#World_Health
Published 19 July 2024


▪️ ကျန်းမာစွာဖြင့် အသက်ရှည်နေထိုင်နိုင်ဖို့ အထောက်အကူ ပေးတဲ့အရာတွေက ဘယ်တော့မှ ပြီးဆုံးတယ်မရှိပါဘူး။

 

▪️ အခုဆိုရင်လည်း ဆရာဝန်တွေက အသက်ရှည်ကျန်းမာပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ရန် သုံးစွဲကြည့်သင့်တဲ့ ဖြည့်စွက်အားဆေး ၁၂ မျိုးကို မျှဝေသွားပါတယ်။

 

▪️ (၁) ဗိုက်တာမင်-ဒီ : နေရောင်ခြည်မှရတဲ့ ဗိုက်တာမင်ဓာတ်ဖြစ်ပြီး ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတဲ့အပြင် ဦးနှောက်ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

 

▪️ (၂) အိုမီဂါ၃ : ငါးကြီးဆီမှရတဲ့ အိုမီဂါ၃က ရောင်ရမ်းခြင်းကို သက်သာစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။

 

▪️ (၃) မဂ္ဂနီဆီယံ : ဓမ္မတာလာချိန် ကြွက်တက်ခြင်းနဲ့ ကြွက်သားကိုက်ခဲခြင်းတို့ကို သက်သာစေပြီး အိပ်စက်မှုကိုလည်း ကူညီပေးပါတယ်။

 

▪️ (၄) ဇင့် : အသားကြီး၊ သီဟိုဠ်စေ့၊ ဂုံးကမာကောင်တို့မှာ တွေ့ရတဲ့ ဇင့်ဓာတ်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး အအေးမိခြင်းကို အချိန်တိုအတွင်း သက်သာစေပါတယ်။

 

▪️ (၅) ဗိုက်တာမင်-ဘီအုပ်စု : ဗိုက်တာမင်ဓာတ် ၈ မျိုးပါဝင်ကာ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ အသည်းအဆိပ်ထုတ်ပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။

 

▪️ (၆) အိန္ဒိယဂျင်ဆင်း : အာရှနဲ့ အာဖရိကဒေသထွက် ဆေးပင်တစ်မျိုးဖြစ်ပြီး ဖိစီးမှုများ လျှော့ချပေးကာ စိတ်အခြေအနေ တိုးတက်စေပါတယ်။

 

▪️ (၇) ဗိုက်တာမင်-စီ : ကိုယ်ခံအားအတွက် အရေးကြီးသလို ဆဲလ်ကျန်းမာရေး၊ အရေပြား အရိုး အရိုးနုတို့ကို ထိန်းသိမ်းပေးကာ ဒဏ်ရာကျက်ခြင်းတို့ကို ကူညီပေးပါတယ်။

 

▪️ (၈) ဆယ်လီနီယံ : ဘရာဇီးလ်အခွံမာသီး၊ အတွင်းအင်္ဂါ၊ ပင်လယ်စာ၊ ဂျုံစပါး၊ နို့ထွက်ပစ္စည်းတို့မှာ တွေ့ရပြီး ရောဂါကူးစက်မှုများမှ ကာကွယ်ပေးပါတယ်။

 

▪️(၉) ခရိုမီယံ : သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပြီး ကာဗိုဟိုက်ဒရိတ်များနဲ့ အချိုစာ စားချင်စိတ်တို့ကို ထိန်းချုပ်ပေးပါတယ်။

 

▪️ (၁၀) ဂျင်ဂို : တရုတ်တိုင်းရင်းဆေးလက်စွဲဖြစ်ပြီး ရင်ကြပ်၊ လည်ချောင်းရောင်၊ နွမ်းနယ်ခြင်းတို့ကို ကုသရာမှာ အသုံးပြုပါတယ်။

 

▪️ (၁၁) ခြင်္သေ့လည်ဆံမှို : မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်ကြောင်း အထောက်အထား တွေ့ရှိထားပါတယ်။

 

▪️(၁၂) ကြက်သွန်ဖြူ : နှလုံးကျန်းမာရေးနဲ့ ဖျားနာခြင်းများအတွက် ကြက်သွန်ဖြူကို အကြံပြုထားကြပါတယ်။

 

#Source: New York Post