၂၅ ဩဂုတ် ၂၀၂၄

ပြင်သစ်ရဲတွေက တယ်လီဂရမ် စီအီးအို ပါဗဲလ်ဒူရော့ဗ်ကို စနေနေ့ ဩဂုတ် ၂၄ရက်က ပါရီအနီးက လေဆိပ်တစ်ခု မှာ ဖမ်းဆီးလိုက်ပါတယ်။ နာမည်ကျော် တယ်လီဂရမ် အက်ပလီကေးရှင်းနှင့်ပတ်သက်တဲ့အမှုတစ်ခုခုနှင့် ဖမ်း ဆီးခံရတာဖြစ်တယ်လို့ အေအက်ဖ်ပီက သတင်းရေးပါတယ်။

အသက် ၃၉နှစ်အရွယ်ရှိ ပြင်သစ်-ရုရှား ဘီလျံနာဟာ  ပြင်သစ်မြို့တော်ပါရီမြို့ မြောက်ဘက်က လေဘူဂက်လေဆိပ် Le Bourget မှာ စနေနေ့ညနေပိုင်းက အဖမ်းခံရတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သူဟာ အာဘာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ခရီးသွားပြီးပြန်လာတာမကြာသေးပါဘူးလို့လည်း အခြားသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒူရော့ဗ်ကို တနင်္လာနေ့မှာ တရားရုံးထုတ်ဖို့ရှိနေပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အရွယ်မရောက်သေးသူတွေအပေါ်အကြမ်းဖက်မှုတားဆီးရေး အဖွဲ့ဖြစ်တဲ့ OFMINက ဒူရော့ဗ်အပေါ် လိမ်လည်မှု၊မူးယစ်ဆေးဝါးတရားမဝင်ဖောက်ကားမှု၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ ရာဇဝတ်ဂိုဏ်းနှင့် အကြမ်းဖက်မှုမြှင့်တင်ဆောင် ရွက်မှုစတာတွေအပေါ် ကနဦးစုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။

ဒူရော့ဗ်ဟာ သူ့ပလက်ဖောင်းကို ရာဇဝတ်မှုတွေအတွက်အသုံးပြုနေတာကို နှိမ်နှင်းဖို့ပျက်ကွက်ခဲ့တယ်လို့သံသယရှိထားတာ ဖြစ်ပါတယ်။

Ref AFP