(၃)နှစ်တာ အကျဉ်းရုံးကျင်းပခဲ့သည့် လှည်းကူးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်တွင် စည်ကားစွာကျင်းပမည်
‘အခုနှစ်မှာထူးခြားချက်အနေနဲ့ လှည်းကူးမြို့နယ်အပြင် တိုက်ကြီးမြို့နယ်ဘက်ကိုလည်း လှည်းကူး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရားတွေ လှည့်လည်အပူဇော်ခံတာတွေဆောင်ရွက်သွားဖို့ ရှိပါတယ်’ လှည်းကူးတန်ဆောင်တိုင် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းမြောက်တိုက်ပွဲကြောင့် လောက်ကိုင်တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ သောင်းနှင့်ချီ ပိတ်မိနေဟုဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ အနယ်နယ် အရပ်ရပ်မှ ပြည်သူသောင်းနဲ့ချီ ပိတ်မိနေတယ်လို့ လူမှုကူညီရေးအသင်းတွေထံ ကသိရပါတယ်
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 6 November 2023
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းအား ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ကလပ်အသင်းများမှ ကစားသမား ၂၉ ဦးပါဝင်သည့် အဆိုပါ စာရင်းတွင် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နှင့် ကစားသမားအချို့ပါဝင်နိုင်ခြင်း မရှိပေ။
လက်ရှိရွေးချယ်ထားသော ကစားသမားများ အနေဖြင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လေ့ကျင့်မှုများ ပြီးဆုံးသည်နှင့် အပြီးသတ် ကစားသမားစာရင်း ဆက်လက် ရွေးချယ်ကာ နိုဝင်ဘာ ၁၃ ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအနက် ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဂျပန်နှင့်မြန်မာ ပွဲစဉ်အား ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်နှင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနှင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
၆ နိုဝင်ဘာ ၂၀၂၃
အစ္စရေး-ဟားမာ့စ်စစ်ပွဲကြားထဲတွင် အရှေ့အလယ်ပိုင်းသို့ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ထားပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။ ဒါဟာ ဒေသအတွင်း ရန်ဘက်တွေ အထူးသဖြင့် အီရန်ကျောထောက် နောက်ခံပြုထားတာတွေကို တိုက်ရိုက်ရည်ညွှန်းတဲ့ လုပ်တောင့်လုပ်ခဲ ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။
အဆိုပါ ရေငုပ်သင်္ဘောမှာ ခေတ်မီ ပဲ့ထိန်းဒုံးကျည် ဒါမှမဟုတ် တိုမာဟော့ခ်ခရုစ်ဒုံးကျည်တွေကို တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။
အိုဟိုင်းအိုကလပ်စ် Ohio-class ရေငုပ်သင်္ဘောတစ်စီး အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာပြီဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းက တနင်္ဂနွေနေ့မှာ ဆိုရှယ်မီဒီယာတွေကတစ်ဆင့်ကြေညာခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန် အဆိုပါဒေသများသို့ ခရီးလှည့်လည်နေစဉ် ထိုကဲ့သို့လှုပ်ရှားလာခြင်းဖြစ်ပါတယ်။ ဘလင်ကန်ဟာ အစ္စရေး၊အနောက်ဘက်ကမ်းခြေ၊ တူရကီ၊အီရတ်၊ဂျော်ဒန်နှင့်ဆိုက်ပရပ်စ်နိုင်ငံတွေကို လှည့်လည် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုခရီးစဉ်ဟာ အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ကတည်းကဆိုရင် ဒုတိယမြောက် ခရီးဖြစ်ပါတယ်။
အိုဟိုင်းအိုကလပ်စ်ဆိုတာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအမျိုးအစားတစ်ခုဖြစ်ပြီး Trident II D5 နျူးကလီး ယားဒုံးကျည် ၂၄ခုအထိတင်ဆောင်နိုင်ပါတယ်။
အဲဒီရေငုပ်သင်္ဘောတွေဟာ ကိုယ်ပျောက်စွမ်းရည်ရှိပြီး ပင်လယ်ကြမ်းပြင်မှာ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်နိုင်တဲ့ အတွက် ရန်သူတွေ ထောက်လှမ်းလို့မရနိုင်တဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။
Source: WION
#israelhamaswar
#worldpolitics
6 November 2023
ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းပေးပို့ကြရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါမေတ္တာရပ်ခံပန်ကြားချက်တွင်
၁။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ရေလုပ်သားများကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး၊ လူကုန်ကူးခံရသူများအား သက်ဆိုင်ရာနိုင်ငံနှင့်ညှိနှိုင်း၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံသားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်အားကနဦး ဆောင်ရွက်ရကြောင်း၊အဆိုပါ ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်များသည် လချီကြာရှည်တတ်သောကြောင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံး သို့သတင်းပေးပို့ထားပါက ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရာတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်း များဆောင်ရွက်ချိန်၌ အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
၂။ သို့ဖြစ်ပါ၍ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေအရအပြည့်အဝ ကာကွယ်ပေးနိုင်ရေးဆောင်ရွက်ရာတွင် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဆောင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် မိမိတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံးသို့ သတင်းပေးပို့ထားပါရန် မေတ္တာ ရပ်ခံလိုပါကြောင်းနှင့် သတင်းပေးပို့လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန၏မေးလ်ဖြစ်သည့်
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 November 2023
မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်ကို နိုဝင်ဘာလ(၃၀)ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်ရန် စိတ်ကူးရှိသူများပါဝင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၄ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ် (Fulbright U.S.-ASEAN Visiting Scholar Program)၌ပါဝင်နိုင်မည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် အကြံပေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO)များထဲမှ ဝန်ထမ်းများ နှင့် ပုဂ္ဂလိကကဏ္ဍထဲမှ ကျွမ်းကျင်ပညာရှင်များအတွက် ၂၀၂၅ နွေဦးကာလတွင် အမေရိကန်ပြည်ထောင်စုတွင် ၃-၄လလောက် ဘာသာရပ်ဆိုင်ရာနှင့် သက်မွေးပညာရပ်ဆိုင်ရာ သုတေတနနှင့်ဟောပြောပို့ချမှုများလုပ်နိုင်မည့် အခွင့်အလမ်းတစ်ခုကြောင်းဖော်ပြထားသည်။
ဧည့်ဟောပြောပို့ချမှုများ၊ ဆွေးနွေးပွဲများ သို့မဟုတ် ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ညီလာခံများမှ တစ်ဆင့် အာဆီယံ အတွေးအမြင်များကို ပေးအပ်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်းနှင့် ယင်း ဖူးလ်ဘရိုက် ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ်နှင့် လျှောက်လွှာတင်ရန် ညွှန်ကြားချက်များအကြောင်း အသေးစိတ်ကို သံရုံးစာမျက်နှာ https://mm.usembassy.gov/education/ scholarship-programs/၌လေ့လာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်း ရင်းသားကျေးရွာ(ရန်ကုန်) သို့ ပဲခူးမြစ်မှတစ်ဆင့် အပန်းဖြေရေ ယာဉ်သင်္ဘောတို့ဖြင့် လာရောက်လည်ပတ်နိုင်ရန်အတွက် ဆိပ်ခံ ဗောတံတားတည်ဆောက်လျက်ရှိရာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)က သိရသည်။
အဆိုပါဆိပ်ခံဗောတံတားကို ရန်ကုန်နှင့် အနီးဝန်းကျင်ရှိ ပြည်သူများ ရေလမ်းခရီးမှ လာရောက် အပန်းဖြေ နိုင်ရန် အတွက် ရည်ရွယ်ပြီး၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးရန်လျာထားခဲ့ကာ ကုန်ကျစရိတ် တန်ဖိုးငွေအားဖြင့် ကျပ် ၄၄၉ ဒသမ ၅၀၅ သန်းရှိကြောင်း သိရသည်။
ဆိပ်ခံဗောတံတားတည်ဆောက်မှု ပြီးစီပြီ ဖြစ်သောကြောင့်တိုင်းရင်းသားကျေးရွာ ကိုရေလမ်းခရီးဖြင့် လာရောက်လည်ပတ်နိုင်မည် ဖြစ်ကာ လာရောက်သူများအနေဖြင့် မြစ်ပြင်ရှုခင်းများ၊ ဒီရေတောရှုခင်းများနှင့် ဆိပ်ခံဗောတံတားရှုခင်း များကိုတွေ့မြင်ခံစားရမည်ဖြစ်ပြီး အပျော်စီးစက်လှေများဖြင့် စီးနင်းလည်ပတ်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်းသမိုင်း အစဉ်အဆက် မှီတင်းနေထိုင်ခဲ့ကြ သော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စုတစ်စည်း ထဲထင်ရှားပေါ်လွင်စွာလေ့လာနိုင်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ် ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဝဲကရင်ကျေးရွာ အုပ်စု ရွာသစ်ကုန်းကျေးရွာ သမတ်ကွေ့ ကူးတို့ဆိပ်တွင် ဖောင်ကူးတို့ကူးစဉ် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းပြုတ်ကျ၍ ၂ ဦးသေဆုံးခဲ့မှု အောက်တိုဘာ လ ၄ရက် မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ ကြောင်း သိရ သည်။
အခင်းဖြစ်ရာ နေရာသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ ရေငုပ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့ RESCUE DIVER TEAM KAYIN က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေခဲ့ရာ ချောင်း အတွင်း ပြုကျခဲ့သော မော်တော်ယာဉ်အတွင်းမှ အမျိုးသားနှစ်ဦး ကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
"ကူးတို့ကူးရင်းနဲ့ ကားက ဖောင်ပေါ်ကနေ အရှိန်လွန်ပြီး ချောင်းထဲကျသွားတာ ၊ ရေစီးကလည်းသန်တော့ မတွေ့ဘူး နောက်နေ့မနက်ပိုင်းလဲရှာတယ် မတွေ့ဘူး ၊ ညနေလောက်မှ ပြုတ်ကျတဲ့နေရာနဲ့ နည်းနည်း ဝေးဝေးမှာ ကားကိုတွေ့တယ် ပထမတစ်ယောက်ကိုတော့ လွယ်လွယ်ကူကူကား ထဲကထုတ်လို့ရတယ်။ နောက်တစ်ယောက်က ကားထဲညှပ်နေတော့ မှန်ခွဲပြီး ထုတ်ရတယ်။မနေ့က ည၈နာရီ ခွဲလောက်မှ ထုတ်လို့ ရတယ်" ဟုမြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့( ဘားအံ ) ၏ တာဝန်ရှိသူ ဦးမောင်မောင်ဖြိုးလျံဝင်းက ပြောသည်။
မော်တော်ယာဉ် ပြုတ်ကျရာတွင် ပါသွားသည့်အတွက် သေဆုံးသွားသူ နှစ်ဦးမှာ ဘားအံမြို့နယ်အတွင်း နေထိုင်ကြသော အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အသက်၈၄နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 06 November 2023
တယ်လိုမီးယားတွေဟာ လူတွေရဲ့ ခရိုမိုဆုန်းတိုင်းရဲ့ အနားနှစ်ဖက်မှာ ဒီချိတ်ဆက်ထားတဲ့ ပုလင်းဖုံးတွေလိုဖြစ်ပြီး မျိုးရိုးဗီဇတွေ ပုံစံမပျက်သွားအောင် အချက်အလက်တွေ ထိန်းသိမ်းထားနိုင်စေရန် ကာကွယ်ပေးထားပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ကျန်းမာစွာ အသက်ကြီးရင့်လာစေပါတယ်။
ဓာတ်ခွဲခန်းကြွက်တွေရဲ့ တယ်လိုမီးယားတွေက လူတွေထက် ငါးဆလောက် ပိုရှည်တာကြောင့် လူတွေရဲ့ အသက်ကြီးရင့်ခြင်းနဲ့ ကင်ဆာတို့မှာ ပိုပြီးအသုံးဝင်နိုင်မလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဂျေရုဆလင်ဟီဘရူးတက္ကသိုလ်မှ သုတေသီများက တယ်လိုကြွက်ကို ဖန်တီးလိုက်ကာ ဓာတ်ခွဲခန်းကြွက်ကို မျိုးရိုးဗီဇ အနည်းငယ်ပြောင်းလဲပြီး လူတွေရဲ့ တယ်လိုမီးယားနဲ့ ပိုမိုဆင်တူအောင် ပြုလုပ်လိုက်ကြပါတယ်။
ဒီတွေ့ရှိမှုကနေ အိုမင်းခြင်းမျိုးရိုးဗီဇအကြောင်း ပိုမိုသိရှိလာနိုင်ကာ အသက်ရှည်ကျန်းမာစေမယ့် နည်းလမ်းများ သိရှိလာနိုင်ဖွယ်ရှိပါတယ်။
ကြွက်တွေရဲ့ တယ်လိုမီးယားကို လူတွေနဲ့ တူစေဖို့ မျိုးရိုးဗီဇတစ်မျိုးရှိ အစိတ်အပိုင်းငယ်လေး တစ်ခုကို ပြုပြင်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
၂၀၂၁ လေ့လာချက်အရ အေရိုးဗစ်လေ့ကျင့်ခန်းများ၊ ခံနိုင်ရည်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် တယ်လိုမာရေ့စ်ရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးကာ တယ်လိုမီးယားရဲ့ အရှည်ကို ထိန်းသိမ်းထားနိုင်ပါတယ်။
အဆိုပါ ပြုပြင်ထားတဲ့ မျိုးရိုးဗီဇကို ဓာတ်ခွဲခန်းကြွက်ထဲ ထည့်သွင်းလိုက်တဲ့အခါ လူသားတွေရဲ့ တယ်လိုမီးယားအရှည်အတိုင်း ဖြစ်လာပါတယ်။
သူတို့ကို ကင်ဆာနဲ့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဥ်တွေအတွက် လေ့လာရာမှာ အသုံးဝင်လာမှာ ဖြစ်ပါတယ်။
လူသားတွေရဲ့ တယ်လိုမီးယား တစ်ခုချင်းစီရဲ့ အရှည်ကိုတိုင်းတာကာ အတိုဆုံးတယ်လိုမီးယားတွေက ဆဲလ်လုပ်ဆောင်ချက်နဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးကြောင်း တွေ့ရှိထားပါတယ်။
NanoTelSeq ဆိုတဲ့ နည်းလမ်းက လက်ရှိနည်းလမ်းတွေကို အစားထိုးသွားမှာဖြစ်ကာ ကင်ဆာတိုက်ဖျက်ခြင်းနဲ့ အသက်ကြီးသူတွေမှာ ကျန်းမာခြင်းတို့အတွက် ဆန်းသစ်တဲ့ပုံစံတွေ ဖော်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Source: The Jerusalem Post.
#World_Science
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 06 November 2023
တနင်္ဂနွေနေ့က လက်ဘနွန်တောင်ပိုင်းမှ ကားတစ်စီးကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့ရာ ကလေး ၃ ဦးနဲ့ အဖွားဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ဆိုလိုက်ကာ ဟက်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်ဘက်ကနေ အစ္စရေးလ်မြောက်ပိုင်းကို ပစ်ခတ်ရာမှာ အစ္စရေးလ်အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
အစ္စရေးလ်ဘက်က တိုက်ခိုက်တဲ့ဖြစ်ရပ်မှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့က လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးလ်မြောက်ပိုင်း ကာယက်ရှမိုနာမြို့သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးလ်တပ်များနဲ့ တိုက်ခိုက်လာတာ ၄ ပတ်တာ ကြာလာတဲ့ကာလအတွင်း ဒီလိုလက်နက်မျိုး အသုံးပြုကြောင်းကို ဟက်ဇ်ဘိုလာတို့က ပထမဆုံးကြေညာတာဖြစ်ပြီး တင်းမာမှု မြင့်တက်လာစေပါတယ်။
အရပ်သားများအပေါ် တိုက်ခိုက်တာမျိုးကို လုံးဝသည်းမခံနိုင်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာဖြစ်ကြောင်း ဟက်ဇ်ဘိုလာက ဆိုပါတယ်။
အရပ်သားတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ဟက်ဇ်ဘိုလာ ဥပဒေပြုအမတ် ဟာဆန်ဖက်ဒ်လယ်လာက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
အကြမ်းဖက်သမားတွေ သယ်ဆောင်လာတယ်လို့ သံသယရှိခဲ့တဲ့ ယာဥ်တစ်စီးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထဲမှာ အရပ်သားများပါဝင်လာခြင်း ရှိမရှိကို စုံစမ်းနေကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
လက်ဘနွန်ယာယီဝန်ကြီးချုပ် နာဂျစ်မီကာတီက ဒီဖြစ်ရပ်ကို ရာဇဝတ်မှုလို့ သတ်မှတ်လိုက်ကာ နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒယ်လာဘူဟာဘစ်က ကလေးများအပါအဝင် အရပ်သားများ သေဆုံးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို တိုင်ကြားသွားမှာဖြစ်တယ်လို့ ရိုက်တာကို ပြောပြခဲ့ပါတယ်။
ကလေးတွေရဲ့ အဖွားလည်း သေဆုံးခဲ့သလို အမေဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
ပါလက်စ်တိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေးလ်တို့ စတင်တိုက်ခိုက်နေကတည်းက ဟက်ဇ်ဘိုလာနဲ့ အစ္စရေးလ်တို့ကလည်း နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်နေခဲ့ပါတယ်။
မီကာတီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ စနေနေ့အစောပိုင်းက တွေ့ဆုံခဲ့ပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး၊ လက်ဘနွန်တောင်ပိုင်းက အစ္စရေးလ်ရန်လိုမှုတွေကို ရပ်တန့်ရေးတို့ကို အလေးပေးလုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။
ဟက်ဇ်ဘိုလာတို့က ဝေဟင်ပစ်လက်နက်တွေ အသုံးပြုတာကို ပထမဆုံးအကြိမ် ကြေညာထားပါတယ်။
အစ္စရေးလ်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဆေးဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဟက်ဇ်ဘိုလာမဟာမိတ်ဖြစ်တဲ့ လက်ဘနွန်အေမယ်လှုပ်ရှားမှု အဖွဲ့အစည်းမှ ကင်းထောက်အဖွဲ့က ဆိုပါတယ်။
Source: Reuters
#World_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 06 November 2023
ဦးနှောက်ဟာ ခန္ဓာကိုယ်ကို ထိန်းချုပ်ကွပ်ကဲနေတဲ့ အင်္ဂါဖြစ်ပြီး အဆက်မပြတ် ဂရုစိုက်နေပေးဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အချို့သော အလေ့အကျင့်တွေက ဦးနှောက်လုပ်ဆောင်ချက်များကို ထိခိုက်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၁) အထိုင်များလွန်းခြင်း
အလွန်အမင်း ထိုင်ရတဲ့အခါ မှတ်ဉာဏ်ဖွဲ့စည်းခြင်းအတွက် လိုအပ်တဲ့နေရာကို ထိခိုက်စေကာ မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ ဒီမန်ရှာတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ၁၅ - ၃၀ မိနစ်ကြာတိုင်း လှုပ်ရှားမှုတစ်ခုခု လုပ်ပေးသင့်ပါတယ်။
(၂) လူမှုပေါင်းသင်းမှုမရှိခြင်း
အထီးကျန်ဆန်ခြင်းဟာ မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေတို့ကို မြင့်မားစေပါတယ်။
(၃) အိပ်ချိန်မလုံလောက်ခြင်း
အလုံအလောက် မအိပ်ရတဲ့အခါ မှတ်ဉာဏ်ပိုင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ကျဆင်းစေပါတယ်။
(၄) နာတာရှည်ဖိစီးမှုဖြစ်ခြင်း
ဖိစီးမှုကို ကြာရှည်ခံစားရတဲ့အခါ ဦးနှောက်ဆဲလ်များ ထိခိုက်စေပြီး မှတ်ဉာဏ်ပိုင်းနဲ့ လေ့လာသင်ယူခြင်းတို့ကို ထိခိုက်စေပါတယ်။
(၅) ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအစာ
လမ်းဘေးစာတွေ အစားများတဲ့အခါ မှတ်ဉာဏ်ပိုင်းနဲ့ အသိဉာဏ်ပိုင်း ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ကာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့ပါ ဖြစ်လာနိုင်ပါတယ်။
Source: India Today.
#World_Health
#Published_06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 771 of 1775