Published_06 May 2024
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ ဒိုင်ကော်မတီ ဒိုင်ဌာနတို ပူးပေါင်း ဖွင့်လှစ်မည့် MFF Basic Referee Course 2/2024 ကို ယခုလနောက်ဆုံးပတ်ဖြစ်သည့် မေ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ MFF Basic Referee Course 2/2024သင်တန်းတွင် (ကျား၊မ) (၃၀) ဦးသာ လက်ခံသွားမည်ဖြစ်ကာ သင်တန်းကာလ ၇ ရက်ကြာ ပို့ချသွားမည် ဖြစ်သည်။
သင်တန်းတက်လိုသူများသည် အသက် (၁၈)နှစ်ထက်မငယ်ရ၊ (၃၀)နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်မျက်မှန် မတပ်ဆင်သူ၊ ကျန်းမာကြံ့ခိုင်၍ ပြေးလွှားလှုပ်ရှားနိုင်သူနှင့် သင်တန်းကာလပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်နိုင်သူစသည့်အရည်အချင်းသတ်မှတ်ချက်များ ဖြင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အချက်အလက်များနှင့် ကိုက်ညီသူများ အနေဖြင့် မေလ ၆ ရက် (ယနေ့)မှ စတင်၍ မေလ ၂၀ရက် ရက်နေ့ ရုံးချိန်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဒိုင်ကော်မတီ ဒိုင်ဌာန (ဖုန်း - ၀၉ ၄၀၂၃၀၂၆၄၀) သို ဆက်သွယ်စုံစမ်း လျှောက်လွှာတင်သွင်းနိုင် ကြောင်း ၊သင်တန်းလျှောက်လွှာ များကို
https://www.mediafire.com/file/jeucqayx9mhrrt4/MFF+Basic+Referee+Course+2-2024
တွင် Download ရယူနိုင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အတွင်း ပစ္စည်းအချို့ပြတ်လပ်တာကြောင့် လုပ်ငန်းသုံးပစ္စည်းတွေ ၁၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ် ။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
စျေးတဟုံထိုး ထိုးတက်ခဲ့တဲ့ ဒဂုံမြို့သစ်လေးမြို့နယ်က အိမ်ခြံမြေ စျေးကွက်ဟာ လက်ရှိမှာတော့ ဝယ်လိုအားနည်းလာတဲ့ အတွက် ဈေးအနည်းငယ်ကျဆင်းလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံကသိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အင်းလေးဒေသကို လာလည်မယ့်ခရီးသွားတွေ အနေနဲ့ အခုနွေအကုန်ရော လာမယ့်မိုးရာသီမှာပါ နေပြင်းတာနဲ့ မိုးလေကင်းလွတ်အောင် မနက်အစောကြီးပိုင်းတွေမှာ လာလည်စေချင်တယ်။
#Yangon_Times/tthl
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၆ မေ ၂၀၂၄
မြန်မာနိုင်ငံရှိ Arakan Army (AA) လက်နက်ကိုင်အဖွဲ့၏ အတင်းအဓမ္မ စစ်မှုထမ်းဆင့်ခေါ်မှုကြောင့် အမျိုးသမီးများအပါ အဝင် မြန်မာဒုက္ခသည် ၄၇ ဦးဟာ ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ Lawngtlai ဒေသသို့ ထွက်ပြေးဝင်ရောက်လာ ကြတယ် လို့ အိန္ဒိယ ထောက်လှမ်းရေးအရင်းအမြစ်က တနင်္ဂနွေနေ့ မေလ ၅ ရက်နေ့ကပြောကြားတဲ့အကြောင်း အိန္ဒိယ တိုင်းမ် သတင်းစာကရေးသားပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ AA စစ်သွေးကြွအုပ်စုက အတင်းအဓမ္မ လူသစ်စုဆောင်းမှု တွေလုပ်နေတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တွေဟာ ပလက်ဝကနေ ထွက်ပြေးလာကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာရှိပေမယ့် ရခိုင်ပြည်နယ်မှာ အခြေပြုတဲ့ AA စစ်သွေးကြွတွေဟာ အဲဒီနေရာမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေရှိနေတယ်လို့ သတင်းကဆိုပါတယ်။
ဆိုရှယ်မီဒီယာက သတင်းဆိုက်တစ်ခုဖြစ်တဲ့ တာဟန်ပို့စ်ရဲ့အဆိုအရ AA ကေဒါတွေက ပလက်ဝမှာ လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်ဖို့ ဧပြီ ၁၉ ရက်က ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ သူတို့ရဲ့ အတင်းအဓမ္မ ဆင့်ခေါ်တာကို ငြင်းဆန်ကြတဲ့ လူငယ်တွေဟာ အဲဒီဒေသကနေ မီဇိုရမ်ထဲ ထွက်ပြေးလာကြတာဖြစ်ပါတယ်။
မီဇိုရမ် Lawngtlai ခရိုင်ရဲ့ အရင်းအမြစ်တွေကိုကိုးကးပြီးသတင်းကဖော်ပြရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ် ၄၀ ဦးခန့်ဟာ ဧပြီ ၃၀ရက်မွန်းလွဲပိုင်းက Hruitezawl ရွာကိုရောက်ရှိလာကြပြီး မေ၁ရက်နေ့မှာတော့ နောက်ထပ် အမျိုးသမီးငယ် ၇ ဦးထပ်ရောက်လာတယ်လို့သိရပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ သူတို့ကိုလက်ခံထားသလား၊ ငြင်းပယ်ထားသလားဆိုတာကို အတည်ပြုပေးခြင်းတော့မရှိသေးပါဘူး။
ဧပြီ ၂၉ ရက်အထိ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ခု မှာ မြန်မာဒုက္ခသည် ၃၄၂၈၂ ဦးကို လက်ခံထားတယ်လို့ ပြည်နယ် ပြည်ထဲရေးဌာနက ပြောပါတယ်။
သူတို့ရဲ့မှတ်တမ်းများအရ အဲဒီထဲက ဒုက္ခသည် ၁၈၃၄၄ ဦးဟာ ဒုက္ခသည်စခန်းအပြင်မှာ ဆွေမျိုးတွေ ဒါမှမဟုတ် မိတ်ဆွေတွေနှင့်အတူ အိမ်ငှားနေထိုင်ကြတယ်လို့လည်းသိရပါတယ်။
@ymg/knl
Published 6 May 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
မေလ၆ရက်မနက်၃နာရီ၃၅မိနစ်က စ တင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့များအနေဖြင့် ၇နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
""မနက် ၃နာရီခွဲ ကတည်းက လောင်တာ ၁၁နာရီ အထိ မီးထိန်း ပဲ ထိန်းနိုင်သေးတယ် မငြှိမ်းသေးလို့ မီးကျွင်း မီးကျန်တွေ ဆက်ငြှိမ်းနေရတယ်""ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ မီးလောင် မှု ကြောင့် အမှိုက် ပုံ နားရှိ နေအိမ် အချို့လဲ မီးလောင်သွားခဲ့ကြောင်း သိရသည်။
အမှိုက်ပုံ မီးလောင်မှု ကို အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ က ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Photo-Than Htay- FB
#Local_News/LW
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times




Published_ 06 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မှ သိရသည်။
ဖြစ်စဉ် မေလ ၆ ရက်နေ့၊ မနက်၁၀ နာရီ ၄၈ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၈ မိနစ်အချိန် ၌မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
6 May 2024
ဆော်ဒီအာရေဗျနိုင်ငံ၊ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည့် မြန်မာအမျိုးသမီး မခင်မျိုးမျိုးဦးကိုမြန်မာသံရုံးမှကူညီပြီး မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံမှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်ဟုဆိုသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရမှု နှင့်စပ်လျဉ်း၍ မခင်မျိုးမျိုးဦးက “ကျွန်မက ဒလမြို့နယ်ကပါ။ မြန်မာအေးဂျင့်နဲ့ ဆက်သွယ်ပြီး ဒူဘိုင်းကို ရောက်သွားတယ်။ ဒူဘိုင်းမှာ ရက် ၂၀ လောက်နေပြီး ဆော်ဒီအာရေဗျမှာ အလုပ်ရှိတယ်ဆိုပြီး ရောက်သွားတာပါ။ အလုပ်ရှင်ရဲ့ အိမ်မှာ တစ်နေ့ ကို ၅ နာရီနီးပါးပဲ အိပ်ပြီး အလုပ်လုပ်ရတယ်။ အခက်အခဲဆုံးအခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဓာတ်လိုက်ပြီးလဲကျသွားတယ်။ လက်ကိုကွေးလို့မရတော့ဘူး၊ မြန်မာသံရုံးက ကုသပေးလို့ ကောင်းသွားတာပါ။ လုပ်ခလစာတော့ပေးတယ်။ အခက်အခဲကြုံရချိန်မှာ မြန်မာသံရုံးမှာ မြန်မာတစ်ဦးတော့ ရှိမှာပဲဆိုပြီး အားကိုးတဲ့စိတ်နဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သံမှူးကြီးက ထွက်ခေါ်တော့ အတိုင်းမသိဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံးကို သံရုံးက မိဘသဖွယ်ကူညီတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိပါဘူး” ဟု ကြုံခဲ့ရမှုတို့ကို ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာ၌ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
Published 06 May 2024
အစ္စရေးလ်အစိုးရက မြို့တော်ဂျေရုဆလမ်မှာရှိတဲ့ ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီရာ တီဗီရုပ်သံဌာန လုပ်ငန်းလည်ပတ်မှုများကို ရုပ်သိမ်းရန် တနင်္ဂနွေနေ့က ဆုံးဖြတ်ခဲ့ပြီးနောက် အစ္စရေးလ်အာဏာပိုင်များဟာ အယ်လ်ဂျာဇီရာရုံးဌာနအဖြစ် အသုံးပြုနေတဲ့ ဂျေရုဆလမ်ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးလ်အရာရှိတစ်ဦးနဲ့ အယ်လ်ဂျာဇီရာ သတင်းရင်းမြစ်တစ်ဦးတို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အရာရှိတွေက ဟိုတယ်အခန်းထဲက ကင်မရာပစ္စည်းတွေကို ဖြုတ်ပစ်နေကြပါတယ်။
အယ်လ်ဂျာဇီရာ ရုပ်သံဌာနဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ဂါဇာစစ်ပွဲ ဆက်လက်ဆင်နွှဲနေသ၍ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူရဲ့ ဝန်ကြီးများအဖွဲ့က အဆိုပါရုပ်သံဌာနကို ပိတ်သိမ်းထားမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဝင်ရောက်စီးနင်းတာဟာ ရာဇဝတ်လုပ်ရပ်တစ်ခုဖြစ်ပြီး အစ္စရေးလ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲတာဟာ လိမ်ညာမှုတစ်ခုသာဖြစ်ကာ သတင်းထောက်တွေ ဘေးအန္တရာယ် ရှိစေတယ်လို့ အယ်လ်ဂျာဇီရာက ပြောကြားလိုက်ကာ တရားရေးဆုံးဖြတ်ချက် အဆင့်ဆင့် ခံယူခွင့်ရှိတယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ် ဆက်သွယ်ရေးဝန်ကြီးများက ချက်ချင်းရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို လက်မှတ်ထိုးခဲ့ပေမယ့် အယ်လ်ဂျာဇီရာအနေနဲ့ တရားရုံးမှာ ခုခံပိုင်ခွင့်ရှိနေသေးတယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပြပါတယ်။
ရုပ်သံဌာနကို ရုပ်သိမ်းရာမှာ အစ္စရေးလ်ရှိ အယ်လ်ဂျာဇီရာရုံးများကို ပိတ်သိမ်းခြင်း၊ ရုပ်သံလွှင့် ပစ္စည်းကိရိယာများ သိမ်းယူခြင်း၊ ကေဘယ်နဲ့ ဂြိုဟ်တုကုမ္ပဏီများထံမှ သတင်းချန်နယ်အား ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်များ ပိတ်ပင်ခြင်းများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာကို ဖျက်သိမ်းဖို့ စနစ်ကျကျ တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ အဆိုပါရုပ်သံဌာနက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာမှ သတင်းထောက်များကို ပစ်မှတ်ထားကာ ဂါဇာပဋိပက္ခအတွင်း ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တယ်လို့ ဆိုလိုက်ကာ ဒါကိုအစ္စရေးလ်ဘက်မှ ငြင်းဆိုထားပါတယ်။
ကာတာက ၁၉၉၆ ခုနှစ်မှာ အယ်လ်ဂျာဇီရာကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကလည်း ရုပ်သံဌာန ရုပ်သိမ်းရခြင်းကို ဝေဖန်လိုက်ပါတယ်။
ဟားမတ်စ်နိုင်ငံရေး ခေါင်းဆောင်အများအပြား ရှိနေတဲ့ ကာတာနိုင်ငံဟာ ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေးတို့မှာ ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေပါတယ်။
Source: Reuters.
#World_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times

၆ မေ ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ရှိ ကလင်းကမ်းခြေမှာ ရေမကူးရလို့ အန္တရာယ်သတိပေးထားတဲ့ နေရာမှာ ရေဆင်းကူးမိတဲ့ မြန်မာ လူငယ်တစ်ဦး မေလ ၅ ရက် တနင်္ဂနွေနေ့က ရေနစ်သေဆုံးသွားခဲ့ရပါတယ်။
အသက် ၂၀ အရွယ်ရှိ မြန်မာလူငယ် နေမျိုးဇော်ဟာ ရေမကူးရ အနီရောင်အလံစိုက်ထားတဲ့ ကမ်းခြေနေရာမှာ သူ့သူငယ်ချင်းတွေနှင့်အတူ ရေကူးခဲ့ရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
မေလ ၅ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၂၃ မိနစ်မှာ ဒေသအာဏာပိုင်တွေထံ အဆိုပါကိစ္စ အကြောင်းကြားချက် လက်ခံရရှိခဲ့ပါတယ်။
နေမျိုးဇော်ဟာ သူငယ်ချင်း (၃)ဦးနှင့်အတူ ကမ်းခြေကို အပန်းဖြေဖို့ရည်ရွယ်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ဂစ်တာတွေတီးပြီး အရက်သေစာသောက်စားခဲ့ကြပါတယ်။ ဒါပေမယ့် နေမျိုးဇော်နှင့် နောက်သူငယ်ချင်းတစ်ယောက်တို့ဟာ အန္တရာယ်အနီရောင်သတိပေးချက်ကို လျစ်လျူရှုပြီး ရေဆင်းကူးဖို့ ဆုံးဖြတ်ပြီးနောက် သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာနေ့ကလေးဟာ ကြေကွဲစရာအဖြစ်ပြောင်းလဲသွားရပါတော့တယ်။
သူတို့နှစ်ဦးဟာ ရေထဲဆင်းလိုက်တာနှင့် ရေစီးက သူတို့ကိုဆွဲဆုတ်လိုက်ပြီး ပင်လယ်ထဲ ဆွဲချသွားတာကို သိလိုက်ကြရပါတယ်။ ပါတောင်သက်စောင့်အဖွဲ့တွေဟာ သိသိချင်းကယ်တင်ဖို့ကြိုးစားကြပါတယ်။ စပိဘုတ်ခ်ကိုမောင်းပြီး ရေနစ်နေသူတွေထံကယ်ဖို့ကြိုးစားကြပါတယ်။ တစ်ပြိုင်နက်တည်းလိုပဲ ကူဆိုဟမ်ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သားတွေကလည်း အတူဝိုင်းပြီးကယ်ဆယ်ရေးမှာ ကူညီကြပါတယ်။
သူတို့ကြိုးစားပြီးကယ်ခဲ့ပေမယ့် ရေနစ်နေသူနှစ်ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့ နေမျိုးဇော်ကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ နေမျိုးဇော်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူတို့ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သတင်းများကရေးပါတယ်။
@ymg/knl

Published 06 May 2024
အဆီပါသောငါးတွေဟာ လိုအပ်တဲ့ ဖက်တီးအအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပါတယ်။
ထိုငါးတွေရဲ့အဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်ပြီး ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာ၊ ထရောက်ငါးတို့မှာ ပါဝင်ပါတယ်။
ထိုကဲ့သို့ငါးတွေ စားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..
(၁) နှလုံးကျန်းမာရေး
မကောင်းတဲ့ ထရိုင်ဂလစ်ဆရိုက်တွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး နှလုံးသွေးကြော လုပ်ဆောင်ချက်များကို တိုးတက်စေပါတယ်။
(၂) ဦးနှောက်လုပ်ဆောင်ချက်
အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ကာ မှတ်ဉာဏ်ပိုင်း၊ အာရုံစူးစိုက်မှုအပိုင်းတို့ကို မြှင့်တင်ပေးပါတယ်။
(၃) မျက်လုံးကျန်းမာရေး
အသက်အရွယ်ကြောင့် မျက်စိအားနည်းလာခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးကာ အမြင်အာရုံကို အကောင်းမွန်ဆုံး ထောက်ပံ့ပေးပါတယ်။
(၄) အဆစ်အမြစ်ကျန်းမာရေး
အဆစ်အမြစ်များ နာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို သက်သာစေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
(၅) အရေပြားကျန်းမာရေး
အရေပြားအကာအကွယ် လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးကာ ရေဓာတ်ထိန်းသိမ်းပေးပြီး အရေပြားပြဿနာများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) စိတ်အခြေအနေတိုးတက်စေခြင်း
စိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးကာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို လျော့ကျစေပါတယ်။
(၇) ကင်ဆာဖြစ်နိုင်ခြေနည်းပါးခြင်း
အချို့သောကင်ဆာတွေ ဖြစ်နိုင်ခြေနည်းစေပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိကြောင့် ကင်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့ခြင်းကို တားဆီးပေးပါတယ်။
(၈) သွေးပေါင်ချိန်ကျစေခြင်း
သွေးပေါင်ချိန် လျော့နည်းစေတာကြောင့် သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။
(၉) ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း
ရောဂါခုခံအားဆဲလ်များရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးကာ ရောဂါကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
(၁၀) သက်ရှည်ကျန်းမာစေခြင်း
နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်တို့ ကောင်းမွန်စေတာကြောင့် အနာရောဂါများမှ ကင်းဝေးကာ အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ လျော့နည်းစေပါတယ်။
Source: DoctorNDTV.
#World_Health
#Yangon_Media_Group #YMG #Yangon_Times
Page 749 of 2005