#Local_News
Published_ 29 April 2024
▪️ အလယ်တန်းအောင်၊ အထက်တန်းအောင်မြင်သူ များအတွက်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ပထမဦးဆုံးအကြိမ်အဖြစ်ကိုရီးယား ဘာသာစကားသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အသက်(၁၈)နှစ်နှင့်အသက် ၃၅ နှစ်အောက် အလယ်တန်း အောင်မြင်ထားသူ အမျိုးသားများနှင့်အထက်တန်းအောင်မြင်သူအမျိုးသမီးများ လျှောက်ထားတက်ရောက်နိုင်မည်ဖြစ်သည်။
▪️ သင်တန်းကို(၃၀.၄.၂၀၂၄) မှ (၉.၅.၂၀၂၄) ရက်အထိလျှောက်ထားနိုင်ပြီး(၁၁.၅.၂၀၂၄ ) ရက်နေ့တွင်သင်တန်းစတင် ဖွင့်လှစ်ကာ(၆)လတက် ရောက်ရမည်ဟုဆိုသည်။
▪️ သင်တန်းကာလ ၆ လ၊ သင်တန်းကြေး၃ သိန်းသတ်မှတ်ထားပြီးသင်တန်းအချိန် စနေ၊ တနင်္ဂနွေ ၂ ရက်နေ့လည် ၁ နာရီမှ ၄ နာရီ အထိတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတက်ရောက်ရန်စိတ်ဝင်စားသူများ နိုင်ငံခြားဘာသာတက္ကသိုလ်၊ သင်တန်းရေးရာဌာနသို့ ဆက်သွယ်ကာ လျှောက်လွှာပုံစံများထုတ်ယူပြီးလျှောက်ထားနိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 29 April 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၌ စတင်အသုံးပြုနေသည့် ချည်ထည်လုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများအား ဇီဝနည်းပညာဖြင့် သန့်စင်သည့် နည်းစနစ်တောင်းခံသူများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ သိရသည်။
▪️ အင်းလေး ဒေသရှိ အင်းပေါခုံကျေးရွာတွင်ချည်ထည်လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ဇီဝနည်းပညာဖြင့် သန့်စင်သည့် နည်းစနစ်ကိုစတင် အသုံးပြုလျက်ရှိခြင်းဖြစ်သည်။
▪️ အဆိုပါ ရေသန့်စင်စနစ်ကို ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များ သာမက ယင်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် လုပ်သားများပါ အလွယ်တကူနားလည်လွယ်ပြီး ကုန်ကျစရိတ်လည်း သက်သာ၍ ဓာတုပစ္စည်း အသုံးပြုခြင်းကိုလည်း လျှော့ချနိုင်ရာယင်း နည်းပညာကိုတောင်းခံသူတိုင်းအတွက်လည်း ဆက်လက်လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးရာတွင် မြေပြင်၌ တည်ဆောက်ခြင်း၊ ရေသန့်စင်ခြင်းလုပ်ငန်းများကို အခြေကျသည် အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းနစ်သည် စွန့်ပစ်ထားသည့် ရေဆိုးကန်များထဲမှ ရှာဖွေရရှိထားသည့် အနုဇီဝပိုး ၁၃ မျိုးကို အသုံးပြုပြီး ချေဖျက်သန့်စင်ခြင်း နည်းလမ်းဖြင့် လုပ်ဆောင်ထားသကဲ့သို့ ယခု နည်းပညာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ အင်းလေး ကန်တွင်းရှိ အင်းပေါခုံရွာမှ ဦးသန်းလှိုင်၏ ရက်ကန်းရုံ၌ စံနာမူနာပြ လက်တွေ့အကောင်အထည်ဖော်တည်ဆောက် သန့်စင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ စနစ်၏ အကျိုးကျေးဇူးအနေဖြင့် စွန့်ပစ်ရေများကို သဘာဝရေအရင်းအမြစ်များသို့ ပြန်လည် မစွန့်ပစ်မီ အဆိပ်ဓါတ်ပါဝင်မှုလျော့နည်းသွားစေရန် သန့်စင်ပေးသည့် အတွက် သဘာဝရေအရင်းအမြစ် ထိခိုက်မှုကို လျော့နည်းစေမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုနိုင်သည့် ရေအထိ သန့်စင်နိုင်ကာ ယင်းစနစ်၏ ရေသန့်စင်နိုင်သည့် ပမာဏသည် ညစ်ညမ်းမှု၏ ၇၀ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Lcoal_Nes
Published 29 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ် အလုံး ၃၀ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
▪️ ဧပြီ ၂၉ရက် မွန်းတည့်၁၂နာရီ ၄မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာ မြို့နယ်မီးသတ်တပ်ဖွဲ့ မှ Level 1အဆင့် ယာဉ်အုပ်စုဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် ၁၂နာရီ ၃၃မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများ အတွက် သောက်ရေသန့် အ၀တ်အထည်နှင့် အစားအသောက်များ လိုအပ်နေပြီး တတ်နိုင်သလောက် မိမိထံမှပိုသောပစ္စည်းလေးများ မျှဝေလှူဒါန်းပေးကြပါရန်ကုသိုလ်ရှင်များအား လင်းလက်လူမှုကူညီရေးအသင်း ရန်ကုန်မှ နှိုးဆော်ထားသည်။
#YMG/LW #Yangon_Times
၂၉ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အိမ်ခြံမြေကဏ္ဍမှာ မြန်မာဈေးကွက်ရဲ့ဝယ်အားဟာ ယမန်နှစ်နှင့်ယှဉ်လျှင် ၂၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ ဦးဆောင် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။
မြန်မာဈေးကွက်ဝယ်အားမြင့်တက်လာတာနှင့်အတူ တရုတ်ဈေးကွက်ကလည်း နိုင်ငံခြားအိမ်ခြံမြေ အရောင်းအဝယ်ကြီးတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်ကြီးစိုးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မနှစ်ကနှင့်ယှဉ်လျှင် အိမ်ခြံမြေကုန်သွယ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ ၁၁ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့သတင်းများမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှဦ မြန်မာတွေဝယ်ယူမှု သိသိသာသာမြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လို့ သူတို့ကပြောပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ မြို့ဆင်ခြေဖုံးက ကွန်ဒိုမီနီယမ်တွေကိုပိုသဘောကျကြ တယ်လို့ဆိုပါတယ်။ သူတို့ထက်ချမ်းသာတဲ့သူတွေကတော့ မြို့ပြတွေက ကွန်ဒိုတွေကိုပိုမိုဝယ်ယူလာကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ကွန်ဒိုအခန်းတွေဟာ တစ်ယူနစ်ကို ဘတ်သန်း၄၀မှ ၅၀ အကြားရှိနေပါတယ်။ အချို့တွေဆိုရင် လျှပ်စစ်ရထားဘူတာရုံတွေနှင့်နီးတဲ့ ပင့်တ်ဟောက်လိုအခန်းကြီးမျိုးတွေပါ ဝယ်ယူနေကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် တန်ဖိုးမြင့်ဈေးကွက် အိမ်ခြံမြေကုမ္ပဏီ အနန္တရဲ့အဆိုအရ
၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားဈေးကွက် အရောင်းဟာ ဘတ်ငွေ ၂ဘီလျံအထိရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီတန်ဖိုးဟာ ယမန်နှစ် နောက်ဆုံလေးလပတ်နှင့်ယှဉ်ရင် ၁၄ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဝယ်ယူသူ အများစုကတော့ တရုတ်တွေဖြစ်ကြပါတယ်။
မြန်မာဈေးကွက်ဟာ တရုတ်နှင့်ယှဉ်ရင်သေးငယ်ပေမယ့် နောက်ထပ်မြင့်တက်လာဖို့ အလားအလာ အလွန်ကောင်းနေ တယ်လို့ အနန္တရဲ့ စီအီးအို ပရာဆတ်ကပြောပါတယ်။
တိုးတက်မှုတစ်ခုအနေနှင့် မြန်မာရင်းနှီးမြှပ်နှံသူတွေဟာ အခန်းတွေငှားရမ်းဖို့အတွက် အိမ်ခြံမြေမှာ ဘတ်ငွေ သန်း၁၀၀ စတင်၍စုပေါင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါဟာ အရင်တုန်းကမြန်မာတွေဟာ ကိုယ်တိုင်နေထိုင်ဖို့အတွက်သာ ဝယ်ယူနေရာကနေ သိသာထင်ရှားစွာ လမ်းကြောင်းပြောင်းလဲလာတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။
@ymg/knl
#Local_News
Published 29 April 2024
▪️ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
▪️ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူကို ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် သံဃာတော် (၁၀၈)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါနေ့ နံနက် ၅ နာရီခွဲတွင် ထီးတော်ရုံတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နံနက် ၆ နာရီ ၁၅ မိနစ်တွင် နောင်တော်ကြီးစေတီ အထက်ပစ္စယံထောင့်လေးထောင့်၌ ဗုဒ္ဓါ ဘိသေက အနေကဇာတင်ပွဲကျင်းပမည်ဖြစ်သည်။
▪️ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ကောင်းမှုအစုစုတို့ကို ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပကာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 29 April 2024
▪️ မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းကို ပင်လယ် ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် အဓိကထား ကုန်သွယ်လျက်ရှိတယ်လို့ ပို့ဆောင်/ဆက်သွယ်ရေး ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
▪️ ဧပြီ ၂၈ ရက်က သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ကျင်းပခဲ့တဲ့ သီလဝါဆိပ်ကမ်း ဥပစာလမ်းလေးလမ်းသွားလမ်းသစ်ဖွင့်ပွဲအခမ်းအနားမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က ပြောကြားခဲ့တာပါ။
▪️ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုအရ နိုင်ငံတကာကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်းဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် လေးလမ်းသွားလမ်းသစ်ကြီးကို သတ်မှတ်ကာလအချိန်တိုအတွင်း တိုးချဲ့ဖောက်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်ငံတကာကုန်သွယ်မှုပမာဏ တိုးတက်များပြား လာသည်နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာ၌ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်း လုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆိပ်ကမ်း ဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်လာတာ ဖြစ်ပါတယ်။
▪️ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီတင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲ လာမှုကြောင့် ယခင်နှစ်လမ်းသွားလမ်းမှာ မကြာခဏ ပိတ်ဆို့မှုများဖြစ်လာတာ ဖြစ်ပါတယ်။
▪️ ဖွင့်လှစ်သည့် လေးလမ်းသွားလမ်းသစ်သည် ငါးမိုင်နှစ်ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ် ၂၈ ဒသမ ၃၅၀ ဘီလီယံ ခန့် ကုန်ကျခဲ့ကြောင်း သိရပါတယ်။
▪️ သီလဝါဆိပ်ကမ်းဧရိယာအတွင်းယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင် ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက်အချိန်ကုန်သက်သာပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn #Yangon_Media_Group
၂၉ ဧပြီ ၂၀၂၄
ဝန်ကြီးအဖွဲ့သစ်စာရင်းမှာ ဒုတိယဝန်ကြီးချုပ်ရာထူးကို သူဆုံးရှုံးသွားတာကို မြင်တွေ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနုကာရာနေရာတွင် အစားထိုးမည့် နိုင်ငံခြားရေး ဝန်ကြီးအသစ်ကိုရွေးချယ်ပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းက တနင်္လာနေ့ ဧပြီ၂၉ ရက်က ပြောပါတယ်။
အဲဒီသူဘယ်သူလည်းဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်မပြေပါဘူး။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ ဖွေထိုင်းပါတီအတွက် နိုင်ငံခြားရေးမူဝါဒကို ကန့်လာကာနောက်ကွယ်က လုပ်ပေးနေသူတစ်ဦးဖြစ်တယ် လို့ပဲ ဝန်ကြီးချုပ်ကပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအသစ်အမည်ကို ထိုင်းဘုရင်မင်းမြတ်ဆီမှ အတည်ပြုချက်ရယူဖို့ မတင်သွင်းခင်မှာ သူ့ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဖွေထိုင်းပါတီဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ပန်ပရီဟာ သူ့ရဲ့နှုတ်ထွက်စာကို တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဆီတင်သွင်းခဲ့တာဖြစ်ပါတယ်။
မစ္စတာပန်ပရီကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ပဲပေးတာဟာ သူ့ရဲ့ဒုတိယဝန်ကြီး ဂျက်ကရာပွန် ဆန်ဆာမီ ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်တဲ့အတွက် သူ့ကို နိုင်ငံခြားရေးတာဝန်ကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်စေချင်လို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာက ခုခံပြောဆိုပါတယ်။
မစ္စတာပန်ပရီနှုတ်ထွက်မယ်လို့ သူထင်မထားကြောင်းနှင့် အပြောင်းအလဲလုပ်လိုက်တာဟာ သူ့ကို မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောကြားလိုက် ပါတယ်။
@bkkpost
@ymg/knl
#Local_News
Published 29 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဧပြီ ၂၈ ရက်ညနေ၃နာရီ၁၀မိနစ်ခန့်က အဆိုပါ ရေကန်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေဆင်းကူးကျရာမှ ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ေ-သဆုံးခဲ့သည့် အမျိုးသား မှာ ၁၄နှစ်ဝန်းကျင်ရှိပြီး အမျိုးသမီးမှာ ၁၈နှစ်ဝန်းကျင်ရှိကြောင်း အနီးနားနေသူများ၏ ပြောကြားချက်အရသိရသည်။
▪️ အဆိုပါရေနစ်မှုဖြစ်ပွားသည့် နေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄နာရီ ၂၇မိနစ်တွင် အမျိုးသား (သေဆုံး )ကို ဆယ်ယူနိုင်ခဲ့ပြီး ၄နာရီ ၄၁မိနစ် တွင်အမျိုးသမီး(သေဆုံး ) ကို ဆယ်ယူခဲ့ကာ မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်း၊ ရွာသာကြီးလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#World_News
Published 29 April 2024
▪️ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ ယခုစနေတနင်္ဂနွေနေ့များအထိ အားလျော့သွားခြင်းမရှိဘဲ နိုင်ငံအနှံ့ရှိ ကျောင်းဝင်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံသူတွေ ပိုများလာပါတယ်။
▪️ ဒါ့အပြင် တဲထိုးစခန်းအခြေချထားတဲ့ လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယား တက္ကသိုလ်(UCLA)မှာ အစ္စရေးလ် ထောက်ခံသူများနဲ့ ပါလက်စ်တိုင်း ထောက်ခံသူများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။
▪️ UCLA မှာ ပါလက်စ်တိုင်းလိုလားသူများရဲ့ စခန်းချအနေအထား ပိုမိုကျယ်ပြန့်လာရာ ကျောင်းဝင်းအတွင်းမှာပဲ ဆန့်ကျင်ဘက် ဆန္ဒပြသူများလည်း ပေါ်ထွက်လာခဲ့ပေမယ့် တနင်္ဂနွေနေ့ မတိုင်ခင်အထိ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
▪️ ထိုအဖွဲ့နှစ်ဖက်ကို ပိုင်းခြားတဲ့အနေနဲ့ ကျောင်းကနေ ပြုလုပ်ပေးထားတဲ့ အတားအဆီးကို ဆန္ဒပြသူအချို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးမှာတော့ အခြေအနေ ပြောင်းလဲသွားတယ်လို့ UCLA ဒုအကြီးအကဲ မယ်ရီအိုဆာကိုက ပြောပြခဲ့ပါတယ်။
▪️ နှစ်ဖက်စလုံးမှ လူတွေဟာ အော်ဟစ်ပြောဆိုနေကြပြီး ထိုးကြိတ်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။
▪️ ဆန္ဒပြသူအချို့ အချိန်အနည်းငယ် ကြာတဲ့အထိ တွန်းထိုးနေကြတဲ့အတွက် လုံခြုံရေးတုတ်တံကိုင်ဆောင်ထားတဲ့ ကျောင်းဝင်းထိန်းရဲများ ဝင်ရောက်ကာ လူစုခွဲခဲ့ရပါတယ်။
▪️ UCLA ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နေရာအဖြစ် သမိုင်းကြောင်းရှိခဲ့တာကြောင့် အကြမ်းဖက်မှု ဖြစ်ပွားတဲ့အတွက် ဝမ်းနည်းကြေကွဲမိကြောင်း အိုဆာကိုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
▪️ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်မှာ ဆန္ဒပြမှုများ ရပ်တန့်သွားပြီး ပါလက်စ်တိုင်းထောက်ခံဆန္ဒပြသူများဟာ စခန်းသို့ ပြန်သွားခဲ့ပါတယ်။
▪️ ယခုဖြစ်ရပ်မှာ လော့စ်အိန်ဂျလိစ်ရဲများ ပါဝင်ခဲ့ခြင်းမရှိသလို ဖမ်းဆီးမှုများလည်း မရှိခဲ့ဘူးလို့ ကျောင်းဝင်းရဲကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။
▪️ UCLA ကျောင်းဝင်းအတွင်း ဆန္ဒပြမှုတွေမှာ တက္ကသိုလ်ပြင်ပမှလူအချို့ ပါဝင်နေတယ်လို့လည်း တက္ကသိုလ်က အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အမေရိကန်မှာ ပါလက်စ်တိုင်းလိုလားသော ဆန္ဒပြမှုများ ကောလိပ်များသို့ပါ ပျံ့နှံ့လာခဲ့ပါတယ်။
▪️ ဆန္ဒပြသူတွေဟာ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးလ်ကို အမေရိကန်မှ စစ်ရေးထောက်ပံ့ကူညီနေတာတွေ အဆုံးသတ်ရေးတို့ကို အလိုရှိနေတာ ဖြစ်ပါတယ်။
▪️ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားမှုရှိပါကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်ထင်မြင်ယူဆချက်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ကြောင်း ပြောကြားထားပါတယ်။









#Source: Reuters
#World_Science
Published 29 April 2024
▪️ အမျိုးသမီးလူနာတွေဟာ အမျိုးသမီးဆရာဝန်နဲ့ ပြသတဲ့အခါ အသက်ဆုံးပါးမှုနှုန်း၊ ဆေးရုံပြန်တက်ကုသရမှုနှုန်း နည်းပါးတယ်လို့ မကြာသေးမီက လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
▪️ ဆေးကုသမှုပိုင်းမှာ ကျားမကွဲပြားမှုက သက်ရောက်မှုရှိနေတယ်ဆိုတာကို ထူးဆန်းတယ်လို့ မြင်နိုင်ပေမယ့် သေချာစဥ်းစားကြည့်ရင်တော့ နားလည်နိုင်ပါတယ်။
▪️ ဆေးတက္ကသိုလ်တက်ချိန်မှာ အမျိုးသမီး ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သေချာမသင်ခဲ့ရတာက အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
▪️ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေကို လေ့လာခဲ့ရာမှာ အမျိုးသမီးဆရာဝန်တွေ ကုသပေးတဲ့ အမျိုးသမီးလူနာတွေထဲက ၈.၁၅ ရာခိုင်နှုန်းဟာ ရက် ၃၀ အတွင်း ဆုံးပါးခဲ့ပြီး အမျိုးသားဆရာဝန်တွေ ကုသပေးတဲ့ အမျိုးသမီးလူနာတွေထဲကတော့ ၈.၃၈ ရာခိုင်နှုန်း ဆုံးပါးခဲ့ပါတယ်။
▪️ ကွာခြားမှုက အလွန်နည်းပါးတယ် ထင်ရပေမယ့် နှစ်စဥ် အမျိုးသမီး ၅၀၀၀ ရဲ့ အသက်တွေနဲ့ သက်ဆိုင်နေပါတယ်။
▪️ အမျိုးသားနဲ့ အမျိုးသမီးလူနာပေါင်း ၈ သိန်းကို လေ့လာခဲ့ရာ အမျိုးသားတွေရဲ့ အသက်သေဆုံးနိုင်ခြေနဲ့ ဆေးရုံပြန်ပြရနိုင်ခြေအပေါ်မှာ အမျိုးသားဆရာဝန် အမျိုးသမီးဆရာဝန် ကွဲပြားမှုက သက်ရောက်မှုမရှိဘဲ အမျိုးသမီးလူနာတွေမှာသာ ကွာခြားမှု တွေ့ရပါတယ်။
▪️ အမျိုးသမီးလူနာတွေက အမျိုးသမီးဆရာဝန်တွေနဲ့ ပြတဲ့အခါ နားလည်မှုလွဲတာမျိုး အဖြစ်နည်းတယ်လို့ တိုကျိုဆေးတက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ အက်ဆုရှီမီယာဝါကီက ပြောပြပါတယ်။
▪️ ယောက်ျားဆရာဝန်တွေနဲ့ ပြတဲ့အခါ ရောဂါလက္ခဏာတွေ လွဲမှားတာမျိုး ရှိတတ်ကာ အမျိုးသမီးဆရာဝန်တွေက ပိုမိုစာနာနားလည်တတ်တယ်လို့ ဒေါက်တာ မီဂန်ရန်နေက ဆိုပါတယ်။
▪️ ဒီလိုသာဆိုရင် အမျိုးသမီးဆရာဝန်တွေ ပိုမိုပေါ်ထွက်ဖို့ စနစ်ပြုလုပ်သွားရမယ်လို့ သိပ္ပံနှင့်ဆေးဘက်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ ရော်နယ်ဝီယက်က ပြောပြသွားပါတယ်။
#Source: WION
#Lcoal_News
Published 29 April 2024
▪️ ကချင်ပြည်နယ်၊ကာမိုင်းမြို့အနီးဗဟိုပြု၍အင်အား ရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိမြေငလျင်လှုပ်ခတ် သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၁၅) မိနစ်၊ (၄၀) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှအနောက်- အနောက် မြောက်ဘက် (၄၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂) ဒီဂရီ၊ အနက် (၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_Health
Published 29 April 2024
▪️ လူသားတွေမှာ ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကို နိုင်ငံတကာ ကျန်းမာရေးအဖွဲ့က အလွန်စိုးရိမ်မိတယ်လို့ ဖော်ပြလာပြီး နို့အစိမ်းထဲမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့တယ်လို့ သောကြာနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
▪️ H5N1 လို့ခေါ်တဲ့ ငှက်တုပ်ကွေးဟာ ကူးစက်သူတွေမှာ အသက်သေဆုံးမှုနှုန်း အလွန်မြင့်တယ်လို့ WHO သိပ္ပံပညာရှင် အကြီးအကဲ ဒေါက်တာ ဂျယ်ရမီဖာရာက ဆိုပါတယ်။
▪️ အမေရိကန်မှာ ရှားရှားပါးပါး ငှက်တုပ်ကွေးဖြစ်ပွားသူ ၂ ဦးသာရှိထားရာ နှစ်ဦးစလုံးက မွေးမြူရေးတိရိစ္ဆာန်တွေနဲ့ နီးစပ်စွာ အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။
▪️ လူလူချင်းကူးစက်တဲ့ ကိစ္စမျိုးတော့ မရှိသေးပါဘူး။
▪️ ဗိုင်းရပ်စ်က လူတွေကို ကူးစက်လောက်တဲ့အထိ ဆင့်ကဲပြောင်းလဲလာကာ လူသားချင်း ကူးစက်သည်အထိ ပြောင်းလဲလာနိုင်တယ်လို့ ဖာရာက သတိပေးထားပါတယ်။
▪️ ဗိုင်းရပ်စ်က နို့အစိမ်းမှာ တွေ့ရပေမယ့် ပိုးသတ်သန့်စင်ထားတဲ့ နို့ဗူးတွေမှာတော့ ဘေးကင်းတယ်လို့ WHO က ဆိုပါတယ်။
▪️ ဗိုင်းရပ်စ်က နို့ထဲမှာ အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်လဲဆိုတာကို သုတေသီတွေ လေ့လာနေဆဲ ဖြစ်ပါတယ်။
▪️ ၂၀၂၂ ဇန်နဝါရီလကတည်းက ပြည်နယ် ၄၈ ခုမှာ ငှက်ပေါင်းသန်း ၉၀ ကျော်မှာ ဗိုင်းရပ်စ်ကူးစက်ထားပြီး ကျွဲနွားတွေကိုပါ ကူးစက်လာကာ လက်ရှိမှာ ငှက်တုပ်ကွေးကျွဲနွား ကူးစက်မှုက ပြည်နယ် ၈ ခုမှာ ဖြစ်ပွားနေပါတယ်။
▪️ ဗိုင်းရပ်စ်က နည်းလမ်းအမျိုးမျိုးဖြင့် ဆင့်ကဲပြောင်းလဲနေတာကြောင့် အနီးကပ်စောင့်ကြည့်ဖို့ WHO က တိုက်တွန်းလိုက်ပါတယ်။
▪️ ဒီလိုငှက်တုပ်ကွေးရောဂါမျိုးက ကိုဗစ်ကပ်ရောဂါထက် အဆ ၁၀၀ လောက် ပိုမိုဆိုးရွားနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။
▪️ ဗိုင်းရပ်စ်က လူသားတွေမှာ ဆင့်ကဲပြောင်းလဲကူးစက်တဲ့အခါ အသက်ဆုံးပါးမှုနှုန်း လျော့ကျသွားရန်သာ မျှော်လင့်ရမယ်လို့ ကာကွယ်ဆေး ဆေးဝါးကဏ္ဍ အကြံပေးပုဂ္ဂိုလ် ဂျွန်ဖူလ်တန်က ပြောပြပါတယ်။
▪️ ၂၀၀၃ မှ ၂၀၁၉ အတွင်း ကမ္ဘာတဝှမ်းမှာ ငှက်တုပ်ကွေးဖြစ်ပွားသူ ၈၆၁ ဦးရှိခဲ့ပြီး ၄၅၅ ဦးသေဆုံးခဲ့သဖြင့် အသက်ဆုံးပါးနိုင်ခြေက ၅၃ ရာခိုင်နှုန်းရှိကြောင်း ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ CDC က ဆိုပါတယ်။
▪️ ကပ်ရောဂါသာ ဖြစ်ပွားမယ်ဆိုရင် လူသားတွေအတွက် ကာကွယ်ဆေး အနည်းငယ်သာ လက်ရှိပိုင်ဆိုင်ထားပါတယ်။
#Source: New York Post
Page 758 of 2005