#World_Science
Published 23 August 2024


▪️ သိပ္ပံပညာရှင်တွေ ကမ္ဘာဂြိုဟ်ပြင်ပသို့ အချက်ပြလွှတ်နေပြီး ဂြိုဟ်သားသက်ရှိတွေနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေတာတွေကို နက္ခတ်ပညာရှင် အဒမ်ဖရန့်ခ်က သတိပေးလိုက်ပြီး အာကာသထဲမှာ သက်ရှိတွေ ရှိနေနိုင်တာကို လူတွေမသိနိုင်တာကြောင့် သတိထားသင့်တယ်လို့ ဆိုလိုက်ပါတယ်။



▪️ ထိုပညာရှင်က ကမ္ဘာဂြိုဟ်ပြင်ပမှာ ဂြိုဟ်သားတွေဟာ ပိုးမွှားပုံစံအနေဖြင့် အနည်းဆုံး ရှိနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်ထားကာ လူသားတွေအနေနဲ့ သိုသိုသိပ်သိပ် နေထိုင်သင့်ပြီး ဂြိုဟ်သားတွေနဲ့ မဆက်သွယ်သင့်ကြောင်း၊ ဒီလိုလုပ်နေတာဟာ လူသားတွေက အရသာရှိတယ်လို့ ဖိတ်ခေါ်နေတာနဲ့တူကြောင်း ပြောပါတယ်။

 

▪️ အနည်းဆုံးတော့ စကြဝဠာထဲမှာ ပိုးမွှားပုံစံအနေနဲ့ ကျက်စားနေထိုင်နိုင်ဖွယ် ရှိတယ်လို့ ယူဆနေပါတယ်။

 

▪️ ဖရန့်ခ်က ပြင်ပဂြိုဟ်ဆက်သွယ်ရေးအကြောင်းကို အားမပေးဘဲ အပြင်မှာ ဘာတွေရှိနေနိုင်လဲ မသိတာကြောင့် သိုသိပ်စွာ နေထိုင်ဖို့က အကောင်းဆုံးဖြစ်တယ်လို့ 5 Live Science Podcast မှာ ပြောသွားပါတယ်။

 

▪️ ဂြိုဟ်ပြင်ပသို့ အချက်ပြစနစ်တွေ ထုတ်လွှင့်နေတာဟာ ရေဒီယိုထုတ်လွှင့်မှုတွေမှာ ဘယ်လောက်တောင် ကြားနိုင်မလဲ မသိနိုင်ဘူးလို့လည်း ဆိုပါတယ်။

 

▪️ ပြင်ပဂြိုဟ်တွေကနေ မကြားနိုင်ပေမယ့် ရေဒီယိုထုတ်လွှင့်မှုတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

 

▪️ ပိုးမွှားပုံစံတွေကနေ ဆင့်ကဲပြောင်းလဲမလာဘူးလို့ ခန့်မှန်းမရကြောင်း၊ ကမ္ဘာပေါ်မှာ သတ္တဝါတွေကနေ အခုဆိုရင် အလိုအလျောက်စနစ်တွေ ပြောင်းလဲလာကြောင်း၊ ဒါတွေဆိုရင် ဆင့်ကဲပြောင်းလဲဖို့ ခက်ပေမယ့် စကြဝဠာမှာလည်း ဒီလိုဖြစ်နိုင်ခြေရှိကြောင်း ပြောသွားပါတယ်။

 

#Source: WION