#World_Science
Published 11 June 2024
▪️ နားမကြားဝေဒနာဖြင့် မွေးဖွားလာတဲ့ ကလေး ၅ ယောက်ဟာ အံ့အားသင့်ဖွယ် မျိုးဗီဇကုသနည်းတစ်မျိုး ခံယူပြီးနောက် အကြားအာရုံ ပြန်ရလာခဲ့ပါတယ်။
▪️ ရှန်ဟိုင်းမြို့ ဖူဒန်မျက်စိနားနှာခေါင်းလည်ချောင်း ဆေးရုံနဲ့ ဘော့စ်တွန်မှ မက်စ်မျက်စိနှင့်နားဆေးရုံတို့မှ ဦးဆောင်တဲ့ စမ်းသပ်ချက်ဟာ ကလေးတွေရဲ့ နားနှစ်ဖက်စလုံးကို မျိုးဗီဇကုသမှု ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စမ်းသပ်ချက် ဖြစ်လာပါတယ်။
▪️ အသက် ၁ နှစ်မှ ၁၁ နှစ်အရွယ်ကြားရှိ ကလေးတွေဟာ ပြန်ကြားနိုင်ရုံမက ဆူညံတဲ့ ပတ်ဝန်းကျင်မှာပင် အသံတွေ စတင်ထွက်ပေါ်တဲ့ နေရာကိုပါ သိရှိနိုင်ခဲ့ပါတယ်။
▪️ ၂၀၂၂ ဒီဇင်ဘာလတုန်းက စမ်းသပ်ရာမှာ နားတစ်ဖက်တည်းကိုသာ ကုသနိုင်ခဲ့ကာ ယခုအခါတော့ နှစ်ဖက်စလုံး ကုသနိုင်ပြီ ဖြစ်ပါတယ်။
▪️ စမ်းသပ်ခဲ့တဲ့ ကလေးအားလုံးက DFNB9 လို့ခေါ်တဲ့ မျိုးရိုးလိုက် နားမကြားဝေဒနာ ခံစားနေရတာဖြစ်ပြီး OTOF မျိုးဗီဇနေရာမှာ ဗီဇပြောင်းလဲတာကြောင့် ဖြစ်ပါတယ်။
▪️ ထိုမျိုးဗီဇနေရာဟာ အသံပို့ဆောင်အချက်ပြဖို့ လိုအပ်တဲ့ အော့တိုဖာလင် ပရိုတိန်းတွေ မထုတ်လုပ်နိုင်တဲ့အချိန်မှာ နားမကြားဝေဒနာ ဖြစ်ပေါ်လာပါတယ်။
▪️ ဆရာဝန်တွေက ကလေးတွေရဲ့ နားထဲကို လူသား OTOF မျိုးဗီဇများ ဆေးထိုးထည့်ခဲ့ကြပြီး ဆေးရုံမှာ ၁၀ ရက်စောင့်ကြည့်ခဲ့ပါတယ်။
▪️ ၄ ပတ်အကြာမှာ စမ်းသပ်နည်းတွေဖြင့် အကြားအာရုံရရှိလာကြောင်း တွေ့ရှိခဲ့ကြကာ တဖြည်းဖြည်းဖြင့် စကားပါ ပြောလာနိုင်ပါတယ်။
▪️ ဖျားနာခြင်း၊ အော့အန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာ တွေ့ရှိရပါတယ်။
▪️ ထိုကုသနည်းက တစ်ကြိမ်သာကုသရန်လိုပြီး နောက်ထပ်ပြုလုပ်ရန် မလိုအပ်ပါဘူး။
▪️ ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းသူ သန်း ၄၃၀ ခန့်ရှိပြီး ကလေးတွေက ၃၄ သန်းပါဝင်နေတယ်လို့ WHO က ဆိုပါတယ်။
▪️ ထိုထဲကမှ ၅၀ ရာခိုင်နှုန်းကျော်လောက်က မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။
▪️ အကြားအာရုံချို့ယွင်းရတဲ့ အခြားအကြောင်းအရင်းတွေလည်း ရှိနေတာကြောင့် မျိုးဗီဇကုသနည်းတစ်မျိုးတည်းက ဝေဒနာအမျိုးအစား အားလုံးနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။
▪️ အကြားအာရုံ ပြန်ရတယ်ဆိုတာဟာ သာမန်လူတွေလို လုံးဝကြားနိုင်တာ မဟုတ်ဘူးဆိုတာတော့ သတိပြုရပါမယ်။
▪️ ဒါ့အပြင် ကုသနည်းက လူနာတိုင်းမှာလည်း အောင်မြင်ချင်မှ အောင်မြင်နိုင်မှာပါလို့ မီချီဂန်မှ အကြားအာရုံအထူးကု ဒေါက်တာ အေမီဆယ်ရိုးက ပြောပြသွားပါတယ်။
▪️ ကုသမှုခံယူပြီးတဲ့ လူနာတွေဟာ အချိန်ကြာလာတာနဲ့အမျှ အကြားအာရုံ တိုးတက်လာမှာ ဖြစ်ပါတယ်။
▪️ ထိုမျိုးဗီဇကုသနည်းကို အမေရိကန်မှာ FDA အသိအမှတ်ပြုခွင့်ရဖို့ စီစဥ်နေကြပါပြီ။
#Source: New York Post
၁၀ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် ရန်ကုန်UG အဖွဲ့ဝင် (၉) ဦးတို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ဇွန်လ ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကျင်းပရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
ရန်ကုန်UGအဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင်(၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း(၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁ဝ၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက် ၊သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင်ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်း ကောင်း၊ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်အရ Brigate Drone Force PDFအဖွဲ့ဝင် အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ပြီး အာကာမင်းမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါ တယ်။၊
သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲကိုပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖြူနှင်း အေး(ခ)မီးအိမ်ရှင် မှ စိန်ကြီး(ခ)အောင်ထွေး အား ဆက်သွယ်၍ ၁၀၇ မမရှော့တိုက် ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့်စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင် တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ)ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ ဖြူနှင်းအေး(ခ) မီးအိမ်ရှင်မှာ လွတ်မြောက် နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာ အနီး တစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအားဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl




တရုတ်စွမ်းအင်သစ် ကားကုမ္ပဏီကြီး BYD မှ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် နှစ်ထပ်ဘတ်စ်ကားကို ဗြိတိန်ရှိ လန်ဒန်ဘတ်စ်ပြတိုက်မှာ ပြသလိုက်ပါတယ်။
#World_Industry
Published 10 June 2024
#တရုတ်လျှပ်စစ်ကားကုမ္ပဏီ #နှစ်ထပ်ဘတ်စ်ကားအသစ် #လန်ဒန်ပြတိုက်တွင်ပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_10 June 2024
၁။ 'အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ'တွင် မြန်မာမှရွှေ(၂)ဆု၊ ငွေ(၁)ဆု၊ ကြေး(၄)ဆုတို့ဆွတ်ခူး
၂။ အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲဈေးဆက်မာနိုင်
၃။ ထိုင်းနိုင်ငံမှ ဝယ်လိုအားရှိနေသဖြင့် ရှမ်းပြည်ထွက် ခရမ်းချဉ်သီးများဈေးထပ်မြင့်တက်လာ
၄။ တရုတ်လျှပ်စစ်ကားကုမ္ပဏီBYD၏နှစ်ထပ်ဘတ်စ်ကားအသစ် လန်ဒန်ဘတ်စ်ကားပြတိုက်တွင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် ရာသီဥတု အပူချိန်လျော့ကျလာတာကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို ဆင်းစခန်းဖွင့်ချိန် ၉နာရီ မှ ညနေ ၅နာရီ ခွဲအထိ တိုးမြှင့်ထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေ ထံက သိရပါတယ်။
#Local_News
Published_10 June 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးချိန်တိုးမြှင့်ထား
#YMG/LW #Yangon_Times
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပြည်နယ်နဲ့ တိုင်း(၉)ခုမှ စာစစ်ဌာန(၁၅၅)ခုရဲ့ တက္ကသိုလ်ဝင် အောင်စာရင်းတွေကို မြန်မာအသံရေဒီယိုမှထုတ်လွှင့်ပေးမယ်။ အထက်ပိုင်းဒေသတွေကိုလှိုင်းတို ၅၀.၇၁ မီတာ၊ ၅၉၁၅ကီလိုဟက်ဇ် အောက်ပိုင်းဒေသတွေအတွက် ၄၁၁.၅၂မီတာ၊ ၇၂၉ကီလိုဟက်ဇ်မှ ထုတ်လွှင့်ပေးမယ်။
#Local_News
Published_10 June 2024
#တက္ကသိုလ်ဝင်အောင်စာရင်း #ရေဒီယိုမှ ထုတ်လွှင့်
#tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို တာချီလိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တင်သွင်းနေရတဲ့အတွက်ခရမ်းချဉ်သီးဈေး ယခင်ထက် အနည်းငယ်မြင့်တက်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်
#Local_News
Published_10 June 2024
#ခရမ်းချဉ်သီး #ထိုင်းမှဝယ်ယူမှုများနေ
#YMG/LW #Yangon_Times
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ ဈေးကွက်အလားအလာကောင်းပြီး ဈေးဆက်မာနိုင်တယ်လို ပဲဈေးကွက်ထဲ ကသိရပါတယ်။
#Local_News
Published_10 June 2024
#အိန္ဒိယဝယ်လိုအားမြင့် #မြန်မာ့မတ်ပဲဈေးဆက်မာနိုင်
#YMG NN #Yangon_Times
'အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ' မှာ မြန်မာနိုင်ငံမှ ကျောင်းသားအားကစားအဖွဲ့က ဗိုဗီနမ်အားကစားဖြင့် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ် (၄)ဆုစုစုပေါင်း(၇)ဆုတို့ ဆွတ်ခူးခဲ့တယ်။
#Local_News
Published_10 June 2024
#'အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ' #မြန်မာမှရွှေ(၂)ဆု
#tthl #Yangon_Times
#Local_News
Published 10 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်တွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းထံက သိရသည်။
▪️ ဇွန်လ ၁၀ရက် မွန်းတည့် ၁၂နာရီ ၅၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
▪️ ထိုသို့မီးငြိမ်းသတ်သောကြောင့် နေ့လည် ၁နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယာဉ်မောင်းမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါကားမီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ကျအသင်းဝင်များက လူနာတင်ယာဥ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး လက်တွင် အနည်းငယ်ပွန်းပဲ့ရှနာဒဏ်ရာရရှိသည့် ယာဉ်မောင်းအမျိုးသားအား ဆေးထည့်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_10 June 2024
▪️ ယခုအပတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို စားအုန်းဆီတစ်ပိဿ ၅၃၆၅ ကျပ်ဖြင့်ရောင်းချရန်သတ်မှတ်ထားပြီး ဈေးမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းများဆောင်ရွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် အပတ်က စားအုန်းဆီတစ်ပိဿ ၅၃၄၅ကျပ်သတ်မှတ်ခဲ့ပြီး ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် ဇွန် ၁၀ ရက်မှ ဇွန် ၁၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၆၅ ကျပ်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး
▪️ စားအုန်းဆီအဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊
▪️ ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
▪️ တိုင်းနှင့်ပြည်နယ်အသီးသီးရှိစားအုန်းဆီဖြန့်ဖြူးသူများအနေဖြင့် အပါတ်စဉ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့် ဖြစ်ထိုက်သည့်သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်(၂)ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းကြရန်နှင့် ဈေးမကစားကြရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီကုန်သည်များအသင်းမှ အသိပေးချက်ထုတ်ပြန်ထားသည်။
#tthl #Yangon_Times
#Local_News
Published_10 June 2024
▪️ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ရလဒ်ကောင်းများရရှိကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)မှအသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်(၂)ခုဖြစ်သည့် ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအတွက် ကြီးကြပ်ရေးအာဏာပိုင်များ လုံလောက်စွာခန့်အပ်ခြင်းနှင့် ဘဏ်များအား ကြီးကြပ်စစ်ဆေးခြင်း၊
▪️ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် လူအများအပြားသေကြေစေသည့်လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(PFTFS)အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား သင်တန်းပေးခြင်း၊
▪️ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် PFTFS အတွက် သတင်းပို့ အဖွဲ့အစည်းများအား အသိပညာပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းနှင့်
▪️ ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းစသည့် စုစုပေါင်းလက်ငင်းရလဒ် (၅)ခုသည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်ဟုဆိုသည်။
▪️ ထို့အပြင် APG သို့ တစ်နှစ်လျှင်တစ်ကြိမ် တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ၌ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများ ထည့်သွင်းဖော်ပြပြီး အဆင့်သတ်မှတ်ချက်များ တိုးမြှင့်တောင်းခံခဲ့ရာ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ (၂၀၂၃)အား အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG) ၏ အကဲဖြတ်ချက်အရ အကြံပြုချက် (၂၅)ချက်အား စံနှုန်းသတ်မှတ်ချက်ကောင်းမွန်သည့် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၂၀၂၄ ခုနှစ်အတွင်း အကြံပြုချက်(၂)ချက်အပေါ် စံနှုန်းသတ်မှတ်ချက် တိုးတက်ကောင်းမွန်ကြောင်း အဆင့်တိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။
▪️ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)၏ အကြံပြုချက်များအတိုင်း စဉ်ဆက်မပြတ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
▪️ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများအား ပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG)ထံသို့ လေးလတစ်ကြိမ်ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊
▪️ သို့ပါ၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်အပ်ကြောင်းလည်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ ဖော်ပြပါရှိကြောင်း သိရသည်။
#tthl #Yangon_Times
Page 753 of 2058