#World_News
Published 03 August 2024


▪️ အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ်များနဲ့ ရေတပ်စစ်သင်္ဘောများ ထပ်မံစေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

▪️ အီရန်နဲ့ ဟားမတ်စ်၊ ဟက်ဇ်ဘိုလာတို့ရဲ့ ခြိမ်းခြောက်မှုများ မြင့်တက်လာတဲ့အတွက် အမေရိကန်က ကာကွယ်ရေးကို မြှင့်တင်လာတာ ဖြစ်ပါတယ်။

 

▪️ ဂါဇာပဋိပက္ခတွေကြား လွန်ခဲ့တဲ့ ၂ ရက်က ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ အသတ်ခံရပြီးနောက် အီရန်က လက်စားချေမယ်လို့ ကြုံးဝါးထားတာကြောင့် အမေရိကန်က ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

 

▪️ အရှေ့အလယ်ပိုင်းနဲ့ ဥရောပဘက်ကို ပစ်လာနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်မယ့် ရေတပ်စစ်သင်္ဘောများနဲ့ တိုက်လေယာဉ်များ ထပ်မံစေလွှတ်ဖို့ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ခွင့်ပြုလိုက်ပါတယ်။

 

▪️ အမေရိကန်တပ်များ ကာကွယ်ရေး မြှင့်တင်ရန်၊ အစ္စရေးလ်ကာကွယ်ရေး ထောက်ပံ့မှုမြှင့်တင်ရန်၊ ခြိမ်းခြောက်လာမှုတွေကို အချိန်မီတုန့်ပြန်ဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ရည်ရွယ်ပြီး အမေရိကန်စစ်ရေး ရပ်တည်ချက် ချိန်ညှိသွားဖို့ကို အော်စတင်က အမိန့်ပေးခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ အရှေ့အလယ်ပိုင်းက USS သီယိုဒေါရုစဗဲ့လ် လေယာဉ်တင်သင်္ဘောအဖွဲ့ကြီးကိုတော့ အစားထိုးဖွယ်မရှိဘဲ USS အေဘရာဟမ်လင်ကွန်းအဖွဲ့မှာပဲ လှည့်လည်အစားထိုးသွားရန် အော်စတင်က ဆုံးဖြတ်ခဲ့ပါတယ်။

 

▪️ ကုန်းပြင်ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးတွေ ပိုမိုဖြန့်ကျက်ပြင်ဆင်သွားမယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ဧပြီလတုန်းက အီရန်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့တို့က အစ္စရေးလ်ကို ဒရုန်းများဖြင့် တိုက်ခိုက်နေခဲ့ပြီး အမေရိကန်နဲ့ အခြားမဟာမိတ်များရဲ့ အကူအညီဖြင့် ဒရုန်းနဲ့ဒုံးကျည်ပေါင်း ၃၀၀ နီးပါးကို ပစ်ချနိုင်ခဲ့ပါတယ်။

 

▪️ ဟားမတ်စ်ခေါင်းဆောင် သေဆုံးခဲ့တဲ့အပေါ် အီရန်နဲ့ ဟားမတ်စ်တို့က အစ္စရေးလ်တို့ တိုက်ခိုက်တာကြောင့်လို့ စွပ်စွဲပြီး လက်စားချေရန် အခိုင်အမာ ဆုံးဖြတ်ထားပေမယ့် အစ္စရေးလ်တို့က ယင်းတို့တိုက်ခိုက်တယ်လို့ မထုတ်ပြန်ထားပါဘူး။

 

▪️ ထိုဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာတာ မဖြစ်စေချင်ဘူးလို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်းက ပြောခဲ့ပါတယ်။

 

#Source: Reuters