#Local_News
Published-17 February 2024
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦး ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၀၂ ခုမှ အလုပ်သမားကျား၊မ စုစုပေါင်း ၉၃၇ ဦးကိုခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများနွင် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#Local_News #ဂျပန်ခေါ်ယူ #မြန်မာအလုပ်သမား #YMG/NN #Yangon_Times
#World_News
Published 17 February 2024
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ထရမ့်အဖွဲ့အစည်းအနေနဲ့ တရားမလိမ်လည်မှုနဲ့ ပတ်သက်ပြီး ဒေါ်လာ ၃၅၅ သန်းနီးပါး ဒဏ်ကြေးပေးဆောင်ရန် နယူးယော့ခ်တရားသူကြီးတစ်ဦးက သောကြာနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
စာမျက်နှာ ၉၀ ပါ တရားစီရင်ချက်မှာ ထရမ့်ကို နယူးယော့ခ်ပြည်နယ်မှာ ကုမ္ပဏီညွှန်ကြားရေးမှူးအဖြစ်မှ ၃ နှစ်တိုင် လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်ပါတယ်။
သူ့ရဲ့သားတွေဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာနဲ့ အဲရစ်ထရမ့်တို့ကိုလည်း တစ်ဦးကို ဒေါ်လာ ၄ သန်းစီ ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပါတယ်။
ဒါ့အပြင် ညွှန်ကြားရေးမှူးအဖြစ်မှ ၂ နှစ်တိုင် လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ သားနှစ်ယောက်တို့ဟာ ယင်းတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ဒေါ်လာ သိန်းနဲ့ချီ အဆမတန် ဈေးမြှင့်တင်ခဲ့တယ်လို့လည်း ဇန်နဝါရီလက အမှုစစ်ဆေးချက်မှာ တွေ့ရှိထားပါတယ်။
ဒါပေမဲ့ ထရမ့်တို့ကတော့ ဘာအမှားမှ မလုပ်ထားဘူးလို့ ငြင်းဆိုပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ ဒီအမှုဟာ ယင်းအပေါ် လိမ်လည်တာသာဖြစ်ပြီး နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာ ဖြစ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။
၂၀၂၃ မှာ လနဲ့ချီအောင် ငြင်းခုံခဲ့ကြတဲ့အမှု ပိတ်သိမ်းပြီးနောက် သီတင်းပတ်အနည်းငယ် အကြာမှာပဲ တရားသူကြီး အာသာအင်ဂိုရန်က ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးအရာရှိ အကြီးအကဲဟောင်း အယ်လန်ဝစ်ဆယ်ဘာ့ဂ်ကို ဒေါ်လာ ၁ သန်းပေးဆောင်ရန်နဲ့ နယူးယော့ခ်စီးပွားရေးကနေ ၃ နှစ်အထိ ပိတ်ပင်လိုက်ပါတယ်။
ထရမ့်ရဲ့စီးပွားရေးကို ကြီးကြပ်ရန် ခန့်အပ်ထားတဲ့ သီးခြားစောင့်ကြည့်သူကိုလည်း ၃ နှစ်တိုင် ဆက်လက်တာဝန်ပေးထားကြောင်း တရားသူကြီးက ဆိုပါတယ်။
ထရမ့်ရဲ့ရှေ့နေ အယ်လီနာဟက်ဘာက ထိုတရားစီရင်ချက်ကို တရားမျှတမှုမရှိဘဲ ဒေါ်နယ်ထရမ့်ကို နိုင်ငံရေးအရ ဖြုတ်ချဖို့ရည်ရွယ်တဲ့ စီရင်ချက်သာဖြစ်ကြောင်း သတ်မှတ်လိုက်ပါတယ်။
ဒေါ်လာ ၃၅၄.၈ သန်း ဒဏ်ကြေးနဲ့ စာရေးဆရာမ ရှောင်ကာရိုးလ်ကို အသရေဖျက်မှုဖြင့် ဒေါ်လာ ၈၃.၃ သန်း ပေးဆောင်ရန် ချမှတ်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ဘဏ္ဍာရေးရပ်တည်မှုကို ထိခိုက်လာစေနိုင်ပါတယ်။
#World_News #ဒေါ်နယ်ထရမ့် #ဒေါ်လာ(၃၅၅)သန်းဒဏ်ကြေးပေးဆောင်ရ #Source: NDTV
#Local_News
Published_ 17 February 2024
၂ဝ၂၄ ခုနှစ်၊ ရွှေနဂါးနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် တရုတ် - မြန်မာချစ်ကြည်ရေး ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသည့် အားကစားသမား(၁၆) ဦးကိုဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဖေဖော်ဝါရီ (၁၅)ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ကစားနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်ရေး နှီးနှောဖလှယ်ရေးအဖွဲ့ နာယက ဒေါ်နီနီ၊ တရုတ်မြန်မာချစ်ကြည်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရူ အားပေးကြသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာပွဲစဥ်အလိုက် ဆုရရှိသည့် အားကစားသမားများအား နာယက ဒေါ်နီနီ၊ ဥက္ကဌ ဦးတင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုရရှိသည့် ပထမ၊ဒုတိယ၊တတိယ(ပူးတွဲ)၊ကွာတားအဆင့် အားကစားသမားစုစုပေါင်း(၁၆) ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူး #တရုတ်-မြန်မာချစ်ကြည်ရေး #စားပွဲတင်တင်းနစ်ပြိုင်ပွဲ #tthl #Yangon_Times
#World_Health
Published 17 February 2024
ကီဝီသီးစားသုံးခြင်းဖြင့် ၄ ရက်လောက်အတွင်း စိတ်ကျန်းမာရေးကို တိုးတက်စေတယ်လို့ နယူးဇီလန် သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြောင်း ဗြတိသျှအာဟာရဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ကီဝီသီး ထည့်သွင်းစားသုံးခြင်းဖြင့် တစ်နေ့တာ စိတ်အခြေအနေပြောင်းလဲစေနိုင်တယ်လို့ အိုတာဂိုတက္ကသိုလ်မှ သုတေသနပြုစုသူ တမ်လင်ကွန်နာက ပြောပြသွားပါတယ်။
ဗိုက်တာမင်စီ ကြွယ်ဝတာကြောင့် စိတ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။
စမ်းသပ်ခံသူတွေကို ၈ ပတ်ဆက်တိုက် တစ်နေ့ကို ကီဝီသီး ၂လုံး ဒါမှမဟုတ် အာနိသင်မရှိတဲ့ ဖြည့်စွက်စာ စားသုံးစေပြီး သူတို့ရဲ့ အားအင်၊ စိတ်အခြေအနေ၊ အိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတို့အကြောင်း မေးမြန်းခဲ့ပါတယ်။
ဗိုက်တာမင်စီနဲ့ ကီဝီသီး စားသုံးတဲ့အဖွဲ့ဟာ စိတ်အခြေအနေတိုးတက်တာကို မြင်တွေ့ခဲ့ကြပါတယ်။
၄ ရက်အတွင်းမှာ စိတ်အခြေအနေနဲ့ ခွန်အားတိုးတက်လာတာ မြင်တွေ့ရပြီး ၁၄ ရက်မှ ၁၆ ရက်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ကီဝီသီးကနေ ဒီလိုမျိုး အကျိုးကျေးဇူးများ ပေးနိုင်တာဟာ ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားတာကြောင့်လို့ သိပ္ပံပညာရှင်များ ယူဆနေကြပါတယ်။
အာဟာရကြွယ်ဝဖို့နဲ့ ကျန်းမာစေဖို့အတွက် အာဟာရဓာတ်အမျိုးမျိုး ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးဖို့ သိပ္ပံပညာရှင်များ တိုက်တွန်းလိုက်ကြပါတယ်။
#World_Health #စိတ်အခြေအနေ #ကီဝီသီး #Source: New York Post
#World_Health
Published 17 February 2024
ခံတွင်းကျန်းမာရေးဟာ လူတွေလစ်လျူရှုတတ်ကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။
သွားကိုက်သွားနာခြင်းကြောင့် နေ့စဥ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။
ပါးစပ်မှာ ရောဂါပိုးဝင်ရောက်ခြင်းကနေ ဦးနှောက်နဲ့ သွေးကြောစနစ်တွေထဲ ဝင်ရောက်သွားနိုင်ပါတယ်။
သွားကိုက်ရခြင်း အဓိကအကြောင်းအရင်းက သွားပိုးစားခြင်း၊ ကြွေလွှာပျက်စီးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
မာကြောတဲ့အစာတွေကို ကိုက်မိတဲ့အခါ သွားကိုက်ခြင်းဝေဒနာ ခံစားရတတ်ပြီး ထိခိုက်တတ်တဲ့ အားကစားတွေကနေ ကာကွယ်နိုင်ရန် ပါးစပ်အကာအကွယ် တပ်ဆင်သင့်ပါတယ်။
သွားနားတဝိုက်မှ တစ်ရှူးတွေ ရောဂါပိုးကူးစက်ပြီး သွားဖုံးရောဂါဖြစ်ပွားတတ်ကာ ပုံမှန်သွားတိုက် သန့်ရှင်းရေးလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အံကြိတ်ရာကနေလည်း သွားကိုက်ခြင်း ဖြစ်ပေါ်စေနိုင်ကာ မေးရိုးနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သွားကိုက်ခြင်းကို သက်သာစေနိုင်မယ့် နည်းလမ်းတွေကတော့..
အထိရောက်အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ ခံတွင်းကိုဆားရေဖြင့် ဆေးခြင်းပါပဲ။
နာကျင်မှုကို သက်သာစေနိုင်မယ့် ဆေးဝါးတွေကတော့ အက်ဆီတာမီနိုဖန်၊ အိုင်ဗျူပရိုဖန်တို့ ရှိပါတယ်။
နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းလို့ရတဲ့ ဆေးတွေလည်း ရှိပါတယ်။
ရေခဲကပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကို သက်သာစေပါတယ်။
ဒါ့အပြင် နှစ်စဥ်နှစ်တိုင်း ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြသစစ်ဆေးသင့်ပါတယ်။
#World_Health #သွားကိုက်သွားနာခြင်း #သက်သာစေမည့်နည်းလမ်းများ #Source: India Today
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ လေတပ်မှ လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ဟာ တိုင်းပြည်လုံခြုံရေး မြှင့်တင်တဲ့ အနေဖြင့် J-20 ကိုယ်ပျောက်လေယာဥ်မှူးများကို တိုက်ခိုက်ရေးစွမ်းရည်များ စမ်းသပ်ကာ အကဲဖြတ်လေ့လာနေကြပါတယ်။
#Asia_Military
Published_ 16 February 2024
#ကိုယ်ပျောက်တိုက်လေယာဥ်သစ်များ #တပ်မတော်(PLA)
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 16 February 2024
၁။ အခြေခံလူတန်းစားများအတွက် ဆန်လက်လီဆိုင် ၅၈ဆိုင်၌ ဆန်(၁)ပြည် (၃၃၀ဝ)ကျပ်ဖြင့် စတင်ရောင်းချ
၂။ မတ်လဆန်း၌ဖွင့်မည့် နွေရာသီကလေးပန်းချီသင်တန်းများကို စုံစမ်းသူများလာ၊ သင်တန်းကြေးထောင်ဂဏာန်းသာတက်
၃။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းမှ ချေးငွေလိုအပ်နေသည့် ဈေးသူဈေးသား ၁၈၀ကျော်ကို ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော် ထုတ်ချေးပေးနိုင်ခဲ့ဟုဆို
၄။ တရုတ်နိုင်ငံ ပြည်တွင်းထုတ် ကိုယ်ပျောက်တိုက်လေယာဥ်သစ်များ လေ့ကျင့်ပျံသန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'သွားဖို့အတွက် အထွေထွေကုန်ကျစရိတ်က သိန်းလေးဆယ်ကျော် ငါးဆယ်နီးပါးခန့် ကုန်ကျနိုင်ပါတယ်၊ လစာကတစ်လကို လုပ်ခလစာ တစ်လကျပ်သိန်း ၅၀ မှ ၆၀ ခန့်ရရှိနိုင်ပါတယ်
#Local_News
Published_ 16 February 2024
#ကိုရီးယားသို့မြန်မာအမျိုးသမီးလုပ်သားစေလွတ် #စိတ်ဝင်စားမှုမြင့်တက်
#YMG/NN #Yangon_Times
#Local_News
Published 16 February 2024
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံအတွင်း ဈေးဆိုင်ခန်းများ ပွဲကြည့်စင်များနှင်ပျော်ပွဲရွှင်ပွဲကျင်းပနိုင်မည့်နေရာများ ပါဝင်သော တိုးချဲ့တည်ဆောက်ရေးလုပ်များ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန် - ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံကို အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က ပန်းခြံအတွင်းလျှောက်လမ်း များတည်ဆောက်ခြင်း ပန်းဥယျာဉ်နှင့်အားကစား ကွင်းများဌာနက ပန်းပင်များ စိုက်ပျိုးရန်ဆောင်ရွက်နေခြင်း၊ ပန်းခြံတိုးချဲ့မြေ နေရာတွင် ၁၀ ပေပတ်လည်ဆိုင် ခန်းပေါင်း ၃၀၀ ၊ လေးဧက ကျယ်ဝန်းသော ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မာကြာရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန်နေရာတို့ကို တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမှိုက်စွန့်ပစ်ရန်နေရာနှင့်ယာဉ်အစီး ရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ်ရပ်နားရန်နေရာများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများကို ဖေဖေါ်ဝါရီ၁၄ရက် ကရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#Local_News #ပျော်ပွဲရွှင်ပွဲကျင်းပနိုင်မည့်နေရာ ##လှိုင်သာယာဘုရင့်နောင်ပန်းခြံ #YMG/LW #Yangon_Times
စာပေနှင့် အနုပညာလက်ရာဖန်တီးသူတွေအနေနဲ့ မူပိုင်ခွင့်စလျှောက်နိုင်ပြီ။ "မူပိုင်ခွင့်လျှောက်ထားလိုသူတွေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှစာနဲ့ကိုယ်စားဖြစ်စေလျှောက်ထားနိုင်သလို နိုင်ငံခြားသားဖြစ်ရင်လည်း မြန်မာကိုယ်စားလှယ်မဖြစ်မနေခန့်အပ်ပြီးလျှောက်ထားနိုင်တယ်"
#Local_News
Published_ 16 February 2024
#မူပိုင်ခွင့်စတင်လျှောက်ထားနိုင်ပြီ #အနုပညာလက်ရာဖန်တီးသူတွေ
#tthl #Yangon_Times
#Local_News
Published 16 February 2024
ယနေ့ ပြည်တွင်းရှိ စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ မြင့်တက်လာပြီး တစ်ပတ်တာအတွင်းတစ်လီတာကျပ်၉၀ ခန့်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် တစ်ပါတ်ကာလတူက ၉၂ ဓာတ်ဆီ တလီတာ ၂၆၈၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၀၅ ကျပ်၊ ဒီဇယ်တလီတာ ၂၅၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၂၅၇၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် စက်သုံးဆီလက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တလီတာ ၂၇၇၀ ကျပ်၊ ၉၅ တလီတာ ကျပ် ၂၈၇၅ ကျပ်၊ ဒီဇယ်တလီတာ ၂၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၂၆၄၀ ကျပ်အထိအနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။
"တစ်ပတ်အတွင်းနည်းနည်းတက်လာတယ်၊ ဒီရက်ပိုင်းငွေ လဲနှုန်းလေးရယ်၊ စင်ကာပူဈေးနှုန်းလေးရယ်တော့နည်းနည်းတက်တာရှိတယ်၊ အရောင်းအဝယ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းခရီးသွားတာများကြတော့ ကောင်းပါတယ်"ဟု စက်သုံးဆီတစ်နိုင်တစ်ပိုင်ရောင်းချသူ တစ်ဦးက ပြောသည်။
စက်သုံးဆီသည်ခရီးသွားကာလများပြားချိန်နှင့် လယ်ယာလုပ်ငန်းခွင်များလုပ်ကိုင်ချိန်၌ အရောင်းအဝယ်ကောင်းလေ့ရှိကြောင်း သိရသည်။
ပြည်တွင်း၌အသုံးပြုနေသည့် စက်သုံးဆီကိုအဓိကအားဖြင့် စင်ကာပူနိုင်ငံမှဝယ်ယူလေ့ရှိပြီး ယခုရက်ပိုင်းအတွင်း ပြည်တွင်း ဒေါ်လာငွေလဲနှုန်း အနည်းငယ်မြင့်တက်လာသလို စင်ကာပူ၏ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းလည်း သိရသည်။
#ဓာတ်ဆီနှင့်ဒီဇယ်ဈေး #လီတာကျပ်၉၀ခန့်မြင့်တက် #YMG/NN #Yangon-Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးအတွင်း ရောင်းချနေတဲ့ ဈေးသူဈေးသားများထဲက လုပ်ငန်းတိုးချဲ့ရန် ချေးငွေလိုအပ်နေတဲ့ ဈေးသူဈေးသား ၁၈၆ဦး အတွက် ကျပ်သိန်းပေါင်း(၂၄၂၈၅) သိန်းကို ထုတ်ချေးနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myanmar Agro Exchange Public Co., Ltd ထံ က သိရပါတယ်။
#Local_News
Published_ 16 February 2024
#ချေးငွေလျှောက်လွှာများတင်နိုင် #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
Page 776 of 1930