Published_ 6 September 2023
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က မြန်မာနှင့် ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် ခရီးစဉ်အသစ်ကို စက်တင်ဘာ ၅ ရက်က စတင်ပျံသန်းပြေးဆွဲပေးကြောင်းသိရသည်။
ယင်းလေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် MAI လေကြောင်းလိုင်း တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
MAI က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် အသွားအပြန် ခရီးစဉ်ကို ပြန်လည် ပျံသန်း နိုင်သည့်အတွက် နှစ်နိုင်ငံအကြား မိတ်ဖက်အနီးကပ် ပူးပေါင်းဆောင်ရွက် မှု ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်းလည်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။
ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ပျံသန်းထွက်ခွာမည့် လေယာဉ်သည် နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှမန္တလေး တံတားဦးလေဆိပ်ကို ထွက်ခွာပြီး ယင်းမှတစ်ဆင့် ညနေပိုင်းတွငိ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ထွက်ခွာမည်ဟုသိရပြီးခရီးစဉ်အသစ်ကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမည််ဖြစ်ပြီး ခရီးသွားများအနေဖြင့် နိုဗိုစီဗစ်မြို့က S7 လေကြောင်းလိုင်းကိုအသုံးပြု၍ မြို့တော်မော်စကိုအပါအဝင် တခြား ရုရှားနိုင်ငံ တစ်ဝန်းလုံးကို ဆက်လက်သွားရောက်လည်ပတ်နိုင်မည် ဖြစ်သလို ရုရှားခရီးသွား အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးကိုသာမက တခြားအာဆီယံနိုင်ငံများကိုပါ ချိတ်ဆက်လည်ပတ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ခရီးစဉ်အသစ်ကို ရုရှား နှင့်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ကူးလူးဆက်ဆံမှု ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမို တိုးတက်လာစေရေးအတွက် နှစ်ဖက်အစိုးရ၏ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဌာနများ ခရီးသွားကုမ္ပဏီများကလည်း မိမိနိုင်ငံမှာရှိပြီးသား ရိုးရာအမွေအနှစ်၊ သဘာဝတောတောင်ရှုခင်း၊ ပင်လယ်ကမ်းခြေအလှများကို အသုံးပြုကာ နှစ်နိုင်ငံပြည်သူတွေ သွားလာဆက်သွယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စတင်ပြေးဆွဲခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yagon_Times
Published_ 6 September 2023
အသားအရေပေါ်မှာ ပေါ်လာတတ်တဲ့ အရေးကြောင်းအတွန့်တွေဟာ မျက်နှာနဲ့ လည်ပင်းတို့မှာ အဓိက ဖြစ်ပေါ်တတ်ပါတယ်။
အရေးကြောင်းတွေ ဖြစ်ပေါ်ရတာဟာ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ မျက်နှာအမူအရာ အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ နေရောင်ကြောင့်ပျက်စီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
အရေပြားဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ရှေးရိုးစွဲယုံကြည်ချက်တွေ အယူအဆမှားတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) အသက်ကြီးလာမှသာ အရေးကြောင်း ပေါ်တတ်တာမဟုတ်ဘဲ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ကာ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပုံမှန်အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်အလက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၂) အမျိုးသမီးတွေမှာသာ အရေးကြောင်း ပေါ်တတ်တယ်ဆိုတာ မဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးတွေမှာပါ အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်တတ်ပြီး အမျိုးသမီးတွေကတော့ အလှအပရေးရာ စံနှုန်းများကြောင့် ပိုမိုစိုးရိမ်တတ်ကြတာ ဖြစ်ပါတယ်။
(၃) မျက်မှောင်ကျုံ့ခြင်း နှာခေါင်းရှုံ့ခြင်းတို့ကြောင့်သာ အရေးကြောင်းဖြစ်တယ်ဆိုတာလည်း မဟုတ်မှန်ဘဲ နေရောင်ထိတွေ့ခြင်း ဆေးလိပ်သောက်ခြင်း ကော်လာဂျင်ဆုံးရှုံးခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။
(၄) မျက်နှာလိမ်းခရင်မ်များက အရေးကြောင်းတွေကို လုံးဝဖယ်ရှားနိုင်တယ်ဆိုတာ မဟုတ်မှန်ဘဲ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းတွေက အရေးကြောင်းလေးတွေကို ယာယီသာ ဖုံးအုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
(၅) အရေးကြောင်းတွေက တသက်လုံးပြန်မပျောက်တော့ဘူးဆိုတာ အလုံးစုံမှန်ကန်ခြင်းမရှိဘဲ ဘိုတောက်စ်၊ အရေပြားဖြည့်တင်းဆေး၊ လေဆာကုသနည်း၊ ပလတ်စတစ်ခွဲစိတ်ခြင်းများဖြင့် အရေးကြောင်း အနည်းဆုံးကြောင်းဖြစ်အောင် ပြုပြင်နိုင်ပါတယ်။
(၆) မျိုးရိုးလိုက်တယ်ဆိုတာက အရေးကြောင်းပေါ်ပေါက်ရာမှာ အရေးပါပေမယ့် အခြားအချက်အလက်များကလည်း များစွာပါဝင် ပတ်သက်နေပါတယ်။
အရေးကြောင်းတွန့်များ ပေါ်ပေါက်ရတဲ့ အကြောင်းတရားအမှန်တွေကတော့..
(၁) အသက်အရွယ် ရလာတာနဲ့အမျှ အရေပြားက ခြောက်သွေ့လာပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ အရေးကြောင်းများ ဖြစ်ပေါ်လာပါတယ်။
(၂) အကာကွယ်မပါဘဲ နေရောင်ခြည်နဲ့ ထိတွေ့တာများတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စ်တင်ဆုံးရှုံးပြီး ငယ်ရွယ်စဥ်မှာပင် အရေးကြောင်းများ ဖြစ်ပေါ်လာစေပါတယ်။
(၃) ဆေးလိပ်ကြောင့် အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ စောစီးစွာ အရေးကြောင်းပေါ်ပေါက်လာတတ်ပြီး ဆေးလိပ်မသောက်သူများထက် အရေးကြောင်းက ပိုပြီးထင်ရှားတတ်ပါတယ်။
(၄) မျက်နှာမှာ ရေဓာတ်ထိန်းသိမ်းခြင်း၊ ပုံမှန်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ မပြုလုပ်ပါက အရေးကြောင်းပေါ်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။
(၅) မျက်နှာကို ခေါင်းအုံးပေါ်ဖိပြီး အိပ်စက်ခြင်းဖြင့် အချိန်ကြာလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်လာတတ်ပါတယ်။
(၆) စိတ်ဖိစီးမှုကြောင့် ကော်တီဆောလ်ဟော်မုန်း ထွက်ရှိကာ အရေပြားရှိ ကော်လာဂျင်ကို ဖြိုခွဲတဲ့အတွက် အရေးကြောင်းပိုမို ဖြစ်ပေါ်စေတတ်ပါတယ်။
Source: DoctorNDTV.
#World_Health
#YMG #Yangon_Times
၅ စက်တင်ဘာ ၂၀၂၃
ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၂၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ယနေ့ စက်တင်ဘာ (၅)ရက်က နေပြည်တော်တွင်ကျင်းပခဲ့တဲ့ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါသစ်ပင်သစ်များစိုက်ပျိုးရာတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများလည်း ပါဝင်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အတွက်
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ခုနှစ် မတ်လကာလအတွင်း . အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပါကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်
မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက သတိပေး မှာကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-
မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
ယခု တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊
ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရား အဝင်လမ်းဝဲယာတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများက လူထုလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးခဲ့တာလို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ကျူးကျော်ရက်စက်မှုသမိုင်းအမှန်ကို ဖော်ပြထားသည့်ပြပွဲ ယိုကိုဟားမားတွင်ခင်းကျင်းပြသ
တရုတ်နဲ့ ပစိဖိတ်စစ်ပွဲတို့မှာ ဂျပန်တိုရဲ့ကျူးကျော်မှုအကြောင်း ပြသထားတဲ့ပွဲကို ဂျပန်အလယ်ပိုင်း ယိုကိုဟားမားမြိုမှာ ပြုလုပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ ကျူးကျော်မှု သမိုင်းကြောင်းတွေကို ထုတ်ဖော်ပြသနေပါတယ်။
#World_Event
#Published_ 5 September 2023
#YMG #Yangon_Times
#Daily_News
Published_ 5 September 2023
၁။ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ပျှမ်းမျှ ၂ သိန်းခန့် ကျဆင်းလာ ဟုဆို
၂။ မူဆယ်-ကျင်စန်းကျော့ ဂိတ်ပေါက်က တရုတ်နိုင်ငံသို့ ပို့ကုန်တွဲကား အစီး ၃၀၀ ကျော် သွားနေ
၃။ ကြိုမှာယူသည့် EV မော်တော်ကားများ လက်ထဲမရောက်နိုင်သည့်ကိစ္စ တိုင်ကြားသူများရှိနေ
၄။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ကျူးကျော်ရက်စက်မှုသမိုင်းအမှန်ကို ဖော်ပြထားသည့်ပြပွဲ ယိုကိုဟားမားတွင် ခင်းကျင်းပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 5 September 2023
နိုင်ငံတကာခြေစမ်းပွဲ ယှဥ်ပြိုင်ကစားမည့် နီပေါလက်ရွေးစင်အသင်း ယနေ့ စက်တင်ဘာ(၅) ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
FIFA INTERNATIONAL "A" Friendly Matches အဖြစ် ယှဥ်ပြိုင်ကစားသွားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့၏ ပွဲစဥ်ကိုစက်တင်ဘာ (၈) ရက်နှင့် (၁၁)ရက် ညနေ (၅) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ယင်းပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့်လည်း ပြည် တွင်း ဘောလုံးကလပ်အသင်းများဖြင့် လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်သည်။
ပွဲစဉ်အား လာရောက်ကြည့်ရှု့မည့်ပရိတ်သတ်အတွက် ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ်( ၅၀၀၀)၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားကာ SKYNET SPORTS နှင့် CHANNEL 9 HD ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published 5 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ယခုလအတွင်း ရုရှားသို့သွားရောက်ကာ သမ္မတဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံရန် စီစဥ်ထားကြောင်း အမေရိကန်အရာရှိတစ်ဦးက BBC သတင်းဌာနမိတ်ဖက် CBS ထံ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် လက်နက်များ ထောက်ပံ့သွားဖွယ်ရှိနေတဲ့ ကိစ္စရပ်များအကြောင်း အဆိုပါခေါင်းဆောင်နှစ်ဦး ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ အမေရိကန်အရာရှိက ပြောပြခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားတဲ့ နေရာအတိအကျကိုတော့ သေချာမသိရသေးပါဘူး။
ဒီလိုထွက်ပေါ်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကရော ရုရှားဘက်ကပါ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
ကင်မ်ဂျုံအန်းဟာ သံချပ်ကာရထားဖြင့် သွားရောက်ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်များက New York Times ကို ပြောကြားခဲ့ပါတယ်။
ထိုနှစ်နိုင်ငံကြား လက်နက်ညှိနှိုင်းရေးက အတော်လေးခရီးပေါက်နေတယ်လို့ အိမ်ဖြူတော်က သတင်းသစ်ရရှိပြီးနောက် အခုလိုတွေ့ဆုံမယ့် အစီအစဥ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူ မကြာသေးမီက မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်စဥ် ရုရှားထံသို အမြှောက်ကျည်ဆံများ ရောင်းချပေးရန် မြောက်ကိုရီးယားကို စည်းရုံးကြိုးပမ်းခဲ့ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပြသွားပါတယ်။
အဲဒီနောက် ပူတင်နဲ့ ကင်မ်ဂျုံအန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်သွားရန် ကတိပြုကြတဲ့စာများ အပြန်အလှန် ပေးပို့ခဲ့ကြပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ လက်နက်ညှိနှိုင်းတာတွေကို ရပ်တန့်ရန်၊ ရုရှားထံသို့ လက်နက်များ မရောင်းချဘူးလို့ လူအများကို ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရန် မြောက်ကိုရီးယားကို တိုက်တွန်းလိုပါတယ်လို့ မစ္စတာကာဘီက ပြောပြသွားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရုရှားကို လက်နက်ထောက်ပံ့ပါက အမေရိကန်က အရေးယူသွားမှာဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သွားမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုက ရုရှားအရှေ့ဘက်ကမ်းရိုးတန်း ဗလာဒီဗိုစတော့မြို့မှာ ဖြစ်နိုင်ချေရှိတယ်လို့ New York Times က ဖော်ပြထားပါတယ်။
လုံခြုံရေးအရာရှိများပါဝင်တဲ့ မြောက်ကိုရီးယားရှေ့ပြေးအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ဗလာဒီဗိုစတော့နဲ့ မော်စကိုတို့ထံ သွားရောက်လည်ပတ်ခဲ့တာကြောင့် တွေ့ဆုံရန်စီစဥ်နေတာ ဖြစ်နိုင်တယ်လို့ သံတမန်သတင်းထောက် အက်ဒ်ဝပ်ဝေါင်က BBC သတင်းချန်နယ်ထံ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ဂြိုဟ်တုနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအစီအစဥ်များအတွက် အထောက်အပံ့ရရန် ရုရှားထံမှ အဆင့်မြင့်နည်းပညာများ ရယူဖို့ကြိုးစားနေတာဖြစ်ကြောင်း၊ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး ငတ်မွတ်ခေါင်းပါးမှုများ မကြာခဏကြုံတွေ့နေရကာ ရုရှားထံမှ စားနပ်ရိက္ခာ အကူအညီယူနေရကြောင်း သတင်းထောက်က ဆိုလိုက်ပါတယ်။
ရုရှားက လက်နက်ခဲယမ်း အသည်းအသန်လိုအပ်နေတာကို မြောက်ကိုရီးယားက သိရှိထားပြီး ဒီအတွက် တောင်းဆိုမယ့် တန်ကြေးက အလွန်မြင့်မားနိုင်ပါတယ်။
Source: BBC News
#World_News
#YMG #Yangon_Times
Published_ 5 September 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် လာမည့်ရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထ ရောနစ်မဲပေးစက်အကြောင်းနှင့်အသုံးပြုပုံကို မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ(၃၆)ပါတီကိုမိတ်ဆက်ပေးခဲ့ပြီးလက်တွေ့သရုပ်ပြပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်လက်တွေ့သရုပ်ပြသည့်အခမ်းအနားကို ရွေးကောက်ပွဲကော်မရှင်မှကြီးမှူး၍ ဩဂုတ်လ(၅) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကိုလာရောက်တက်ရောက်သည့်ဒီမိုကရက်တစ်ပါတီဒုဥက္ကဌ ဦးတင်ရွှေက ‘‘အရင်တုန်းက အသုံးပြုခဲ့တဲ့မဲစနစ်ဟာ တံဆိပ်တုံးထုတဲ့အခါ အကွက်ကကျော်သွားရင် အငြင်းပွားဖွယ်တွေရှိခဲ့ပြီး အခုမြန်မာအီလက်ထရော်နစ်မဲပေးစက်ဟာ အငြင်းပွားဖွယ်မရှိတော့သလို အသုံးပြုရတာလွယ်ကူတဲ့အတွက် အဆင်ပြေတယ်’’ဟု ပြောသည်။
ယခုမိတ်ဆက်ပေးသည့် မြန်မာအီလက်ထရော်နစ်မဲပေးစက်သည် လျှပ်စစ်မီးမရှိသောဒေသများတွင် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဝေးလံခေါင်ဖျားသောဒေသများမှ တိုင်းရင်းသားပြည်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးထွန်းအောင်ကလည်း ပြောသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ဘက်ထရီနှင့်အသုံးပြုနိုင်ပြီး ဆိုင်ကယ်ဘက်ထရီအပါအဝင်12Vရှိ သောဘက်ထရီတိုင်းဖြင့်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်ရွေးကောက်ပွဲ ကော်မရှင်မှဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအီလက်ထရော်နစ်မဲပေးစက်ဟာ အသုံးပြုရလွယ်ပြီး မီးစိမ်းလားအရင်ကြည့်ပြီး မီးစိမ်းပါက မိမိကြိုက်နှစ်သက်သောပါတီရှိသည့်အပြာရောင်ခလုတ်ကို တစ်ချက်နှိပ်ပေးလိုက်ရုံနဲ့မဲပေးပြီးသားဖြစ်မည် ဖြစ်သည်။
ယခုမိတ်ဆက်ပေးလိုက်သော မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ရွေးကောက်ပွဲတစ်ခုတည်းသာမက နောက်ပိုင်းအချိန်များတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများ၊ကြားဖြတ်ရွေးကောက်ပွဲများ၊စည်ပင်ရွေးကောက်ပွဲများတွင်လည်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုလည်းခြွေတာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
မျှင်ဖမ်းရာသီချိန် စောသိမ်းရတဲ့အတွက် ယခုနှစ်မျှင်ငါးပိ ကုန်ရှားပါးနေ
ပြီးခဲ့တဲ့ မျှင်ဖမ်းရာသီချိန်မှာ ဖမ်းဆီးရမယ့်ကာလထက် တစ်လကျော်စော သိမ်းခဲ့ရတာကြောင့် ဈေးကွက် အတွင်းမျှင်ငါးပိကုန်ရှားပါးမှုနဲ့ ကြုံတွေနေရတယ်လို့ ငါးပိအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
လက်ဝှေ့ထိုးခြင်းမှ မနားမယူခင် ဒေဝနှင့်ဖြစ်စေ ပရွမ်ဆွမ်နန်နှင့်ဖြစ်စေ တစ်ပွဲထိုးသတ်ချင်သေးဟု ထွန်းထွန်းမင်းပြော
ထွန်းထွန်းမင်းက သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်နိုင် ကျွန်တော်လက်ဝှေ့အနားမယူခင် တစ်ပွဲလောက် ဆုံချင်သေးတယ်
#Yangon_Times/MY
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
ကြိုတင်မှာပြီး ဝယ်ထားတဲ့ EV ကားတွေ ဝယ်သူလက်ထဲမရောက်သေးတာကြောင့် တိုင်ကြားသူတွေ ရှိလာနေတယ်လို့ ရန်ကုန်မှာ ရှိတဲ့ မော်တော်ကားရောင်းဝယ်ရေးအသင်း (ဗဟို) က သိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
တရုတ်- မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရှိတဲ့ ကျင်စန်းကျော့ ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံကို တွဲကား အစီး ၃၀၀ ကျော်နဲ့ ကုန်ကူးသန်းရောင်းဝယ်တာတွေ နေ့တိုင်း လုပ်နေတယ်လိုသိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
Page 782 of 1704