Published 09 March 2024
ဖလော်ရီဒါမှ ဆရာဝန်တစ်ဦးက ခါးနဲ့ဗိုက်အဆီကျစေမယ့် အသင့်လျော်ဆုံး အစာစားချိန်များကို ဖော်ပြသွားပါတယ်။
တစ်နေ့တာကို နံနက် ၆ နာရီမှာစတင်ပြီး ည ၁၀ နာရီမှာ အဆုံးသတ်ခြင်းဖြင့် ခန္ဓာကိုယ် နေ့ညလည်ပတ်မှုပုံစံနဲ့ ကိုက်ညီကြောင်း၊ အထူးသဖြင့် မနက်စာနဲ့ ညစာတို့ကို အချိန်မှန်စားခြင်းဖြင့် ဝမ်းဗိုက်အဆီများ လောင်ကျွမ်းစေကြောင်း ဒေါက်တာ နာဟိဒ်အယ်လီက ပြောပြလိုက်ပါတယ်။
ဝမ်းဗိုက်အပေါ်ယံလွှာအဆီက မြင်ရထိတွေ့ရနိုင်တဲ့ အဆီမျိုးဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအဆီကတော့ ဝမ်းဗိုက်ထဲမှာ နက်ရှိုင်းစွာရှိပြီး အန္တရာယ်အများဆုံး အဆီမျိုး ဖြစ်ပါတယ်။
မနက်စာကို အိပ်ရာထပြီး တစ်နာရီအတွင်း နံနက် ၇ ဝန်းကျင်မှာ စားသောက်သင့်ပြီး ဇီဝကမ္မဖြစ်စဥ်တွေကို စတင်သင့်ပါတယ်။
ညစာကိုတော့ အိပ်ချိန်နဲ့ ၃ နာရီလောက်ခွာပြီး ညနေ ၇ နာရီဝန်းကျင်မှာ စားသောက်သင့်ကာ ဒါမှသာ အစာတွေကို ခြေဖျက်ချိန်ရမှာ ဖြစ်ပါတယ်။
ဇီဝကမ္မဖြစ်စဥ်ဆိုတာဟာ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတာဖြစ်ပြီး ထိုဖြစ်စဥ်မြန်ဆန်စွာ ဖြစ်ပျက်နေတဲ့သူတွေဟာ ကယ်လိုရီပိုမိုလောင်ကျွမ်းပါတယ်။
လေ့လာချက်တစ်ခုအရ ညဥ့်နက်အချိန်မှာ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီလောင်ကျွမ်းမှု အနည်းဆုံးဖြစ်ပြီး နေ့လယ်ပိုင်းနဲ့ ညနေခင်းတို့မှာ လောင်ကျွမ်းမှု အများဆုံးဖြစ်ပါတယ်။
ခန္ဓာကိုယ်နေ့ည လည်ပတ်မှုပုံစံအတိုင်း ကိုက်ညီစေရန် နေ့အစောပိုင်းမှာ ကယ်လိုရီတွေ စားသုံးသင့်ခြင်း၊ အစားမစားဘဲ နာရီကြာမြင့်စွာ နေထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
ထိုပုံစံတွေက တစ်နေ့တာမှာ ဆာလောင်စေတဲ့ ဟော်မုန်းတွေကို ထိန်းချုပ်နိုင်စေပြီး ဝမ်းဗိုက်အဆီ လျှော့ချဖို့ အကူအညီ ဖြစ်စေပါတယ်။
Source: New York Post
#World_Health
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 09 March 2024
လူသားတွေဟာ စားစရာအနည်းငယ်မျှဖြင့် အသက်ရှင်သန်နိုင်စွမ်းရှိသလို လုံးဝမစားသုံးဘဲနဲ့ပင် ရက်တွေကြာအောင် အသက်ရှင်နိုင်စွမ်း ရှိလာကြရာ အချိန်ကြာမြင့်စွာ အစားမစားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ဘယ်လိုတုန့်ပြန်သလဲဆိုတာနဲ့ ဘယ်အချိန်မှာ စတင်တုန့်ပြန်သလဲဆိုတာတွေကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
လေ့လာချက်မှာ ကျန်းမာရေး အကျိုးကျေးဇူးများရှိသလို ကျန်းမာရေး ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြသွားပါတယ်။
ထိုအပြောင်းအလဲတွေက တတိယမြောက်နေ့မှာ စတင်လာပါတယ်။
အစာမစားတဲ့ကာလမှာ ခန္ဓာကိုယ်က စွမ်းအင်သုံးစွဲပုံနဲ့ စွမ်းအင်ရင်းမြစ် အမျိုးအစားကို ပြောင်းလဲလိုက်ကာ ကယ်လိုရီတွေကို အသုံးပြုရာကနေ သိုလှောင်ထားတဲ့ အဆီတွေကို ပြောင်းလဲအသုံးပြုလာပါတယ်။
သုတေသနအဖွဲ့က ထိုကာလအတွင်း ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ ပရိုတိန်းထောင်ဂဏန်းလောက်ကို စောင့်ကြည့် တိုင်းတာခဲ့ကြပါတယ်။
ကျန်းမာတဲ့ စမ်းသပ်ခံသူ ၁၂ ဦးကို ၇ ရက်တာအစာမစားဘဲ ရေသာသောက်သုံးစေပါတယ်။
ယင်းတို့ကို စောင့်ကြည့်ထိန်းသိမ်းထားပြီး စမ်းသပ်မှု စတင်မီ၊ ပြုလုပ်နေစဥ်နဲ့ စမ်းသပ်မှုအပြီးတို့မှာ ပရိုတိန်း ၃၀၀၀ ကျော်လောက်ကို စစ်ဆေးပြီး ကြာရှည်စွာ အစာမစားခြင်းရဲ့ ကျန်းမာရေးရလဒ်များကို ခန့်မှန်းခဲ့ကြပါတယ်။
၃ ရက်မြောက်နေ့မှာ ပရိုတိန်းပမာဏ သိသာစွာ ပြောင်းလဲသွားပြီး ကယ်လိုရီအသုံးပြုမှု ကန့်သတ်ခြင်းဖြင့် တုန့်ပြန်လာပါတယ်။
သိသာတဲ့အချက်တွေက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဦးနှောက်ရှိ အာရုံကြော ထောက်ပံ့တည်ဆောက်မှုမှာ ပါဝင်တဲ့ ပရိုတိန်းတွေပါ ပြောင်းလဲလာပါတယ်။
အစာမစားတဲ့အခါမှာ ခန္ဓာကိုယ်ထဲ မော်လီကျူးအဆင့် ပြောင်းလဲဖြစ်ပျက်မှုများကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဘေးကင်းစွာ အစားဖြတ်ထားခြင်းက ကိုယ်အလေးချိန်ကို ထိရောက်စွာ လျှော့ချပေးကြောင်း ကွင်းမယ်ရီကျန်းမာရေး သုတေသနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ကလော်ဒီယာလန်ဂန်ဘာ့ဂ်က ပြောပြသွားပါတယ်။
Source: India Today
#World_Health
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံမှ ဖူကူရှီးမားဒိုင်အိချီ နျူကလီးယားစက်ရုံမှာ ပြဿနာများ ပေါ်ပေါက်ပြီးနောက် တစ်ကမ္ဘာလုံးက စိုးရိမ်နေကြရာ စက်ရုံမှ နျူကလီးယားစွန့်ပစ်ရေဆိုးများ ထုတ်လွှတ်ရေးကို တိုးမြှင့်စောင့်ကြည့်သွားမယ်လို့ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA)မှ အကြီးအကဲက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Disaster
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 8 March 2024
၁။ မီးမမှန်၍ Wifi အတွက်သုံးရန် ဖုန်းအားသွင်း power bank များ အဝယ်လိုက်ပြီး ပစ္စည်းပြတ်သည့် အထိ ရောင်းချနေရ
၂။ မော်တင်စွန်းဘုရားပွဲတော်အတွက် ပုသိမ်သူ သင်္ဘောပြေးဆွဲပေးသွားမည်၊ အဝေးပြေးယာဉ် ကြိုတင်လက်မှတ် များလည်း မှာယူမှုများပြားနေ
၃။ စက်သုံးဆီဈေး ထပ်ကျသော်လည်း ဆီဝယ်ရခက်မည်ကို ယာဉ်မောင်းသူများ စိုးရိမ်
၄။ ဖူကူရှီးမားဒိုင်အိချီနျူကလီးယားစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထုတ်လွှတ်မှုကို သေချာစောင့်ကြည့် စစ်ဆေးသွားမည်ဟု နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ ကတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဈေးကွက်အတွင်း ကုန်အသစ် ဝင်ရောက်မှု များလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူဟာ တပိသာကို ကျပ်၄၀၀၀ ဝန်းကျင်ခန့် ဈေးပြန်ကျလာကာ ကြက်သွန်အသစ်ဖြစ်တဲ့အတွက် အစိုဓါတ်များနေသေးသဖြင် ဝယ်လိုအားနည်းနေတယ်လို့ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နေပြင်းလာတဲ့အတွက် အပူလျှပ်ခြင်းheat storkeဖြစ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ကြုံတွေ့လာနိုင်တယ်။ အပူဒဏ်လွန်ကဲလို့ ရောက်ရှိလာမယ့် လူနာတွေကို အမြန်ဆုံးကုသပေးနိုင်ဖို့ ဆေးရုံအားလုံးအသင့်ပြင်ဆင်ထားတယ်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 8 March 2024
၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း မန္တလေးတိုင်းဒေသကြီး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၆၀၀ နီးပါးကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည် ။
အဆိုပါကဲ့သို့ လုပ်ကိုင်ခွင့်ပြုရာတွင် ဟိုတယ် ၄၄၉ လုံး၊ အခန်းပေါင်း ၁၉,၈၉၆ ခန်း၊ တည်းခိုရိပ်သာပေါင်း ၁၃၈ လုံး၊ အခန်းပေါင်း ၂၆၃၅ ခန်းရှိပြီး စုစုပေါင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ ၅၈၇ လုံးနှင့် အခန်းပေါင်း ၂၂,၅၃၁ ခန်း အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည် ။
ထိုကဲ့သို့ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ မီးသတ်ဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏ ထောက်ခံချက် များတင်ပြ၍ လျှောက်ထားနိုင်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နှစ်စဉ် ဝင်ရောက်လျက်ရှိပြီး ၎င်းတို့ တည်းခိုနားနေရန်အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများကို တရားဝင်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေး ခြင်း ဖြစ်ပြီး လိုင်စင်လျှောက်ထားသူများအနေဖြင့် အချက်အလက်များ ပြည့်စုံမှသာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီသို့ တင်ပြ၍ ကော်မတီခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ တပတ်ကလည်း စက်သုံးဆီဈေး ကျခဲ့ပေမယ့် စက်သုံးဆီဆိုင်တွေမှာ လိုအပ်တဲ့ဆီ ဝယ်မရခြင်းနဲ့ အချိန်ကြာစွာ တန်းစီဝယ်ယူရတဲ့အတွက် ယာဉ်မောင်းသူတွေ အခက်ခဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ၊မော်တင်စွန်းအငူမှာ တည်ထားကိုးကွယ်တော်မူတဲ့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားပွဲတော်အတွင်း ဘုရားဖူးတွေအဆင်ပြေစေဖို့ ပုသိမ်သူ သင်္ဘောကို ပွဲတော်ကာအတွင်းနေ့စဉ် ပြေးဆွဲပေးသွားမှာဖြစ်ပြီး အဝေးပြေးယာဉ်express ကားတွေလည်း ကြိုတင်လက်မှတ် မှာယူမှုများပြားနေ တယ်လို့ သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မီးသိပ်မမှန်တဲ့အတွက် လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် နေအိမ်တွေအတွက်ပဲဖြစ်ဖြစ် အသုံးပြုမယ့် WiFiနဲ့ချိတ်ဆက်သုံးဖို့အတွက် Power Bankတွေ အဝယ်များပြီး အခုဆို ပစ္စည်းပြတ်တဲ့အထိ ရောင်းနေရတယ်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 8 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် ယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၈ရက် မနက် ၁၁နာရီ ၅၆မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂နာရီခန့်တွင်မီးငြိမ်းခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 08 March 2024
လွန်ခဲ့တဲ့ ၂ နှစ်က ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ အကြောင်းကြောင့် ဆွီဒင်နိုင်ငံဟာ နေတိုး(NATO)အဖွဲ့အစည်းထဲသို့ မတ်လ ၇ ရက်နေ့မှာ တရားဝင်ပူးပေါင်း ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် အက်လ်ဖ်ခရစ္စတာဆန်က လိုအပ်တဲ့ စာရွက်စာတမ်းများ တင်သွင်းခဲ့ကာ မဟာမိတ်တွေရဲ့ ထောက်ခံမှုရယူတဲ့ လုပ်ငန်းစဉ်တွေ ပြီးမြောက်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ခရစ္စတာဆန်ထံမှ ဆွီဒင်နိုင်ငံ ဝင်ရောက်ပူးပေါင်းလိုတဲ့ စာရွက်စာတမ်းများကို လက်ခံရယူပြီးနောက် စောင့်ဆိုင်းနေသူတွေအတွက် နောက်ဆုံးတော့ လိုချင်တာရခဲ့ပြီဖြစ်ကြောင်း၊ ဆွီဒင်နိုင်ငံအတွက် နေတိုးအဖွဲ့အတွက် အတ္တလန္တိတ်ဖြတ်ကျော်သည့် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ရုရှားနဲ့ ၁၃၄၀ ကီလိုမီတာ နယ်စပ်ထိစပ်နေတဲ့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ နေတိုးအဖွဲ့ထဲ ဝင်ရောက်လာခြင်းဟာ ဆယ်စုနှစ်များအတွင်း မဟာမိတ်အဖွဲ့ကြီး အသိသာဆုံး တိုးချဲ့မှုတစ်ခုဖြစ်လာပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ကြီး နောက်ထပ်အင်အား တိုးချဲ့လာမှာကို နှောင့်ယှက်ရန် ကြိုးပမ်းနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သတင်းဆိုးဖြစ်နေပါတယ်။
‘’ဒီကနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ အခုဆိုရင် ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင် ဖြစ်လာပါပြီ။ သင့်လျော်တဲ့ အင်အားဖြည့်တင်းမှု ဖြစ်ရတဲ့အကြောင်းအရင်းက နေတိုးရဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ဥပဒေစည်းမျဉ်းများရဲ့ အဓိကဗဟိုချက်ကဏ္ဍများကို ဆွီဒင်က ကူညီရုပ်လုံးဖော်သွားမှာကြောင့် ဖြစ်ပါတယ်’’ လို့ ဘလင်ကန်က ဆိုပါတယ်။
အခုလိုဝင်ရောက်နိုင်ခြင်းကြောင့် မဟာမိတ်အဖွဲ့ကြီးရဲ့ အတူတကွ ကာကွယ်ရေး အာမခံချက်ကို ရရှိကာ အဖွဲ့ဝင်တစ်ဦးဦးကို တိုက်ခိုက်ပါက အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခိုက်တဲ့သဘော သက်ရောက်နေပါတယ်။
ဆွီဒင်ပါဝင်လာခြင်းက နေတိုးအဖွဲ့ကြီးရဲ့ တိုက်ရေးခိုက်ရေး စွမ်းရည်တွေ ပိုမိုအားကောင်းလာစေမှာဖြစ်ပြီး အတ္တလန္တိတ်နဲ့ ဘော်လ်တိတ်ဒေသတို့ကြား အဓိကချိတ်ဆက်ရေး ဖြစ်လာမှာပါ။
နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ ဆွီဒင်ဆုံးဖြတ်ခဲ့တဲ့အပေါ် ရုရှားက နိုင်ငံရေးနဲ့ စစ်နည်းပညာ တန်ပြန်ဆောင်ရွက်မှုများဖြင့် ခြိမ်းခြောက်လိုက်ပါတယ်။
ဆွီဒင်ဟာ ပြီးခဲ့တဲ့ ရာစုနှစ် ၂ ခုလောက်အထိ ကြားနေရေးကို လက်ကိုင်ထားခဲ့ပြီး စစ်ရေးပူးပေါင်းခြင်း မရှိခဲ့ပါဘူး။
၂၀၂၁ မှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီးက နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ငြင်းပယ်ခဲ့ပေမယ့် ဆိုရှယ်လ်ဒီမိုကရက်များ ဦးဆောင်တဲ့ နောက်တက်အစိုးရက ဖင်လန်နဲ့အတူ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားခဲ့ပါတယ်။
Source: WION
#World_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 751 of 1934