်ခံစာများ၊Death Certificate တို့ကိုရယူဆောင်ရွက်ခဲ့ကြောင်း၊ အိုမန်တာဝန်ရှိသူများ၏စာရွက်အထောက်အထားအရ ယာဉ်မတော်တဆမှုဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း ၊
ဆက်လက်၍မြန်မာသံရုံးအနေဖြင့်မနွယ်နွယ်လွင်၏ မိသားစုဝင်များကို အသိပေးခြင်း၊ စာရွက်စာတမ်းနှင့်ဓာတ်ပုံများပေးပို့ခြင်း၊ နှစ်သိမ့်အားပေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျန်ရစ်သူ မိသားစု(ဖခင်)၏ဆန္ဒအရ အိုမန်နိုင်ငံမှာဘဲသဂြိုဟ်ရန်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း၊
အိုမန်နိုင်ငံ၊Salalahမြို့ရှိမြန်မာမိတ်ဆွေတစ်ဦးအား မနွယ်နွယ်လွင်၏ဈာပနကိုစီစဉ်ဆောင်ရွက်ခိုင်းခဲ့ပြီး ဖေဖော်ဝါရီလ(၂၀)ရက်တွင် ဈာပနပြုလုပ်ပြီး အိမ်ရှင်နှင့်မြန်မာမိတ်ဆွေတစ်ဦးတို့သာ မှတ်တမ်းဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးခွင့်ရပြီး မြန်မာသံရုံးနှင့် မိသားစုဝင်များထံတိုက်ရိုက်ပေးပို့ခဲ့ကြောင်း၊
မနွယ်နွယ်လွင်၏ဈာပနကို ရီရတ်ဒ်မြို့ရှိမြန်မာသံရုံး၏မေတ္တာရပ်ခံချက်ကြောင့် Salalahမြို့ရှိ မြန်မာအသိုက်အဝန်းမှမြန်မာနိုင်ငံသား (၄)ဦး၊အိမ်ရှင်မိသားစုဝင်များနှင့် တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြောင်း၊
မီးသဂြိုဟ်ပြီးနောက်အရိုးပြာအိုးကို မိခင်၊ဖခင်နှင့် မိသားစုဝင်များ၏ဆန္ဒအရ အရိုးပြာအိုးကိုမြန်မာ နိုင်ငံသို့ပြန်မယူတော့ဘဲ အိုမန်နိုင်ငံ၊Salalahမြို့ရှိ ပင်လယ်ကမ်းခြေတွင် အရိုးပြာများကို ဖေဖော်ဝါရီ ၂၁ရက်တွင်မျောခဲ့ကြောင်း၊
မနွယ်နွယ်လွင်၏မိသားစုဝင်များမှ သမီးဖြစ်သူ၏ ဖြစ်စဉ်၊ဖြစ်ရပ်များ၊သဂြိုဟ်ခြင်းကိစ္စရပ်များတွင် လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်း စာပေးပို့လာသည်ဟု ရီရတ်ဒ်မြို့ရှိမြန်မာသံရုံးမှထုတ်ပြန် ဖော်ပြထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကြည့်ရှုကုသပေးသည့် အထူးကုပြင်ပလူနာဌာန ကြည့်ရှုမှုအချိန်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှစတင်၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယခင်ကနံနက်ပိုင်းသာ ကြည့်ရှု ကုသ ပေးနိုင်ရာမှ ယခုအခါမွန်းလွဲပိုင်းအထိ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးများနှင့်ပြသလိုပါက ဒေသန္တရဆေးခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ရောဂါအမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို့ ညွှန်းပို့သည့်စာ(referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပလူနာဌာနများတွင်နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်းမပြုမီ မိမိတို့ပြသလိုသော ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာအချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူ အလွယ်တကူသိရှိနိုင်အောင် Vinyl/board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦးစီးဌာန Website စာမျက်နှာ www.doms.gov.mm ၌ ဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်တွင်း ဝယ်လိုအား မြင့်လာတဲ့ အတွက်ဆိတ်သားသ-တ်ဈေးကွက် မှာ ယခင် တပတ်ထက် ကျပ် ၁၀၀၀ကျော် မြင့် တတ်လာတယ်လိုh ဆိတ်မွေးမြူရေး လုပ်ငန်းရှင် များထံက သိရပါတယ်။ ပြီးခဲ့တဲ့ လ ပိုင်း တွေကဈေးကွက် အေးခဲ့ပေမယ့် ယခုတရုတ်နှစ်ကူးကာလမှာ အရောင်းဝယ် ကောင်းလာတယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မှိုအနက်မျိုးက နောက်ပိုင်းမှာ ငွေနှင်းမှိုကို လွှမ်းမိုးသွားမယ့် အနေအထားရှိတယ်
'မှိအနက်Black Oysterက ငွေနှင်းမှို အုပ်စုထဲကပဲ၊ ထိုင်းကနေ မျိူးဝင်တာသုံးလပဲရှိသေးတယ်၊ အခုနေရာအစုံလောက် မျိုးပြန့်သွားပြီ၊ ထောက်ကြံ့က တစ်ခြံလုံးအပြတ်ယူလို့ ရောင်းတာရပ်လိုက်ရတယ်'
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်မှသူတွေ အွန်လိုင်းစနစ်နဲ့Passport ကိုယ်တိုင်လျှောက်နိုင်ပြီ။ " မန္တလေး၊ ပုသိမ်၊နေပြည် တော်နဲ့ ပဲခူးမြို့တို့ရှိ ရုံးခွဲတွေမှာ လာမယ့်ဖေဖော်ဝါရီ (၂၆) ရက်မှစတင်ပြီး Online booking စနစ်ဖြင့် Passport တွေကို မိမိတို့ကိုယ်တိုင်လျှောက်ထားနိုင်တော့မှာ ဖြစ်တယ်" နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် တင်ပို့မှုအများဆုံး အဆင့် အနေဖြင့်နံပါတ် ၈ ကိုချိတ် ထားကြောင်း Seasia Statsသတင်းဌာနမှ သိရသည်။
၂၀၂၃/၂၀၂၄ ခုနှစ်၌ နိုင်ငံတကာသို့ ဆန်တင်ပို့မှုအများဆုံး ၁၀နိုင်ငံစာရင်းတွင် အိန္ဒိယနိုင်ငံသည်ပထမ ၊ထိုင်းနိုင်ငံသည်ဒုတိယ ၊ဗီယက်နမ်နိုင်ငံသည် တတိယနှင့် မြန်မာနိုင်ငံသည် အဌမနေရာ၌ နေရာယူထားခြင်းဖြစ်သည်။
မြန်မာ့ဆန်များကို အိမ်နီချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်စသည့်နိုင်ငံများအပြင် ဥရောပဈေးကွက်သို့လည်းတင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂) သန်းနီးပါးတင်ပို့ရန် လျာထားပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
ပြည်ပသို့ ဆန် တင်ပို့ရာတွင် တန်ချိန်များများ တင်ပို့ခြင်းထက် ဝင်ငွေပိုရသည့် ဆန်ကွဲ၊ ဆန်ဖြူနှင့်ပေါင်းဆန်အပါအဝင် တန်ဖိုးမြင့် ဆန်များကို ဦးစားပေးတင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌကပြောကြားထားသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 26 February 2024
နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော်တော် ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများ ရေးဆွဲ၍ ဖွံဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရန် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ် သည့် အလုပ်ရုံသိုရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင်ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေနီမြိုရှိ စက္ကူစက်ရုံ(ရေနီ)သို ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို စစ်ဆေးခဲ့ပြီး စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
တရုတ်နည်းပညာကုမ္ပဏီကြီး Honor က Magic 6 Pro စမတ်ဖုန်းအသစ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်မိတ်ဆက်လိုက်ပါတယ်။
ယင်းတို့ပြသခဲ့တဲ့ AI လုပ်ဆောင်ချက်တစ်ခုဟာ အသုံးပြုသူတွေရဲ့ မျက်လုံးကို လိုက်လံမှတ်သားပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရုံဖြင့် ယင်းတို့ရဲ့ မော်တော်ကားတွေကို အဝေးကနေ ဖွင့်ခြင်း၊ ရွှေ့ခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ထိုနည်းပညာက တရုတ်မှာ ထွက်ရှိပြီးသားဖြစ်ပြီး နိုင်ငံရပ်ခြားတွေမှာ အသုံးပြုနိုင်ရန် ကုမ္ပဏီက ကြိုးပမ်းနေပါတယ်။
၂၀၂၀ နိုဝင်ဘာလမှာ Huawei Technologies က Honor ကို ရောင်းချခဲ့ကာ အခုဆိုရင် တရုတ်နိုင်ငံပိုင် Shenzhen Zhixin New Information Technology ကုမ္ပဏီမှ ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မတိုင်ခင်အထိ ထိုနည်းပညာဟာ တရုတ်ပြည်မှာသာ ရရှိခဲ့တာပါ။
ဘာစီလိုနာမှာ တနင်္လာနေ့က စတင်မယ့် နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းကွန်ဂရက် (MWC)ပွဲကြီးမတိုင်ခင် နည်းပညာနဲ့ ဆက်သွယ်ရေး ကုမ္ပဏီများက ထုတ်ကုန်အသစ်များ၊ လုပ်ဆောင်ချက်အသစ်များကို ထုတ်လုပ်ပြသလာကြကာ ဖွံ့ဖြိုး AI ဖြင့် စီးပွားရေးကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းလာကြပါတယ်။
စမတ်ဖုန်း ထုတ်လုပ်သူတွေက စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ AI စနစ်များဖြင့် ဈေးကွက်မြှင့်တင်ရန် မျှော်လင့်နေပေမယ့် ဖွံ့ဖြိုး AI တွေဟာ တရားရေးဆိုင်ရာ၊ လူမှုကျင့်ဝတ်ဆိုင်ရာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုလာကြပါတယ်။
တရုတ်စမတ်ဖုန်းဈေးကွက်မှာ Apple ၊ Oppo တို့လို အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်နေရတဲ့ Honor က ChatGPT လိုမျိုးနည်းပညာတစ်ခုဖြစ်တဲ့ LlaMA 2 စနစ်ကိုလည်း ထည့်သွင်းရန် ကြိုးပမ်းနေပါတယ်။
၂၀၂၃ မှာ တရုတ်ပြည်အတွင်း Apple က ဈေးကွက်ရှယ်ယာ ၁၇.၃ ရာခိုင်နှုန်းရှိပြီး Honor ကတော့ ၁၆.၈ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်းမှ သိရပါတယ်။
ဒါ့အပြင် Honor က အက်ပ်လီကေးရှင်းတွေကို စက်ပစ္စည်းတစ်ခုကနေ နောက်တစ်ခုသို့ ပွတ်ဆွဲလိုက်ရုံဖြင့် ရွှေ့ပြောင်းနိုင်မယ့် AI လုပ်ဆောင်ချက်ပါဝင်တဲ့ MagicBook Pro 16 လက်ပ်တော့အသစ်ကိုလည်း ပြသခဲ့ပါတယ်။
Source: CNA
#World_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
ဝက်သက်ကာကွယ်ရေး အတိုင်းအတာများ အရေးတကြီး မဆောင်ရွက်ဘူးဆိုရင် ကမ္ဘာနိုင်ငံအားလုံးရဲ့ တဝက်ကျော်လောက်ဟာ ယခုနှစ်အကုန်မှာ ဝက်သက်ရောဂါပျံ့ပွားခြင်း အန္တရာယ် အလွန်မြင့်မားနေကြောင်း WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုဗစ်၁၉ ကပ်ရောဂါကာလတွေမှာ ဝက်သက်ကာကွယ်ဆေး မထိုးကြတာကြောင့် နေရာအများအပြားမှာ ဝက်သက်ကူးစက်မှု မြင်တွေ့လာရပါတယ်။
ကာကွယ်ဆေး မထိုးခဲ့ရတာကို အလျင်အမြန် မဖာထေးနိုင်ဘူးဆိုရင် ဝက်သက်ပျံ့နှံ့လာလိမ့်မယ်လို့ WHO မှ နာတာရှာခရိုးခရော့ဖ်က ဂျီနီဗာမီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အစိုးရတွေဘက်က စီးပွားရေးပြဿနာတွေ၊ ပဋိပက္ခတွေလောက် ဒီရောဂါကို အရေးမစိုက်တာကြောင့် ကလေးတွေကို ကာကွယ်ပေးဖို့ အလောတကြီး တောင်းဆိုလိုက်ပါတယ်။
ဝက်သက်ဟာ လေထဲကနေ အလွန်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးတွေမှာ အများဆုံး ကူးစက်တတ်ပါတယ်။
ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ရောဂါကာကွယ်နိုင်ကာ ၂၀၀၀ ခုနှစ်နောက်ပိုင်း အသက်ပေါင်းသန်း ၅၀ ကျော်ကို ကယ်ဆယ်ထားနိုင်ခဲ့ပါတယ်။
ယမန်နှစ်ကတော့ ရောဂါကူးစက်မှု ၇၉ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ WHO အချက်အလက်များအရ သိရပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ သေနှုန်းမြင့်မားပြီး အဆင့်မြင့်တဲ့နိုင်ငံတွေနဲ့ အလယ်အလတ် နိုင်ငံတွေမှာလည်း အန္တရာယ်များလာနိုင်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
အစ္စရေးလ်နိုင်ငံ ဘားအီလန်တက္ကသိုလ်မှ သုတေသီများက ဓာတ်ခွဲခန်းထုတ် ဝှေးစေ့များဖန်တီးကာ အမျိုးသားများ မျိုးမပွားနိုင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်နေပါတယ်။
ကြွက်ဝှေးစေ့မှ ထုတ်ယူထားတဲ့ ဆဲလ်များဖြင့် အင်္ဂါတုများ ဖန်တီးခဲ့တာဖြစ်ပြီး ကြွက်တွေရဲ့ သဘာဝဝှေးစေ့ လုပ်ဆောင်ချက် တည်ဆောက်ပုံတွေအတိုင်း ဆင်တူနေပါတယ်။
ဒေါက်တာ နစ်ဇန်ဂိုနင်ဦးဆောင်တဲ့ သုတေသီအဖွဲ့က မျိုးမပွားနိုင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန် လူသားပင်မစတမ်ဆဲလ်တွေကနေ လူသားဝှေးစေ့လိုမျိုး ရရှိအောင် ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
သုတ်ပိုးနည်းပါးခြင်း၊ ပုံစံမူမမှန်ခြင်းတို့ကြောင့် မြုံတာဖြစ်တယ်လို့ သိထားကြပေမယ့် ဘာအကြောင်းကြောင့်လဲ၊ ဘယ်လိုဗီဇပြောင်းလဲမှုကြောင့်လဲ၊ ဝှေးစေ့လုပ်ဆောင်ချက်တွေ ဘာတွေပြောင်းသွားလဲ ဆိုတာတွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခုတော့ ဖန်တီးထားတဲ့ အင်္ဂါတုတွေနဲ့ လေ့လာနိုင်တော့မယ်လို့ ဂိုနင်က ဆိုပါတယ်။
ဇီဝပညာရှင်တွေဟာ ပင်မစတမ်ဆဲလ်ကနေ ဦးနှောက်၊ ကျောက်ကပ်၊ အူတို့နဲ့ ဆင်တူတဲ့ သုံးဖက်မြင် အင်္ဂါတုတွေကိုလည်း ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။
ကြွက်ဝှေးစေ့တုတွေဟာ အချိန် ၉ ပတ်လောက်အထိ ကောင်းစွာလုပ်ဆောင်နိုင်ပြီး သုတ်ပိုးဖြစ်ပေါ်ရန် လုံလောက်တဲ့ အချိန်ပမာဏ ဖြစ်ပါတယ်။
ဝှေးစေ့တွေရဲ့ အဓိကလုပ်ဆောင်ချက် ၂ မျိုးက သုတ်ပိုးဆဲလ်များ ထုတ်လုပ်၊ သိုလှောင်၊ ရင့်မှည့်ခြင်းနဲ့ တက်စ်တိုစတီရုန်း ဟော်မုန်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါတယ်။
မွေးမြူရေးလုပ်ငန်းမှာလည်း ဒီနည်းပညာကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ တိရိစ္ဆာန် အထီးအမတွေကို ရရှိနိုင်ပြီး ထုတ်လုပ်ရေးပိုင်းမှာ တိုးတက်စေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
Source: New York Post
#World_Science
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 763 of 1930