ရန်ကုန်၊ ပဲခူး ၊ဧရာဝတီဒေသများ စက်တင်ဘာ(၂၈)တွင် မုတ်သုန်စတင်ဆုတ်ခွာမည်
‘စက်တင်ဘာလ(၂၂)ရက်မှ(၂၇)ရက်အတွင်း မန္တလေး၊နေပြည်တော် ၊မကွေး ၊မုံရွာစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ စက်တင်ဘာ(၂၈)ရက်မှ အောက်တိုဘာ(၃)ရက်အတွင်း ရန်ကုန် ၊ပဲခူး ၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုတ်သုန်လေဆုတ်ခွာသွားမှာဖြစ်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
ကမ္ဘာ့ရေနံစိမ်းဈေးမြင့်လာတဲ့အတွက် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ အခုတပတ်မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်ဖြင့် ပြသနိုင်အောင်ပြင်ဆင်နေ
‘ရွှေတိဂုံမှာထားရှိမယ့် Pagoda Digital Directoryမှာ ခေါင်းစဉ်အလိုက် ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ မြေပုံ၊သမိုင်း၊ ရွှေတိဂုံမှာထူးခြားထင်ရှားတဲ့ ရုပ်ပွားတော်တွေ၊ စေတီတော်တွေတစ်ဆူချင်းစီရဲ့ အချက်အလက်တွေနဲ့ အနီးကပ်ဓာတ်ပုံတွေ၊ ပန်းပု၊ပန်းပဲစတဲ့ မြန်မာမှုလက်ရာတွေ ဘယ်တန်ဆောင်းမှာ ရှိတဲ့ဆိုတဲ့ အချက်အလက်တွေကြည့်နိုင်အောင် စီစဉ်နေတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲဝင်ဦးဘိုးသင်း
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယာဥ်၁စီး ယနေ့နံနက်ကပက်လက်လန်တိမ်းမှောက် မှုဖြစ်ပြီး သေဆုံးသူ ၁ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ၁ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် (၂၆)တွင် စက်တင်ဘာလ ၂၂ရက် နံနက် ၉နာရီ ၃၅မိနစ်အချိန်ခန့်က ယာဉ်(၁)စီး တိမ်းမှောက် မှုဖြစ်ပွားပြီး လူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက်ယာဉ်မောင်းအမျိုးသား(၁)ဦး(သေဆုံး)၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 22 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ၁၀မိုင် အောင်သုခလမ်းတွင် ယနေ့နံနက်က မီးလောင်မှုဖြစ်ခဲ့၍ ကားတစ်စီးနှင့်အိမ်တစ်ခြမ်းမီးလောင်ကျွမ်းခဲ့ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၁ရက် ည၁ဝ နာရီ ၂၂မိနစ်က ကားဂိုဒေါင်မှမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အင်းစိန်မီးသတ်နှင့်အတူ SuperMyanmar မှ မီးသတ်အထောက်အကူပြု ရေဘောက်ဆာ ( ၂ ) စီး၊ကနောင်အသင်း မှ မီးသတ်အထောက်အကူပြု ရေဘောက်ဆာ ( ၁ ) စီး၊Insein Volunteer Team အဖွဲ့ဝင်အသင်းများမှ သွားရောက်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ည ၁၀ နာရီ ၄၁မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီးမီးလောင်မှုဖြစ်စဥ်ကြောင့် ကား၁စီးနှင့် နေအိမ်တစ်ခြမ်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
ယခင်အစိုးရလက်ထက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း သီဟပျံချီ နာဲသိုက်လောန်(ခ)နိုင်သက်လွင်သည် စက်တင်ဘာလ(၂၀)ရက်တွင်ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင်အသက်(၈၃)နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၂) ရက်တွင်မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုဿန်သို့ပို့ဆောင်သဂြိုဟ်သွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၃)(၂၄)ရက်တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက် မွန်နိုင်ငံရေးအသိုင်း အဝိုင်းမှဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုသည်။
ဝန်ကြီးဟောင်းနိုင်သက်လွင်သည် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို၊ မွန်ဒီမိုကရက်တစ်ပါတီ(MDP)၏ဒုဥက္ကဌဖြစ်ခဲ့ကြောင်း၊မွန်ပါတီနှစ်ခုပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ်အမည်ပြောင်းလဲရာတွင်လည်း မွန်အမျိုးသားပါတီ(MNP)တွင် ပါတီဒုဥက္ကဌ(၁)အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးကြောင်းသိရသည်။
၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်တွင် သမ္မတဦးထင်ကျော်အဆိုပြုချက် ဖြင့် မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ကြောင်းနှင့် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ဖခင်လည်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက်ဝမ်းနည်းကြောင်းကို မွန်ပြည်နယ်ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှလည်းဖော်ပြထားသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
အိန္ဒိယမှာရှိတဲ့ သံတမန်ရေးရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ အရေအတွက်အင်အားကို လျှော့ချရန် အိန္ဒိယအစိုးရက ကနေဒါကို တောင်းဆိုလိုက်ကြောင်း ပြောကြားလိုက်ပါတယ်။
ခါလစ္စတန်အကြမ်းဖက်သမား အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ဆောင်ရွက်မှုများ ဖြစ်ပေါ်နေကာ အိန္ဒိယအတွင်းရေးကိစ္စများမှာ ကနေဒါသံတမန်များ ဝင်ရောက်စွက်ဖက်တာကို အကြောင်းပြုပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယက ကနေဒါမှာ ဗီဇာဝန်ဆောင်မှုများ ဆိုင်းငံ့လိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ယခုလို ပြောကြားလိုက်တာဖြစ်ကာ အိန္ဒိယသို့သွားရောက်မယ့် ခရီးသည်ထောင်ပေါင်းများစွာကို သက်ရောက်စေခဲ့ပါတယ်။
အိန္ဒိယမှာရှိတဲ့ ကနေဒါသံတမန်ရေးရာ ပတ်သက်မှုက လိုအပ်တာထက် ပိုမိုကြီးမားစွာ သက်ရောက်နေပြီး အထိုက်အလျောက် လျှော့ချရန် လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ဂ်ချီက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
‘’သံတမန်ရေးရာအင်အား မျှတစွာထားရှိသင့်ကြောင်း ကနေဒါအစိုးရကို အကြောင်းကြားထားပါတယ်။ ကနေဒါမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ သံတမန်အင်အားထက် သူတို့က အလွန်များပြားနေပါတယ်။
ဒီပမာဏကို လျှော့ချသင့်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
ကနေဒါက အိန္ဒိယအတွင်းရေးမှာ သံတမန်ရေးအရ အမှန်တကယ်စွက်ဖက်နေတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောပြသွားပါတယ်။
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် ယင်းတို့အရာရှိတွေရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး အဆိုပါဖြစ်ရပ်များကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ ဗီဇကိစ္စ မပြုလုပ်နိုင်ဖြစ်နေကြောင်း ဆိုပါတယ်။
ယခုလက်ရှိ ကနေဒါရဲ့ လုံခြုံရေးအခြေအနေနဲ့ ကနေဒါအစိုးရဘက်က ဆောင်ရွက်မှု မရှိတာတွေကြောင့် ဗီဇာဝန်ဆောင်မှုများ ယာယီရပ်တန့်ထားတယ်လို့ မစ္စတာဘက်ဂ်ချီက ပြောပြခဲ့ပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်ပြီး မုန်းတီးမှုများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ကနေဒါရှိ အိန္ဒိယလူမျိုးများရဲ့ ဘေးကင်းစိတ်ချရရေးကို စိုးရိမ်ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားပြီးနောက်တစ်နေ့မှာပဲ အခုလို ဗီဇာဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယလူမျိုးဆန့်ကျင်ရေး အကြောင်းအရာများကို ဆန့်ကျင်တဲ့ အိန္ဒိယအသိုင်းအဝိုင်းများနဲ့ အိန္ဒိယသံတမန်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာကြတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေထက်မှာ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာပြီးနောက် အိန္ဒိယမှာရှိတဲ့ သံတမန်ပုဂ္ဂိုလ်များကို ညှိနှိုင်းပေးသွားမယ်လို့ ကနေဒါအထက်ကော်မရှင်က ပြောကြားထားပါတယ်။
ခါလစ္စတန်အကြမ်းဖက်သမား သတ်ဖြတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယအေးဂျင့်များ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဂျက်စ်တင်ထရူဒေါက် စွပ်စွဲခဲ့ရာ အိန္ဒိယနဲ့ ကနေဒါဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
လာမည့် ခရီးသွား ရာသီ မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။
အဆိုပါ ခရီးစဉ်ဒေသ ၁၄ ခုတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုစသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။
ယင်းဒေသ များ သည်သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သာယာလှပကောင်းမွန်သည့် ရာသီဥတုနှင့်တောတောင်ရေမြေသဘာဝများဖြင့် ရှိနေသဖြင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကအကြံပြုထားခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့်သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သော www.tourism. gov.mm နှင့် www.tourisminmyanmar. com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
အချိုရည်အေးအေးတွေကို လူအများကြိုက်နှစ်သက်ကြပေမယ့် ဘေးထွက်ဆိုးကျိုး များစွာရှိပါတယ်။
သကြားပါတာကြောင့် ဆီးချိုဖြစ်နိုင်ကာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။
အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို ပျက်စီးစေပြီး ခံတွင်းပြဿနာ ဖြစ်စေပါတယ်။
အချိုရည်တွေမှာ ဖော့စ်ဖရစ်အက်ဆစ် (H3PO4)လည်း ပါဝင်ကာ ဖော့စ်ဖောရပ်စ်များခြင်းနဲ့ ကယ်လ်စီယမ်နည်းပါးခြင်းတို့ကြား မညီမျှမှုဖြစ်စေကာ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ပမာဏ နည်းပါးစေပါတယ်။
အာဟာရပညာရှင် လိုဗ်နိဘာထရာက အရိုးပွရောဂါ မဖြစ်အောင် လိုအပ်တဲ့ အာဟာရဓာတ်များအကြောင်း ဖော်ပြခဲ့ပါတယ်။
(၁) မဂ္ဂနီဆီယမ် - အရိုးတည်ဆောက်မှုမှာ ပါဝင်ပြီး အရိုးသန်မာစေရန် အဓိကကဏ္ဍမှ ပါဝင်ပါတယ်။
(၂) ပိုတက်ဆီယမ် - ကျောက်ကပ်ရှိ ကယ်လ်စီယမ်ပမာဏကို ထိန်းညှိပေးပြီး အက်ဆစ်-ဘေ့စ် ညီမျှခြေကို ထိန်းသိမ်းပေးပါတယ်။
(၃) ဗိုက်တာမင်စီ - အသီးအနှံတွေမှာ တွေ့ရကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရိုးကျိုးအက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၄) ဖော့စ်ဖရပ်စ် - ဖွံ့ဖြိုးကြီးထွားချိန်မှာ လိုအပ်တဲ့ ဖောာ့စ်ဖရပ်စ်က အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်ပြီး ဖော့စ်ဖိတ်ပမာဏ နည်းတဲ့အခါ အာဟာရပြတ်လပ်ခြင်းဖြစ်ပြီး အရိုးပွခြင်း ကျိုးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၅) ဗိုက်တာမင်ကေ - အစိမ်းရောင်အရွက်တွေမှာ တွေ့ရပြီး အရိုးပရိုတိန်းများကို လှုံ့ဆော်ပေးကာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၆) ဇင့် - အင်ဇိုင် ၂၀၀ ကျော်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်ကာ ကော်လာဂျင်ဖွဲ့စည်းခြင်းနဲ့ အရိုးသတ္တုဓာတ်ဖြည့်ခြင်းတို့မှာ မရှိမဖြစ် အရေးကြီးပါတယ်။
(၇) ဗိုက်တာမင်ဘီ၁၂ - DNA ဖွဲ့စည်းခြင်းအတွက် လိုအပ်ကာ အရိုးတည်ဆောက်ပေးတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့အပြင် အခြားဗိုက်တာမင်ဘီတွေနဲ့လည်း ချိတ်ဆက်ပေးပါတယ်။
(၈) ပရိုတိန်း - ကယ်လ်စီယမ်စုပ်ယူခြင်းကို အားပေးကာ အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဒါကြောင့် အချိုရည်များရှောင်ကြဥ်ပြီး အဆိုပါသတ္တုဓာတ်များ ဖြည့်တင်းခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
လူအများစုက ညအိပ်ရာမဝင်ခင် ရေချိုးတတ်ကြပေမယ့် ဆံပင်ရေစိုကြီးနဲ့ အိပ်တတ်တာဟာ မနှစ်မြို့စရာ ဖြစ်နေပါတယ်။
ညအိပ်ရာဝင်ခါနီးမှ ခေါင်းလျှော်တဲ့အခါ ဆံပင်ခြောက်အောင် ပြုလုပ်ဖို့ အချိန်မရကြပါဘူး။
ဒါဟာ ဆံကေသာနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ခေါင်းအုံးတွေနဲ့ အိပ်ရာခင်းတွေမှာလည်း မှိုတွေဖြစ်လာနိုင်ပါတယ်။
အိပ်စက်ခြင်းဆိုင်ရာ ပညာရှင်မက်စ်စတီဖင်စ်က ဆံပင်စိုတွေကို အိပ်နေစဥ် ဖိမိတာမျိုးကြောင့် ပိုမိုကျိုးလွယ်ကြေလွယ်ကြောင်း ရှင်းပြပါတယ်။
ဆံပင်စိုတွေကြာင့် ခေါင်းအုံးနဲ့ အိပ်ရာတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး ဝက်ခြံ၊ ဗောက်တို့ ဖြစ်ပွားနိုင်ပါတယ်။
ပိုဆိုးတာက စိုထိုင်းရာကနေ မှိုဖြစ်ပွားလာရင် အသက်ရှူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။
ဆံပင်စိုနဲ့မှ အိပ်ဖြစ်မယ်ဆိုရင် ရေမဝင်ရောက်နိုင်တဲ့ အစွပ်ဖြင့် ခေါင်းအုံးကိုကာကွယ်ရမှာဖြစ်ပြီး ဒါမှသာ ခေါင်းအုံးတွေ မစိုစွတ်တော့ဘဲ ဘက်တီးရီးယားတို့ မှိုတို့ မပေါက်ဖွားနိုင်မှာ ဖြစ်ပါတယ်။
ဆံပင်ခြောက်သွေ့မှသာ ပွတ်တိုက်မှုနည်းပါးပြီး မကျိုးကြေမှာ ဖြစ်ပြီး ဦးခေါင်းမှာ သဘာဝအဆီထွက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆံပင်စိုနဲ့ အိပ်စက်ပါက ခန္ဓာကိုယ်မှာ အေးစက်လာစေမှာဖြစ်ပြီး လူတွေဟာ နွေးထွေးစွာ နေထိုင်ဖို့က ပိုအရေးကြီးပါတယ်။
အသက်ရှူလမ်းကြောင်းထဲသို့ ဗိုင်းရပ်စ်ဝင်ရောက်ခြင်းက ဆံပင်စိုစိုနဲ့ အိပ်ရာဝင်တာထက်စာရင် အအေးမိတာကြောင့်နဲ့ ပိုပြီးဆက်စပ်နေပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် နေ့ခင်းဘက် ခေါင်းလျှော်သင့်ပါတယ်။
ညဘက်မှာ ခေါင်းကိုအေးမြအောင် ထားတဲ့အခါ ဦးနှောက်ထဲရှိ ဇီဝဖြစ်စဥ်လှုပ်ရှားမှုများ လျော့နည်းသွားကာ အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီက မိန့်ခွန်းပြောကြားနေစဉ် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီးလက်အာဒန်က “အီရန်အမျိုးသမီးတွေ အခု လွတ်လပ်ခွင့်နှင့်ထိုက်တန်ပါတယ်” ဆိုတဲ့ စာတန်းပါတဲ့ စာရွက်ကိုင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ခန်းမထဲကနေ ကုလသမဂ္ဂ လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာခံရပြီး ခေတ္တထိန်းသိမ်းလည်းခံခဲ့ရပါတယ်။
ဒူဘိုင်းကန္တာရရှိ ကုလားအုတ် နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိ
ဒူဘိုင်းမြို့စွန်ရှိ ကန္တာရတစ်ခုမှာ ယူအေအီးနိုင်ငံမှ ကုလားအုတ်နို့ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက စီးပွားဖြစ်ထွန်းနေပြီး သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့နေကြပါတယ်။
#World_Industry
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 761 of 1705