#World_Health
Published 03 August 2024


▪️ ကိုဗစ်-၁၉ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေကြား ပျံ့ပွားနေတယ်လို့ ဗာဂျီးနီးယားတက်ခ်မှ သုတေသီအဖွဲ့က ဆိုပါတယ်။

 

▪️ ဗာဂျီးနီးယားမှာ ခြံတွေနောက်ဖက်မှာမြင်တွေ့နေရတဲ့ မျိုးစိတ် ၂၃ ခုကို စစ်ဆေးခဲ့ကြရာ ၆ မျိုးထဲမှာ ဗိုင်းရပ်စ်တွေ့ခဲ့ပါတယ်။

 

▪️ ထိုထဲမှာ မြေကြွက်၊ သားပိုက်ကောင်ငယ်၊ ရက်ကွန်း၊ တွင်းတူးကြွက်၊ ယုန်၊ လင်းနို့နီတို့ ပါဝင်ပါတယ်။

 

▪️ ၅ မျိုးထဲမှာတော့ ယခင်က ကိုရိုနာဗိုင်းရပ်စ် ထိတွေ့ပြီး ပဋိဇီဝပစ္စည်း ထွက်ရှိထားတာကို တွေ့ရှိထားပါတယ်။

 

▪️ တောရိုင်းသတ္တဝါတွေကို မျိုးဗီဇစောင့်ကြည့်ရာမှာ ဗိုင်းရပ်စ်တွေ့ရှိပြီး လူတွေမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေနဲ့ အတော်လေးဆင်တူတယ်လို့ သိရပါတယ်။

 

▪️ ဗိုင်းရပ်စ်က လူသားတွေထံကနေ တိရိစ္ဆာန်တွေသို့ ကူးစက်လာတာကို လေ့လာဖော်ပြနေကြပါတယ်။

 

▪️ တောင်တက်လမ်းတွေနဲ့ လူနေထူထပ်ရာ နေရာတွေက သတ္တဝါတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ထိတွေ့မှုအများဆုံးဖြစ်တာကို ဖရာလင်ဇီဝဆေးဘက်ဆိုင်ရာ သုတေသနတက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။

 

▪️ တိရိစ္ဆာန်ကနေ လူသားတွေထံ ကူးစက်တာတော့ မတွေ့ရတာကြောင့် စိတ်ပူစရာမရှိဘူးလို့လည်း ပြောပါတယ်။

 

▪️ ဗိုင်းရပ်စ်ရဲ့ ရည်ရွယ်ချက်က အသက်ရှင်သန်ရန်အတွက် ပျံ့ပွားရတာဖြစ်ကြောင်း၊ လူသားတွေထံ ကူးစက်ချင်ပေမယ့် ကာကွယ်ဆေးတွေက ကာကွယ်နေတဲ့အတွက် တိရိစ္ဆာန်တွေထံ ကူးစက်ပြီး လက်ခံကောင်အသစ်တွေမှာ ဆင့်ကဲပြောင်းလဲလာရကြောင်း ဆိုပါတယ်။

 

▪️ ဗာဂျီးနီးယားမှာသာ လေ့လာခဲ့ပေမယ့် မြောက်အမေရိကအနှံ့မှာလည်း ပျံ့နှံ့နေနိုင်ပါတယ်။
ဒါကြောင့် အခြားနေရာတွေမှာ ပျံ့ပွားနေနိုင်တာကြောင့် စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း သုတေသီများ ဆိုပါတယ်။

 

#Source: WION