#Local_News
Published 13 August 2024


▪️ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ဓာတ်အားပေးစက်များရပ်တန့်၍  တမံသဲနုန်းထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယင်းအချိန်အတွင်း ရွှေလီ-နမ့်ခမ်း-မူဆယ် ဓာတ်အားလိုင်း ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း Junction River Trading Co.,Ltd(ESE) မှ အသိပေးထုတ်ပြန်ထားသည်။

 

▪️ အဆိုပါ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရေလှောင်တမံအတွင်း သဲနုန်းထုတ်ခြင်းလုပ်ငန်းအား တမံအတွင်းရေဝင်ရောက်မှု အခြေအနေအရ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲ ၃၀ အချိန်မှ ၁၅ ရက်နေ့ ည ၁၀နာရီ ၂၀မိနစ်အချိန် အထိ ဓာတ်အားပေးစက်များရပ်တန့်၍ တမံသဲနုန်းထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေချိန်တွင် ရွှေလီ(၁)ရေအားစက်ရုံ မှ ဓာတ်အားပို့လွှတ်ထားသည့် ၆၆ကေဗွီ ရွှေလီ-နမ့်ခမ်း-မူဆယ် ဓာတ်အားလိုင်း ဓာတ်အားပြတ်တောက်နေမည် ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုကြောင့် အဆိုပါ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း မူဆယ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် အထက်ဖော်ပြပါ အချိန်၊ နေ့ရက်များ အတိုင်းလျှပ်စစ်ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံကြောင်း၊ မိဘပြည်သူများအနေဖြင့် ဓာတ်အားပြန်လည်ရရှိမည့်ချိန်တွင် တစ်ပြိုင်နက်တည်း ဝန်အားသုံးစွဲမှုများအား အလျင်စလို မပြုလုပ်ကြပါရန်လည်း  ကြိုတင်အသိပေးထားကြောင်း သိရသည်။

 

#YMG/NN #Yangon_Times