Published_ 8 September 2023
ရန်ကုန်မှနေပြည်တော်သို့သွားရောက်သည့် ခရီးသည်တင်ယာဉ်Expressတစ်စီးမိုင်တိုင်-၉၂မိုင်အနီး တွင်တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါယာဉ်တမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ(၇)ဦးရှိသည်ဟုဆိုသည်။
‘‘ဟုတ်ပါတယ်။ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိပါတယ်မစိုးရိမ်ရပါဘူး။ထိခိုက်ဒဏ်ရာရသူစုစုပေါင်း(၇)ဦးပါ။ သေဆုံးသူတစ်ဦးရှိပါတယ်။ရန်ကုန်ကနေနေပြည်တော်သွားတာ၊မိုင်တိုင်၉၁နဲ့ ၉၂ကြားမှာပါ။ ကူညီကယ်ဆယ်ရေးတွေပြီးသွားပါပြီ’’ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMGကိုအတည်ပြုပြောသည်။
ယင်း ခရီးသည်တင်ယာဉ်Expressကားသည် မိုင်တိုင်၉၂အနီးတွင်စက်တင်ဘာလ၈ရက်နေ့လည်၁နာရီကျော် အချိန်တွင်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
ထိုင်းနိုင်ငံရှိ MOU မြန်မာအလုပ်သမားများ ပြည်တွင်းသို့ တရားဝင်သာ ပြန်လည် ဝင်ရောက်ရန် လိုအပ်
ထိုင်းနိုင်ငံအတွင်း ကို MOUစနစ်နဲ့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိခင်နိုင်ငံကို ပြန်လည်ဝင်ရောက်လာပါကလဲ တရားဝင်နည်းလမ်းအတိုင်း ပြန်လည်ဝင်ရောက်သင့်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
မြန်မာ့ရုပ်ရှင် သက်ကြီးပညာရှင်(၁၄၀)ဦးကို ပူဇော်ကန်တော့မည်
‘(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးပညာရှင်(၁၄၀)ဦးလောက်ကိုပူဇော် ကန်တော့သွားဖို့ ရှိတယ်’ဦးအေးကြူလေး( မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Published_ 8 September 2023
ယနေ့ စက်တင်ဘာ (၈)ရက် နံနက် ၁၀နာရီ ၅၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်ရှိ လူနေရပ်ကွက်အချို့ ရေနစ်မြှပ်ခဒ့ကြောင်း သိရသည်။
ယင်းသို့ ရေနစ်မြှပ်ရာ၌ ခတ္ထိယရပ်ကွက် ၊ တောင်(၂)ရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်း အနိမ့်ပိုင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထုံးဘိုနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ က သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်း မြစ်ရေကြီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် ကူညီပြောင်းရွှေ့ပေးရန်လိုအပ်သူရှိမရှိ ရေကင်းတွေပတ်ပြီးလိုက်လံစစ်ဆေးသတိပေးနေကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ရပ်တည်ချက် ပြန်လည်မြင့်တက်လာရန် လုပ်ဆောင်မည်ဟု အသင်းနည်းပြချုပ် ပြော
မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ခြေစွမ်းတွေတိုးတက်လာဖို့နဲ့ နိုင်ပွဲတွေ ဆက်တိုက်ရအောင် လုပ်ဆောင်သွားမယ်
Yangon Times/MY
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
အောက်တိုဘာတွင် ပုဂံသို့ ပြည်ပခရီးသွားဝင်ရောက်နိုင်
‘ပုဂံဒေသမှာ လည်စရာပတ်စရာနေရာတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေလည်း များစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ဝင်ရောက်လာရင် စားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ၊ တည်းခိုနိုင်ဖို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ သွားလာနိုင်ဖို့ မြင်းလှည်းတွေ၊ ကားတွေကြိုတင်အသင့်ပြင်ဆင်ထားတယ်’ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဌာန(ပုဂံရုံးခွဲ)တာဝန်ခံ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
သီတင်းကျွှတ်ကာလ နီးလာပေမယ့် ဖယောင်းတိုင်ကုန်ကြမ်း ဈေးတတ်ပြီး အရောင်းအေးနေ
မကြာခင်မှာ သီတင်းကျွှတ် မီးထွန်းပွဲတော် ကာလကို ရောက်ရှိ လာတော့မှာ ဖြစ်ပေမယ့် ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေ အနေနဲ့ ယခင်နှစ်တွေလို အရောင်းဝယ် မကောင်းဘဲ အရောင်းအေးနေတယ်လို့ ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Published-8 September 2023
၂၀၂၃ ခုနှစ် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲTHE ASEAN Business Awards Ceremony 2023 တွင် မြန်မာနိုင်ငံက ဆု၃ဆုရရှိခဲ့သည်။
THE ASEAN Business Awards Ceremony 2023 ကိုအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဟိုတယ် Ritz Carlton Pacific Place တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံက အာဆီယံစီးပွားရေးဆု သုံးဆု ဆွတ်ခူး ရရှိခဲ့ကြောင်းသိရသည်။
MSME Export Growth Award for Enterprise (Large Corporations and MSMEs) ဆုကို Bella Interiors Company Ltd မှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုအဖြစ် ကိုကျော်သူထက်က အာဆီယံ လူငယ်လုပ်ငန်း ကဏ္ဍတွင် ဆုရရှိခဲ့ပြီး ဒေါ်ခင်ချောစုဝင်းက အာဆီယံအမျိုးသမီးလုပ်ငန်းကဏ္ဍတွင် ဆုရရှိခဲ့သည်။
လုပ်ငန်း အမျိုးအစားအလိုက် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲအခမ်းအနားကို အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ASEAN-BAC) က ၂၀၀၇ ခုနှစ်ကစတင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ရိုးရာ အခမ်းအနား တစ်ခုဖြစ်ကြောင်းသိရသည်။
ABA ဆုပေးပွဲသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပြိုင်ဆိုင်မှုနှင့် ပေါင်းစပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနေပြီး အာဆီယံဒေသအနှံ့တွင် ဆုရရှိသူများ၏ အမှတ်တံဆိပ်များကို ကမ္ဘာတစ်ဝန်း မြှင့်တင်ရန် အခွင့်အလမ်းများ ပြုလုပ်ပေးကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
မြောက်ကိုရီးယားဟာ ပထမဆုံးသော နျူကလီးယားနည်းဗျူဟာမြောက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ရေချခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်တို့ကြား ရေပြင်တွေရှိ ကင်းလှည့်ရေတပ်ဖွဲ့မှာ တာဝန်ချထားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၈ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က စတင်ရေချခဲ့တဲ့ပွဲကို ခေါင်းဆောင် ကင်မ်ဂျုံအန်းတက်ရောက်ခဲ့ပြီး ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရတာဟာ အရေးတကြီးလိုအပ်တဲ့ တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကာ ဗျူဟာမြောက် နျူကလီးယားလက်နက်များ တပ်ဆင်ထားတဲ့ နောက်ထပ် ရေပြင်နဲ့ ရေငုပ်သင်္ဘောများကို ရေတပ်ထံ ပေးပို့သွားဦးမှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားသွားတယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘော နံပါတ် ၈၄၁ ကို သမိုင်းဝင်သူရဲကောင်း ကင်မ်ခွန်အုတ်ရဲ့ နာမည်ပေးထားကာ ရေတပ်ရဲ့ အဓိကရေငုပ်တိုက်ခိုက်ရေး လက်နက်အဖြစ် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိရေငုပ်သင်္ဘောတွေကို နျူကလီးယားလက်နက် တပ်ဆင်တဲ့ တိုက်ခိုက်ရေးသင်္ဘောများအဖြစ် ပြောင်းလဲရန် စီစဥ်နေကြပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အရှိန်မြှင့်ဆောက်လုပ်နေပါတယ်။
ရန်သူတွေဘက်က စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ရန်လိုတဲ့ အပြုအမူတွေကြောင့် ရေတပ်ကို လျင်မြန်စွာတိုးတက်အောင် ဆောင်ရွက်ဖို့က နှောင့်နှေးလို့မဖြစ်တဲ့ အဓိကဦးစားပေးကိစ္စ ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေနဲ့ ရေငုပ်သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်တွေကိုလည်း စမ်းသပ်ပစ်ခတ်ထားပြီး ဖြစ်ပါတယ်။
မြောက်ကိုရီးယားရေတပ်ဟာ အင်အားကြီးမားပေမယ့် စမ်းသပ်ဆဲ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော ၈.၂၄ ယွန်ဂန် တစ်စင်းထဲကသာ ဒုံးကျည်ပစ်လွှတ်ဖူးတယ်လို့ သိရှိထားပါတယ်။
မြောက်ကိုရီးယားက စနေနေ့မှာ စတင်တည်ထောင်ခြင်း အထိမ်းအမှတ် ၇၅ နှစ်မြောက် ကျင်းပမယ့်အချိန်မှာ ရေငုပ်သင်္ဘော ရေချပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: CNA
#World_Military
#YMG #Yangon_Times
Published_ 8 September 2023
ယနေ့ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း မိုး/ဇလ က အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခနိ့ ဆက်လက်မြင့်တက်လာနိုင်ကြောင်း အသိပေးထားသည်။
အလားတူ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ယင်းသို့ မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် ယမန်နေ့ စက်တင်ဘာ(၇)နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊အမှတ်(၁)ရပ်ကွက်၊ မြောက်ပိုင်းတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သေးသည်။
မိုးဇလ အနေဖြင့် မြစ်ရေမြင့်တက်မှု သတိပေးချက်နှင့်အတူ ယင်းဒေသများတွင်နေထိုင်သောသူများ သတိပြုနေတိုင်ကြရန် နှိုးဆော်မှုကို တဆက်တည် အသိပေးလျက်ရှိသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
ယခုနှစ်နိုဝင်ဘာလမှစတင်၍ Naypyidaw State Academyတွင်ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းကိုဖွင့်လှစ်နိုင်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
Naypyidaw State Academyဆေးသိပ္ပံပညာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင်ကျန်းမာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တက်ရောက်ခဲ့ပြီးသင်ကြားမည့်ဆရာ၊ဆရာမများခန့်အပ်ရေး၊ဝန်ထမ်းရေးရာကိစ္စရပ်များ၊သင်ကြားရေးဆိုင်ရာပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့်စပ်လျဉ်းပြီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Naypyidaw State Academyသို့ တက်ရောက်ခွင့်ရရှိမည့်ကျောင်းသားကျောင်းသူများကိုရွေးချယ်ရာတွင် ၄◌င်းတို့အောင်မြင်သည့် စာစစ်ဌာနအပေါ်မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေလျက်ရှိသော Out come- based Integrated Curriculumဖြင့် တစ်ပြေးညီသင်ကြားပို့ချနိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းပို့ချမည့်ဆရာဆရာမများမှာ ပညာရေး ဝန်ကြီးဌာန၊ Naypyidaw State Academyမှဆရာ၊ဆရာမများဖြစ်သောကြောင့် ဆေးပညာသင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန်ဘာသာရပ်ဆိုင်ရာဝါရင့်သင်ကြားရေးဆရာ၊ ဆရာမများပါဝင်သော အဖွဲ့နှင့် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၏ပြောကြားချက်အရသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
တောင်ကိုရီးယားရောက်မြန်မာတွေ အတွက် သာမန် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှု ကို လာမည့် စက်တင်ဘာလ ၁၁ရက် က စပြီး ပြန်လည်ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်းဆိုးလ်မြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ချက် အရ သိရသည်။
သာမန် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ အဆင်ပြေချောမွေ့စေရန် အတွက်
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်ကိုပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်း လုပ်ဆောင်ခဲ့တာကြောင်စက်တင်ဘာ၁ရက်က စပြီးယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်း ပြီးစီးသွားသောကြောင်စက်တင်ဘာ၁၁ရက် မှစတင်ပြီး့ပြန်လည် လုပ်ဆောင်ပေးရန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
နိူင်ငံကူးလက်မှတ်သက်တမ်းတိုးမည့်သူများ အနေဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ ပုံမှန်အတိုင်းပြန်လည်ခံသွားမှာဖြစ်တာကြောင့် သံရုံးက ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များထံဆက်သွယ်ပြီးအနည်းဆုံးသုံးရက်ကြိုတင်ရက်ချိန်းရယူဖို့ကိုလည်းသံရုံးကအသိပေးထားကြောင်း
သိရသည်။
#YMG #Yangon_Times
#Local_News
#YMG #Yangon_Times
Page 778 of 1704