#Local_News
Published 16 August 2024

▪️ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ၌ ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ၂၀၂၄ ခုနှစ်(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီးပြပွဲကာလ အတွင်း   ဒုတိယနေ့၌  ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၇၇ တွဲ၊ တတိယနေ့၌  ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၈၄ တွဲကို လည်းကောင်း၊ စတုတ္ထနေ့၌  ပုလဲအတွဲပေါင်း ၂၄၀ အနက် ပုလဲအတွဲ ၁၉၆ တွဲနှင့် ထပ်မံရောင်းချရသည့်  ပုလဲအတွဲ ၁၄ တွဲ စုစုပေါင်းအတွဲ ၂၁၀ ၊ စုစုပေါင်း ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့်  ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times