#Daily_News
Published_ 12 August 2023
၁။ တစ်လလျှင် မီးနီဖြတ်မောင်းသည့် YBSယာဉ်(၄၀၀)စီးခန့်ရှိနေ စည်းကမ်းပျက် YBSယာဉ်မောင်း(၁၀၀)ဦးကို အထူးခေါ်ယူသတိပေး
၂။ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေသော မြန်မာကလေးငယ်များ ပညာသင်ယူရန် လျှောက်ထားနိုင်ဟု သံရုံးထုတ်ပြန်
၃။ ယနေ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွင် မိုးကြီးနိုင်ပြီး၊ ရာနှုန်းပြည့် မိုးရွာနိုင်တယ်လို့ မိုးဇလသတိပေး
၄။ ကမ္ဘာ့ပထမဆုံး မော်ဂျူလာဓာတ်ပေါင်းဖိုလင်လောင်ဝမ်းအား တရုတ်ပြည်ဟိုင်နန်တွင် တပ်ဆင်ပြီးစီး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Health_Matters
Published_ 12 August 2023
- အင်္ဂလန်မှာ ကိုဗစ်ပြန်ရောက်နေတယ်ဆိုတာဟုတ်သလားဆရာ...??
#Health_Matters #ဗီဇပြောင်းကိုဗစ် #အင်္ဂလန်
#Dr.KML #YMG #Yangon_Media_Group
ကားတိုက်ခံရပြီး စွန့်ပစ်ခံရသည့် အမျိုးသမီးငယ် သားအိမ်ကင်ဆာဖြစ်နေ
‘‘ကားတိုက်ခံရတဲ့ ဒဏ်ရာဟာပြင်းထန်မှုမရှိဘဲ ဘယ်ပေါင်နဲ့ခါးနာတာပဲရှိပေမယ့် စိတ်ဝေဒနာရှင် အမျိုးသမီးငယ်လေးဟာ သားအိမ်ကင်ဆာရောဂါကိုပြင်းထန်စွာခံစားနေရပါတယ်’’ ပုလဲအရန်မီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
Continental Futsal Championship 2023 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းက ချက်အသင်းကို ရှုံးနိမ့်
ချက်အသင်းအနေနဲ့ ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး၊ ဒုတိယပိုင်းမှတော့သုံးဂိုး သွင်းယူခဲ့တာဘဲဖြစ်
Yangon_Times/my
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
မြန်မာပင်လယ်ပြင်မှာ လှိုင်းအသင့် အတင့်ရှိနိုင်ပြီး လှိင်းအမြင့် ၆ ပေကနေ ၈ ပေအထိ ရှိနိုင်
ရန်ကုန်နဲ့ မန္တလေးတို့မှာ ယနေ့ညနေပိုင်းအချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာကာ ရွာရန်ရာနှုန်းပြည့်ဖြစ်
Yangon_Times/my
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေသော မြန်မာကလေးငယ်များ ပညာသင်ယူရန် လျှောက်ထားနိုင်ဟု သံရုံးထုတ်ပြန်
ကလေးငယ်တွေ အခြေခံပညာသူငယ်တန်းကနေ ဒဿမတန်းအထိ ပညာသင်ကြားဖို့ လျှောက်ထားနိုင်
Yangon_Times/my
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း(၁၀၀)ကို ခေါ်ယူသတိပေး
‘ မီးနီဖြတ်မောင်းတဲ့ YBSယာဉ်မောင်းတွေ၊ မဆင်မခြင်မောင်းတဲ့ YBSယာဉ်မောင်းတွေ၊YBSယာဉ် အချင်းချင်းကျော်တက်လုယက်မောင်းနှင်ပြီး စည်းကမ်းဖောက်ဖျက်တဲ့YBSယာဉ်မောင်းစုစုပေါင်း(၁၀၀)ဦးကို YRTCမှအထူးခေါ်ယူတွေ့ဆုံ ဆွေးနွေးကာ အသိပညာပေးရတာဖြစ်တယ်’ဦးချစ်ကိုကို၊YRTCဒုဥက္ကဌ
Yangon_Times/tthl
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
Published_ 12 August 2023
ဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကလေးငယ်တွေအနေဖြင့် အခြေခံပညာသင်ယူလိုပါက လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ကျောင်းဝင်ခွင့်လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်များကို လျှောက်လွှာသုံးစုံဖြင့်အချက်အလက်များပြည့်စုံစွာ ဖြည့်စွက်၍ ဩဂုတ်(၂၃)ရက်နောက်ဆုံးထားပြီး လန်ဒန်မြို့ရှိမြန်မာသံရုံးကိုလာရောက်လျှောက်ထား နိုင်မည်ဖြစ်သည်။
အဆိုပါကလေးငယ်များအတွက် အခြေခံပညာ(သူငယ်တန်းမှ ဒဿမတန်း)အထိ ပညာသင်ကြားရန်လျှောက် ထားနိုင်ပြီး ကျောင်းဝင်ခွင့်အတွက် ၆လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့ပုံ(၃)ပုံ၊ မိဘနှစ်ပါး(သို့မဟုတ်) အုပ်ထိန်းသူနှင့် ကလေး၏သက်တမ်းရှိပတ်စ်ပို့မိတ္တူနဲ့ ဗြိတိန်မှာနေထိုင်ခွင့်ဗီဇာများထည့်သွင်းလျှောက်ထား ရမည်ဖြစ်သည်။
KGတန်းအပ်မည့်ကလေးငယ်များအတွက် မွေးစာရင်းမူရင်းနှင့် မိတ္တူတင်ပြရမှာဖြစ်ပြီးမေလကုန်ပိုင်းတွင် အသက်(၅)နှစ်ပြည့်သူဖြစ်ရန်လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
အခြားအတန်းများကို အပ်နှံမည့်သူတွေနေဖြင့်၂၀၂၃-၂၀၂၄ ခုနှစ် မတိုင်မီအထိ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်း၏ အောင်လက်မှတ် (သို့မဟုတ်) ကျောင်းထွက်လက်မှတ်မူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ပထမနှစ်ဝက်နှင့် နှစ်ဆုံးစစ်ဆေးသည့်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာစာမေးပွဲအောင်စာရင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published_ 12 August 2023
မန္လေးတိုင်း၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာကန်ရေကျော်တောင်ကန်ဘက်အခြမ်း ဒေသအခေါ် ဦးသိန်းစိန်ဘုရားအနီးတွင် ယနေ့ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက အသက်(၆၀)အရွယ်ခန့်ရှိ အဖိုးအိုတစ်ဦးရေနစ်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
ကနဦးတွင် ရေနစ်သေဆုံးသူအဖိုးအိုအား မည်သည့်အရပ်မှဖြစ်သည်ကိုမသိရှိရသေးခြင်းကြောင့် မိတ္ထီလာပြည်သူဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရကြောင်း ဆို သည်။
ယင်းနောက် ဒေသလူမှုကူညီရေးအဖွဲ့၏ ချိတ်ဆက် စုံစမ်းမှုကြောင့် မိသားစုနှင့် အဆက်အသွယ်ရရှိကာ သေဆုံးသူအဖိုးအိုမှာ ဦးထွန်းအောင်ဆိုသူဖြစ်ပြီး၊ အောင်ဇေယျာရပ်ကွက် အဝေးပြေးကားဝန်းအသစ်တွင် ညစောင့်အလုပ် လုပ် ကိုင်သူဖြစ်ကြောင်း သိရသည်။
"လူတစ်ယောက် ရေနစ်သေနေတာတွေ့လို့အကြောင်းကြားလာတာကြောင့် ကန်မှာသွားဆယ်ခဲ့တာပါ။
ရဲကတော့လောလောဆယ် သေမှုသေခင်းနဲ့ဘဲ အမှုဖွင့်ထားတယ်နေမှာပါ။ အလောင်းကို မိတ္ထီလာပြည်သူဆေးရုံကြီး ရင်ခွဲရုံမှာ ပို့ဆောင်ထားပါတယ်။"ဟု ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက Yangon Times ကိုပြောသည်။
ပြီးခဲ့သော ဩဂုတ် (၈) ရက် ညနေပိုင်းကလည်း မိတ္ထီလာမြောက်ကန်အတွင်း စီးပွားရေးတက္ကသိုလ် မှ ပထမနှစ်ကျောင်းသား(၄)ဦး ရေဆင်းကူးရာမှ တစ်ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ Kyaw Ko ko
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 12 August 2023
ကိုရီးယားတွင် ATM စက်က ငွေလိမ်ထုတ်နေသူ မြန်မာနိုင်ငံသားအမျိုးသား ၁ဦး ဖမ်းဆီးခံရကြောင်း ကိုးရီးယားရောက် မြန်မာနိုင်ငံသားများအား ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သြဂုတ်လ ၁၁ရက်က သိရသည်။
ဖြစ်စဉ်မှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ၊ယောင်းဒွန်ဖိုမြို့နယ်ရှိ ငွေထုတ်စက်တစ်ခုတွင် ငွေထုတ်နေသည့် အသက် ၂၂ နှစ် မြန်မာနိုင်ငံသားအား ယောင်ဒွန်ဖို ရဲစခန်း ရဲဝန်ထမ်းများက သင်္ကာမကင်း၍ စစ်ဆေးကြည့်ရာ တခြား အမည်ပေါက် ဘဏ်ကတ် ၁၃ ကတ်၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ငွေသား သိန်း ၁၅၀ ကို လက်ဝယ် ဖမ်းမိခဲ့မှု သြဂုတ်လ ၈ရက် ညနေ ၆နာရီ ၅၀မိနစ်က ဖြစ်ခဲ့ကြောင်းသိရသည်။
"ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ယောင်းဒွန်ဖို ရဲစခန်း ရဲဝန်ထမ်းထံ နိုင်ငံခြားသား ၁ဦး သင်္ကာမကင်းကြောင်း တိုင်ကြားတဲ့ ဖုန်းဝင်လာတော့ရဲဝန်ထမ်းတွေက တိုင်ကြားတဲ့ နေရာကို အမြန်သွားရောက်ပြီး စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံသား ဖြစ်နေပါတယ်"ဟု ကိုးရီးယားသတင်းများအရသိရကြောင်း ကိုဇော်မိုးအောင်ကဆိုသည်။
ရဲဝန်ထမ်းများက အဆိုပါ မြန်မာနိုင်ငံသားအား လျှပ်စစ် (အီလက်ထရွန်နစ်) ငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ချိုးဖောက် မှုနှင့် ဖမ်းဆီး၍ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားသည် လက်ရှိ မြန်မာနိုင်ငံနှင့်ဆက်သွယ်၍ တစ်လလျှင် လစာငွေ ၂၃ သိန်းဖြင့်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံအတွင်း တခြားသူများထံမှ မသမာမှုနဲ့ ငွေကြေးများကို ရယူ၍ ထုတ်ယူ လုပ်ဆောင်နေသူဖြစ်ကြောင်း ဘဏ်အကောင့်များနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးကြည့်ရာ မသမာမှုနဲ့ ငွေဝင်ထားမှုကိုပါ တွေ့ရှိရကြောင်းကို ရဲဝန်ထမ်းရဲ့ စစ်ဆေးချက်အရသိရကြောင်းလည်းဆိုသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
+++++++++++++++++++++++++
Published_ 12 August 2023
အီတလီအစိုးရက ရှေးဟောင်းရောမနေရာမှာ ပွဲကြီးတစ်ခုကျင်းပရန် သဘောတူကြောင်း ပြောကြားခဲ့ပြီးနောက် နည်းပညာလောကရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ 'အီလွန်မက်စ်'နဲ့ 'မာ့ခ်ဇူကာဘာ့ဂ်'တို့ကြား ပြိုင်ဆိုင်မှုကြီး မြင့်တက်လာဖွယ် ရှိနေပါတယ်။
ဘီလျံနာပြိုင်ဘက်တွေ ပါဝင်တဲ့ ပွဲကြီးတစ်ခုကို သမိုင်းဝင်နေရာတစ်ခုမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ အီတလီယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားသွားပါတယ်။
ယခင်ကျင်းပခဲ့တဲ့ Colosseum မှာ ပြုလုပ်မှာမဟုတ်ဘဲ အီတလီရှိ အခြားတစ်နေရာမှာ ကျင်းပမှာဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Telegraph ကို ပြောကြားခဲ့ပါတယ်။
မစ္စတာမက်စ်က ယခင်တွစ်တာလို့ခေါ်တဲ့ သူ့ရဲ့ပလက်ဖောင်း X မှာ ရေးသားထားရာ ယဉ်ကျေးမှုဝန်ကြီးအပြင် အီတလီဝန်ကြီးချုပ် 'ဂျော်ဂျီယာမယ်လိုနီ'နဲ့ တွေ့ဆုံခဲ့ကာ ကောင်းမွန်လှတဲ့ နေရာတစ်ခုအတွက် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
အီတလီနိုင်ငံရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို လေးစားလိုက်နာကြောင်း ရေးသားထားပါတယ်။
ဒီပွဲက နည်းပညာပြိုင်ဘက်ကြီးနှစ်ယောက်ကြား ပြိုင်ဆိုင်မှုကြီး ဖြစ်လာမလားဆိုတာ သေချာမသိရသေးပါဘူး။
ယဉ်ကျေးမှုဝန်ကြီး 'ဂန်နာရိုဆန်ဂူလီယာနို'က မစ္စတာမက်စ်နဲ့ အချိန်ကြာမြင့်စွာ ပြောဆိုခဲ့ရာ ရောမရှေးဟောင်းသမိုင်းဝင်အတွက် တူညီတဲ့စိတ်အားထက်သန်မှုတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
သမိုင်းဝင်သဘာဝအကြောင်း ပရဟိတပွဲကြီးတစ်ခု စီစဉ်မယ့်အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အီတလီရှိ ကလေးသူငယ်ရောဂါများ တိုက်ဖျက်ရန်နဲ့ ကလေးဆေးရုံများအတွက် ယူရိုငွေသန်းချီ လှူဒါန်းမယ့်အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဆိုရှယ်မီဒီယာအသစ် Threads မှာ မစ္စတာ'ဇူကာဘာ့ဂ်'က ထိုပွဲကို ဩဂုတ် ၂၆ ရက်နေ့မှာ ကျင်းပဖို့ အဆိုပြုထားကြောင်း ဖော်ပြထားပါတယ်။
မစ္စတာမက်စ်က တစ်နေကုန် လေ့ကျင့်နေတယ်လို့ X မှာ ရေးသားထားကာ မစ္စတာဇူကာဘာ့ဂ်ကတော့ အသင့်ဖြစ်နေပြီလို့ ရေးသားထားပါတယ်။
ဇွန်လက မစ္စတာမက်စ်ဟာ ယှဉ်ပြိုင်မှုအတွက် အသင့်ပဲလို့ တွစ်တာမှာ ဖော်ပြရာကနေ စကားလုံးတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
ဒီနောက် မစ္စတာဇူကာဘာ့ဂ်က ထိုတွစ်တာစခရင်ရှော့ပုံနဲ့အတူ တည်နေရာပို့လိုက်ပါလို့ ပြန်လည်ဖော်ပြခဲ့ပါတယ်။
Colosseum လိုရှေးဟောင်းနေရာမှာ သူတို့အတွက်ရန်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အီတလီအရာရှိများက ငြင်းဆိုလိုက်ပါတယ်။
ခိုက်ရန်ဖြစ်ပွားနေမယ့်အစား ထိုနှဏ်ယောက်ကို သမိုင်းဝင်ဒဏ္ဍာရီအကြောင်းတွေ မေးမြန်းဖြေဆိုကာ ပြိုင်ဆိုင်ဖို့ စဉ်းစားသင့်ကြောင်း အကြံပြုသွားပါတယ်။
Source: Telegraph
#World_News
#အီလွန်မက်စ် #မာ့ခ်ဇူကာဘာ့ဂ် #အီတလီယဉ်ကျေးမှုဝန်ကြီးဌာန
#YMG #Yangon_Times
Published_ 12 August 2023
လူတစ်ယောက်ဟာ ကျန်းမာသန်စွမ်းနေစေရန် တစ်နေ့ကို ခြေလှမ်း ၅ ထောင်အောက် လျှောက်လှမ်းဖို့ လိုအပ်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝှမ်းမှ လူပေါင်း ၂၂၆,၀၀၀ ကျော်ကို ဆန်းစစ်ရာမှာ အရွယ်မတိုင်ခင် စောစီးစွာသေဆုံးနိုင်ချေကို စတင်လျှော့ချရန် ခြေလှမ်း ၄ ထောင်ဆိုရင် လုံလောက်ပြီဖြစ်ကြောင်း ပိုလန်မှ လော့ဒ်ဇ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်နဲ့ ဂျွန်စ်ဟော့ပ်ကင်းစ်ဆေးတက္ကသိုလ်မှ လေ့လာခဲ့ကြပါတယ်။
နှလုံးနဲ့ သွေးကြောများ ကျန်းမာရေးအတွက်တော့ ခြေလှမ်း ၂,၃၀၀ ကျော် လျှောက်လှမ်းရန် လိုအပ်ပါတယ်။
ခြေလှမ်းများများ ပိုလျှောက်လေ ကျန်းမာရေးအကျိုးကျေးဇူး ပိုများလေဖြစ်တယ်လို့ သုတေသီများဆိုပါတယ်။
ခြေလှမ်း ၄ ထောင်ထက်ပိုများတိုင်းမှာ စောစီးစွာသေဆုံးနိုင်ချေ ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
နှလုံးသွေးကြောရောဂါအတွက် အဆင့်မြင့်ဆေးဝါး ကုသနည်းလမ်းများ ထွက်ပေါ်လာပေမယ့် အစားအသောက် လေ့ကျင့်ခန်းစတဲ့ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲခြင်းဖြင့်လည်း ရောဂါဖြစ်နိုင်ချေကို ထိရောက်စွာလျှော့ချနိုင်ကာ သက်ရှည်ကျန်းမာစေမှာ ဖြစ်တယ်လို့ လော့ဒ်ဇ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပရော်ဖက်ဆာ'မာစီယက်ဘာနက်ချ်'က ပြောပြခဲ့ပါတယ်။
အဆိုပါရောဂါပြဿနာတွေက အထိုင်များလွန်းခြင်းကနေ စတင်တာဖြစ်ကြောင်း လေ့ကျင့်ခန်းကုမ္ပဏီဘယ်ရီမှ နည်းပြ'ဟန်နီဖိုင်း'က ဆိုပါတယ်။
အထိုင်များလွန်းခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်ကို နှောင့်နှေးစေကာ ကြွက်သားကြံ့ခိုင်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး နာကျင်ကိုက်ခဲစေနိုင်ပါတယ်။
လေ့ကျင့်ခန်းမဟုတ်ပေမယ့် စွမ်းအင်နဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့ လှုပ်ရှားမှုတွေရဲ့ အရေးကြီးပုံတွေကိုလည်း ရှင်းပြပါတယ်။
မတ်တပ်ရပ်ခြင်း၊ ဈေးဝယ်ပစ္စည်းသယ်ယူခြင်း၊ ကြမ်းတိုက်ခြင်းစတဲ့ အလုပ်တွေဟာလည်း တက်ကြွမှုကိုပေးပြီး ကယ်လိုရီတွေကို ပိုမိုထိရောက်စွာ လောင်ကျွမ်းစေတယ်လို့ ပြောပြခဲ့ပါတယ်။
Source: WION.
#World_Health
#YMG #Yangon_Times
Page 753 of 1639