Published-3 November 2023
ကိုရီးယား အလုပ်လျှောက်လွှာတင်သူများအနေဖြင့် ကိုယ်ပိုင်ငွေစာရင်း ဘဏ်အကောင့်ကိုပါ ဖော်ပြပေးရ မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ထုတ်ပြန်ထားသည်။
ကိုးရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) စာမေးပွဲ အောင်မြင်ထားသူ များ အနေဖြင့် အလုပ်လျှောက်လွှာခေါ်ယူထားရာတွင် အလုပ်လျှောက်လွှာနှင့် အတူပူးတွဲတင်ပြရ မည့်စာရွက် စာတမ်းများတွင် အထက်ပါ ဘဏ်ငွေစာရင်း အကောင့်ကိုပါ တွဲတင်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများတွင် ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရာ၌ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကဘဏ် တစ်ခုခုတွင် နိုင်ငံကူးလက် မှတ်ပါ အမည်အတိုင်း ဖွင့်လှစ်ထား သည့် ကိုယ်ပိုင် ဘဏ်ငွေစာရင်း စာအုပ် မိတ္တူ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ကိုးရီးယားဘာသာအရည်အချင်းစစ်အထူး သီးသန့် စာမေးပွဲ(Special EPS-TOPIK)အောင် မြင်သူများအတွက် အလုပ်လျှောက်လွှာများကို နိုဝင်ဘာလ ၁ဝ ရက် တွင် ထုတ်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အလုပ်လျှောက်လွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
3 Nov, 2023
Russian Navy warships including two destroyers arrived in Yangon on Thursday evening to conduct joint maritime security exercise with Myanmar Navy, GNLM reported.
Two Navy warships, Admiral Tributs , Admiral Pantelyev and a Sea Tanker, Pechenga, docked at Yangon’s Thilawa Port yesterday evening, according to report.
The warships carrying a total of 800 Navy officers and other ranks were led by Captain 1st Rank Aleksei Anciferov of the Russian Pacific Fleet.
Senior officers and sailors from the Myanmar Navy, as well as Russian military attachés and officials, welcomed the Russian naval ships, GNLM said.
The arrival of Russian Navy warships was seen as a friendship visit to the Republic of the Union of Myanmar.
During their stay in Myanmar, they will also tour around Yangon, Myanmar’s former capital and largest city and play the friendly sports matches with Myanmar’s counterparts.
-ymg/knl
Published_ 03 November 2023
မြန်မာနိုင်ငံတွင် မြန်မာနှင့်ရုရှားပူးပေါင်း၍ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer)နှစ်စီးပါဝင်သော ရေတပ်စစ်ရေယာဉ်(၃)စီး တို့သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ရုရှားစစ်ရေယာဉ်(၃)စီးမှာ ဖျက်သင်္ဘော Admiral Tributs ၊ Admiral Panteleyev နှင့် Sea Tanker Pechenga တို့ဖြစ်ကြပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၂ရက် ညနေပိုင်းက ဆိုက်ကပ်ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန်အပြင် ချစ်ကြည်ရေးခရီးစဉ်များအဖြစ်လည်း လာရောက်ခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။
ရုရှား ရေတပ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်တယ်လို့သိရှိရပါတယ်။
-ymg’knl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 03 November 2023
ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးလ်တပ်များဟာ ဂါဇာကမ်းမြောင်ရဲ့ အဓိကမြို့ဖြစ်တဲ့ ဂါဇာမြို့ကို ဝိုင်းရံထားလိုက်ပြီလို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ကာ ပါလက်စ်တိုင်း စစ်သွေးကြွတွေကတော့ မြေအောက်လှိုဏ်ခေါင်းတွေထဲကနေ တိုက်ချီဆုတ်ချီဖြင့် ခုခံနေပါတယ်။
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင် မြောက်ပိုင်းမှမြို့ကို အဓိကထား တိုက်ခိုက်နေရာ ဟားမတ်စ်တို့ရဲ့ စစ်ဌာနချုပ်ကို ဖျက်ဆီးပစ်မယ်လို့ ကြုံးဝါးထားပြီး အရပ်သားတွေကို တောင်ပိုင်းသို့ ထွက်ပြေးရန် သတိပေးထားပါတယ်။
အခုဆိုရင် စစ်ပွဲအရှိန်မြင့်နေပြီဖြစ်ကြောင်း၊ အောင်မြင်မှုတွေရနေပြီး ဂါဇာမြို့ပြင်ပိုင်းကို ကျော်လာကာ ချီတက်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ပြောဆိုသွားပါတယ်။
အစ္စရေးလ် စစ်အင်ဂျင်နီယာ အကြီးအကဲ ဗိုလ်မှူးချုပ် အစ်ဒိုမစ်ဇ်ရာဟီက ယင်းတို့တပ်တွေဟာ မိုင်းတွေ ထောင်ချောက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဂါဇာမှာ အစ္စရေးလ်တို့ သေဆုံးတဲ့အရေအတွက်က စစ်တပ်က ကြေညာတာထက် များစွာပိုများကြောင်း ဟားမတ်စ်လက်နက်ကိုင်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အဘူယူဘိုင်ဒါက ပြောပြသွားပါတယ်။
သောကြာနေ့ မြေပြင်စစ်ဆေးရေး ချဲ့ထွင်ရာမှာ တပ်သား ၁၈ ဦးဆုံးရှုံးထားပြီး စစ်သွေးကြွ ဒါဇင်ခန့်ကို သတ်နိုင်ခဲ့တယ်လို့ အစ္စရေးလ်ဘက်က ဆိုပါတယ်။
ဟားမတ်စ်နဲ့ အစ္စလာမ်ဂျီဟဒ်အဖွဲ့တွေက လှိုဏ်ခေါင်းတွေထဲက ထွက်လာပြီး တင့်ကားတွေကို တိုက်ခိုက်ကာ လှိုဏ်ခေါင်းကွန်ရက်တွေထဲ ပြန်ဝင်သွားကြတယ်လို့ ဒေသခံတွေ ပြောကြားချက်နဲ့ ဗီဒီယိုမှတ်တမ်းများအရ သိရှိရပါတယ်။
ဟားမတ်စ်တို့ရဲ့ ဗီဒီယိုတစ်ခုထဲမှာ ဂါဇာကွင်းပြင်ထဲကနေ တိုက်ခိုက်ရေးသမားတစ်ဦး ပေါ်လာကာ တင့်ကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ပြီးနောက် လှိုဏ်ခေါင်းပေါက်သို့ ပြန်ပြေးသွားကာ ပေါက်ကွဲသံကြားလိုက်ရပါတယ်။
ပါလက်စ်တိုင်းအရပ်သားတွေကတော့ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ လောင်စာ၊ ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရပါတယ်။
အမေရိကန်က အရပ်သားတွေ ဂါဇာမှထွက်နိုင်အောင်နဲ့ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်အောင် ကူညီဖို့ကြိုးစားပေမယ့် လုံးဝအပစ်အခတ် ရပ်စဲရေးကိုတော့ လက်မခံပါဘူး။
ဂါဇာရှိ အရပ်သားများ အထိအခိုက် အနည်းဆုံးဖြစ်စေရန်အတွက် ဆွေးနွေးဖို့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အရှေ့အလယ်ပိုင်းသို့ ထွက်ခွာလာပါတယ်။
ဂါဇာတောင်ပိုင်းမှ လူတွေဟာ ချက်ပြုတ်ရန် မီးမရှိ၊ ရေမရှိဘဲ ကောင်းစွာမစားသုံးရတာကြောင့် နေမကောင်းဖြစ်လာကြပါတယ်။
ဂါဇာမြို့မှ ဆေးရုံ ၃၅ ရုံရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ မလည်ပတ်နိုင်ဘဲ အများစုက ဒုက္ခသည်စခန်းတွေ ဖြစ်နေကြပါတယ်။
Source: Reuters.
#World_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 3 November 2023
ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိသည့် YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက် ပါက Viber မှ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။
YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းနှင့် ကားဘေးတံခါးဖွင့် မောင်းနှင်ခြင်းစသည့် စည်းကမ်း ဖောက်ဖျက်မှုများ တွေ့ရှိပါကဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းနှင့်တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာများဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဆက်သွယ် တိုင်ကြား နိုင်မည့် ဖုန်းနံပတ် များ အနေဖြင့် YRTC ၏ Viber ဖုန်းနံပါတ် ၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄ တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီမှ စက်တင်ဘာအထိ ကိုးလတာအတွင်း စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များမှ ယာဉ်မောင်းများကို အပြစ်ပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့ရာ စုစုပေါင်းအမှု ၁၆,၆၉၉ မှုရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 3 November 2023
ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင် ရရှိထားသည့် အေဂျင်စီ များထဲ မှ အချို့ အေဂျင်စီများ သည် တရားမဝင် အောက်လမ်းမှ တစ်ဆင့် လုပ်သား ပို့ဆောင်နေမှု ရှိနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)ထံ မှ သိရသည်။
ထိုသို့ တရားမဝင် ပို့ဆောင် ခြင်းကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ထံ ကို တိုင်ကြားထားမှု များလည်း ရှိနေကြောင်း သိရသည်။
'' လိုင်စင် ရှိပြီးတော့ မလေးရှား ကို အောက်လမ်း က ပို့တယ်၊ ပို့နေတာ ကြာပြီ ထင်တယ် သူတို့ ပို့ပေးတဲ့ ကလေးတစ်ယောက်က မလေးရှားလေဆိပ်ကနေ ပြန်ကန်လာတာ ကနေ အဖွဲ့ချုပ်ကို လာတိုင် မှ လိုင်စင်ရှိပြီး အောက်လမ်း က ပို့နေတယ်လို့ သိရတာ၊အခုကိုဗစ်နောက်ပိုင်း မှ လိုင်စင်ရတဲ့ အေဂျင်စီ အသစ်တွေ၊သူတို့ကို စစ်မေးတော့ တရားဝင်လိုင်စင်ရထားပြီးတော့ အခုလို အောက်လမ်းက ပို့လို့မရဘူးဆိုတာ မသိဘူး ဝန်ကြီးဌာန ကို အမှု ပို့ပေးထားတယ် ''ဟု မြန်မာြပည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်းေရးမှုးဦးမြတ်သူက ပြောသည်။
ကိုဗစ်ကာလ ပြီးနောက်ပိုင်း တွင် ပြည်ပအလုပ်ကိုင် လိုင်စင်ရ အေဂျင်စီအသစ် များ များပြားလာသကဲ့ သို့ ပြည်ပ သို့ အလုပ်သွားရောက် လုပ်ကိုင်သည့် လုပ်သားများ လည်း များပြားလာကြောင်း သိရသည်။
'' အမှု တွေလည်း များလာတယ် တစ်ရက် ကို အနည်းဆုံး နှစ်မှု သုံးမှု ရှိတယ်၊အေဂျင်စီနဲ့ ပက်သက်တာဆိုရင် အဖွဲ့ချုပ် က ဖြေရှင်းပေးရတယ်၊အေဂျင်စီ မပါတဲ့ အမှု တွေ ဆိုရင်တော့ အလုပ်သမား ဝန်ကြီးဌာန ကို လွဲပေးလိုက်တယ်''ဟု ဦးမြတ်သူက ဆက်လက်ပြောသည်။
လက်ရှိ တွင် ပြည်ပ အလုပ်ကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၅၀၀ခန့်ရှိပြီး ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၀ကျော်ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_03 November 2023
အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေသူများအနေဖြင့် ဥပဒေပုဒ်မ ၁၅ နှင့်အညီ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက် အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင်၂၀၁၄ ခုနှစ်ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့်အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ်ပုံအားဖြင့်သော်လည်းကောင်းသဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟုလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
ယခုတွင် အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတည်ထောင်၍ E-Book ထုတ်ဝေစာများအား ထုတ်ဝေဖြန့်ချိ လျက်ရှိသည်ကိုတွေ့ရှိရပြီ အဆိုပါ E-Book ထုတ်ဝေစာများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ထုတ်ဝေစာအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အကျုံးဝင်ပါသဖြင့် သက်ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကျရန် ပြန်ကြားရေး ဝန်ကြီးဌာန မှ အသိပေးထားသည်။
ထို့ကြောင့် မိမိတို့၏ထုတ်ဝေစာများသည် ပုဒ်မ ၈ ပါစည်းကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေ ဆောင်ရွက်ရန်နှင့် နည်းဥပဒေ ၁၅ (ခ) နှင့်အညီ E-Book Soft Copy (၅) အုပ်/ (၅) စောင်ကိုမူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ပေးအပ်ရန် လိုအပ်ပါကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှအသိပေးထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 03 November 2023
အိန္ဒိယမှာ လေဖြတ်ခြင်းဟာ မသန်မစွမ်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းတို့ကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေပါတယ်။
၂၀၁၉ အတွင်း လေဖြတ်ခြင်းကြောင့် သေဆုံးသူ ၆၉၉,၀၀၀ ခန့်ရှိခဲ့ရာ စုစုပေါင်းသေဆုံးသူရဲ့ ၇.၄ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။
စစ်တမ်းများအရ ဦးနှောက်လေဖြတ်ခြင်း လက္ခဏာအကြောင်း သိရှိထားသူ အိန္ဒိယမှ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းတောင် မရှိပါဘူး။
လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။
ဒါကြောင့် လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကို သိရှိထားဖို့ အရေးကြီးနေပါတယ်။
(၁) ရုတ်တရက်ထုံကျဥ် အားနည်းခြင်း
ကိုယ်တစ်ခြမ်းရှိ လက်၊ ခြေထောက်၊ မျက်နှာတို့မှာ ထုံကျဥ်အားနည်းသွားခြင်းက လေဖြတ်ခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
(၂) စကားပြောရခက်ခဲခြင်း
စကားပြောရ ဝါးလာခြင်း၊ အသံထွက်ခက်ခဲလာခြင်းတို့ဟာ လေဖြတ်ခြင်းလက္ခဏာ ဖြစ်ပါတယ်။
(၃) အမြင်အာရုံပြဿနာ
မျက်လုံးတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ အမြင်ဝေဝါးခြင်း အမှောင်ကျသွားခြင်းတို့ဟာ လေဖြတ်ခြင်းကို ညွှန်ပြနေပါတယ်။
(၄) ပြင်းထန်စွာခေါင်းကိုက်ခြင်း
အကြောင်းမရှိဘဲနဲ့ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ခြင်းက လေဖြတ်ခြင်းလက္ခဏာ ဖြစ်ပါတယ်။
(၅) မူးဝေခြင်းနှင့် စိတ်နှင့်ကိုယ်မကပ်ခြင်း
လေဖြတ်နိုင်တဲလူတွေမှာ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်တည်ငြိမ်မှု မရှိခြင်း၊ လမ်းလျှောက်ရန် အခက်အခဲရှိခြင်းတို့ ဖြစ်တတ်ပါတယ်။
လေဖြတ်တယ်လို့ သံသယရှိပါက ဆေးကုသမှုချက်ချင်း ခံယူဖို့က အလွန်အရေးကြီးပါတယ်။
စောနိုင်သမျှ စောစောရောက်ခြင်းက ဦးနှောက်ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။
၄ နာရီခွဲအတွင်း အချိန်မီကုသနိုင်ပါက ထိခိုက်သွားတဲ့ ဦးနှောက်ဆဲလ်တွေ ပြန်လည်သက်သာလာနိုင်ပါတယ်။
ရေရှည်မှာ မသန်မစွမ်းဖြစ်တာမျိုးကို ကာကွယ်နိုင်ပြီး အသက်သေဆုံးနိုင်ခြေကို လျှော့ချပေးပါတယ်။
အကောင်းဆုံးကတော့ အနီးနားရှိ လေဖြတ်ကုသမှုစင်တာတွေထံ သွားရောက်တာပဲ ဖြစ်ပါတယ်။
Source: DoctorNDTV.
#Yangon_Times
#World_Health
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
(၂၀၂၃)တတိယသုံးလပတ်တွင် ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များ စံချိန်တင်သည်အထိရွှေများ ဝယ်ယူစုဆောင်းခဲ့
ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များဟာ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ကာလမှာ အသားတင်ရွှေ ၃၃၇ တန် ဝယ်ယူခဲ့ပြီး တတိယမြောက် ဝယ်ယူမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 02 November 2023
၁။ ရှမ်းမြောက် တိုက်ပွဲများကြောင့် မှုဆယ်တွင် ကုန်ဈေးနှုန်းမြင့်တတ်လာပြီး ပြည်သူများခက်ခဲနေ
၂။ စားအုန်းဆီသာ အားပြုစားနေရသည့် မြို့နယ်အချို့တွင် ဆီရရှိလာပြီး ဆီတိုးဝယ်ရခြင်းမရှိတော့ဟုဆို
၃။ ကုန်ကြမ်းနဲ့ လုပ်အားခဈေးနှုန်းတွေကြောင့် လက်မှုထည်အပါအဝင် ဝါးထုတ်ကုန်ဈေးနှုန်းများမြင့်တက်
၄။ (၂၀၂၃)တတိယသုံးလပတ်တွင် ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များ စံချိန်တင်သည်အထိ ရွှေများဝယ်ယူစုဆောင်းခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 02 November 2023
တရုတ်နိုင်ငံမှ Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲသည် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှု(CIPS)စနစ်တွင် အဖွဲ့ဝင်ဘဏ်အဖြစ် ပါဝင်လာပြီး ယွမ်ငွေပေးချေမှု လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါ Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ် (CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က ‘ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက် အဖွဲ့ဝင်ဘဏ်အဖြစ် ပါဝင်ခြင်းကို ဂုဏ်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် နယ်စပ်ကုန်သွယ်ရေးကို စာရင်းရှင်းလင်းသည့်စနစ် စတင်ထူထောင်ပြီးနောက် CIPS စနစ်ကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိသည့် နောက်တစ်ခုအရေးပါတိုးတက်မှုဖြစ်ကာ ယွမ်ငွေကို မြန်မာနိုင်ငံ၌ အသုံးပြုခြင်းကို ပိုမိုတိုးတက်မှုအား ကိုယ်စားပြုနေကြောင်း၊ နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးနှင့် တရုတ်-မြန်မာကုန်သွယ်ရင်း နှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အကျိုးရှိကြောင်း၊ တရုတ်-မြန်မာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကလည်း အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်၍ တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်း ဆောင်ရွက် မှု ထိပ်သီးဖိုရမ်၏ သဘောတူညီချက်ရလဒ်များကို အတူတကွကြိုးပမ်းဖော်ဆောင်ကာ CIPS ဘဏ္ဍာရေး ဝန်ဆောင်မှုကို ကောင်းမွန်စွာအသုံးပြု၍ ငွေကြေးဆိုင်ရာ ပေါင်းစပ်ပါဝင်မှုကို မြှင့်တင်ပြီး နှစ်နိုင်ငံစီးပွားရေး အပြန်အလှန်အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သွားရန် မျှော်လင့်ကြောင်း’ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ‘ ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက်အဖွဲ့ဝင် ဘဏ်အဖြစ် ပါဝင်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက မိမိနိုင်ငံ၌ပင် CIPS တစ်ကမ္ဘာလုံး စာရင်းရှင်းလင်းမှု ကွန်ရက်အား တိုက်ရိုက်အဆင်ပြေထိ ရောက်စွာ ပါဝင်နိုင်ခြင်းကို ဆိုလိုနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နိုင်ငံဖြစ်ကြောင်း၊ CIPS စနစ်နှင့် ချိတ်ဆက်ခြင်းသည် မြန်မာ-တရုတ် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ သက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးမည်ဖြစ်ကြောင်း’ အခမ်းအနား၌ ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်နှင့် အောင်မြင်စွာချိတ်ဆက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး CIPS တိုက်ရိုက်ဘဏ်အဖွဲ့ဝင်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 02 November 2023
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်ခွင့်ရှိသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းထားကြောင်း အလုပ်
သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခု၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁)ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်သားပို့ဆောင်စေလွှတ်ခွင့်ရသည့် အေဂျင်စီ စုစုပေါင်း (၁၅၇) ခုရှိသည့်အနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားသည့် အေဂျင်စီများမှာ Aung Kaung Mon Co.,Ltd , Diamond Bagan General Services Co.,Ltd , JMK Services Co.,Ltd , New Three Diamonds Co.,Ltd , Phyu Sin May Services Co.,Ltd , Shwe Lwin Lwin Trading Co.,Ltd , Shwe Phyo Thar Co.,Ltd , Star Yadanar Co.,Ltd , Top Choice Manpower Co.,Ltd , Win Phyo Aung Co.,Ltd, တို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယာယီပိတ်သိမ်းခံရသည့် အေဂျင်စီများကို (၆) လ မှ (၁) နှစ်အထိ ယာယီပိတ်သိမ်းထားခြင်းဖြစ်ပြီး အေဂျင်စီကုမ္ပဏီ (၁၄၇) ကသာ မြန်မာလုပ်သားများအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မြန်မာလုပ်သားများအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့် အေဂျင်စီစာရင်း အသေးစိတ်ကို Safe Migration တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 774 of 1774