စာဆိုတော်နေ့အဖြစ် သက်ကြီးစာပေပညာရှင်(၂၇၉)ဦးကို ပူဇော်ကန်တော့မည်
‘ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ သက်ကြီးစာရေးဆရာတွေ များစွာရှိတဲ့အနက် စာပေပညာရှင်တွေဖြစ်တဲ့ သက်ကြီးစာပေပညာရှင် (၂၇၉)ဦးကို စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလထဲမှာ ပူဇော်ကန်တော့သွားမှာဖြစ်ပါတယ်’
မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ အတွင်းရေးမှူးမောင်ငြိမ်းသူ(ကြိုပင်ကောက်)
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဝါထွက်ကာလဖြစ်သောကြောင့် အိမ်ခြံမြေအငှား ဈေးကွက်သွက်နေပြီး တန်ဖိုးနည်းကွန်ဒိုနှင့်တိုက်ခန်းများ အရောင်းအဝယ်အနည်းငယ်ဖြစ်လာ
'တန်ဖိုးနည်းတိုက်ခန်း၊ ကွန်ဒိုတွေ အရောင်းအဝယ်လေးဖြစ်တယ်။ တန်ဖိုးကြီးတာတွေကတော့ဝယ်လက်ပျောက်နေတယ်။ အငှားဈေးကွက်ကတော့ သွက်တယ်'
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Yangon_Times/NN
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဦးပိန်တံတား ပြိုကျမှုကို ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်မည်
‘ အရင်တုန်းကလည်း ဦးပိန်တံတားဟာ ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေ အများကြီး ကြုံခဲ့ရဖူးပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြုပြင်ထိန်းသိမ်းရေးတွေကို ရှေးဟောင်းသုတေသနဌာနက စဉ်ဆက်မပျက် ဆောင်ရွက်ခဲ့ပါတယ်။ အခုပြိုကျမှုကိုလည်း ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းဖို့ ရှိပါတယ်’ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ဒုတိယညွှန်ကြား ရေးမှူးဦးသိန်းလွင်
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်သည့် အုန်းခွံ ဝယ်လိုအားကောင်းနေ
အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အုန်းခွံကို အုန်းဆံကြိုးပြုလုပ်ရာမှာ အသုံးပြုဖို့အတွက် ဝယ်လိုအား ကောင်းနေတယ်လို့ အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 31 October 2023
ရန်ကုန်တိုင်းတွင်ရုရှားခရီးသွားများကိုဆွဲဆောင်ရန် ဒဂုံမြို့သစ်မြောက်ပိုင်း၌ ရုရှားအော်သို ဒေါ့ခရစ်ယာန် ဘုရားကျောင်းတည်ဆောက်ရန်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အတွေ့အကြုံရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‘ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ရုရှားအော်သို ဒေါ့ခရစ်ယာန် ဘုရားကျောင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်တွင် လေ့လာလည်ပတ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်အသီးသီးနှင့် ရန်ကုန်မြို့သို့ ရုရှားနိုင်ငံသားများကို ဆွဲဆောင်နိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ရုရှားနိုင်ငံသားများအတွက် ဆွဲဆောင်မှုရှိသောမြို့ဖြစ်အောင် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း’ ထည့်သွင်း ပြောကြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကြီးမှူးကျင်းပသည့်အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ်(၄၃)ဦးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီ (၆၀)ကျော်မှ လုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
ကယားပြည်နယ်၊လွိုင်ကော်မြို့၊စျေးပိုင်းရပ်ကွက်ရှိ နောင်ယားကန်အတွင်း အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
အောက်တိုဘာ ၃၁ရက် နံနက် ၇နာရီခွဲ အချိန်ခန့်က နောင်ယားကန်ပေါင်းကူးတံတားအောက်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် လွိုင်ကော် မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ဖြင့်သွားရောက် ကယ်ဆယ်ပေးခဲ့ပြီး ရွှေလွိုင်ကော် လူမူကူညီရေးအသင်းယာဉ် ဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
"" သေဆုံးတဲ့ အမျိုးသားက အသက် ၃၀နှစ်လောက် ရှိပြီ ဈေးပိုင်းရပ်ကွက်ကဘဲ စိတ်ကျန်းမာရေး သိပ်မကောင်းလို့ တော့သိရတယ် ပြင်ပဒဏ်ရာ မတွေ့ရပါဘူး ရေနစ်သေဆုံးတာလို့ဘဲယူဆပါတယ်""ဟု ရွှေလွိုင်ကော် လူမူကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
နောင်ယားကန်သည် လွိုင်ကော် မြို့ရှိ အထင်ကရ ရေကန် တစ်ခု ဖြစ်ပြီး မြို့နေ ပြည်သူများ လာရောက်အပန်းဖြေကျသည့်နေရာ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ဝါရှင်တန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် ရွေးကောက်ပွဲ ကိုလိုရာဒိုပြည်နယ် မဲပေးမှုမှာ ပါဝင်ခွင့်မရသင့်ဘူးလို့ တရားရုံးရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးက တနင်္လာနေ့ အမှုစစ်ဆေးရာမှာ ဆိုလိုက်ပါတယ်။
ဝါရှင်တန်ရှိ အရပ်သားတာဝန်သိရှိရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အဖွဲ့မှ တင်သွင်းခဲ့တဲ့ အမှုဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေထောက်ခံချက် တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှုမှာ ပါဝင်တဲ့ လူတွေကို အစိုးရအဖွဲ့အစည်းမှာ ပါဝင်ခွင့် ပိတ်ပင်ထားတာကြောင့် ရီပတ်ဘလစ်ကန် ထရမ့်ကို နောက်ထပ်သမ္မတ ဖြစ်မလာအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ထရမ့်ဟာ ငြိမ်းချမ်းစွာ အာဏာကူးပြောင်းခြင်း မဖြစ်အောင် ကပ်ပီတိုလ်ကို တိုက်ခိုက်ဖို့ လူရမ်းကားအုပ်ကြီးကို လှုံ့ဆော်ခဲ့တယ်လို့ မဲဆန္ဒရှင်များနဲ့ တရားရုံးရှေ့နေအဖွဲ့ကို ကိုယ်စားပြုတဲ့ ရှေ့နေအဲရစ်အိုလ်ဆင်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ အုံကြွမှုမဖြစ်ခင် ရက်သတ္တပတ်များအလိုကတည်းက သမ္မတဟောင်းထရမ့်ဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဖြစ်သူ ဘိုင်ဒင်ကို ရှုံးနိမ့်ပြီး ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုများ ရှိခဲ့တယ်လို့ သတင်းမှားတွေ ထုတ်လွှင့်ခဲ့ကာ သူ့ရဲ့ထောက်ခံသူတွေကို ဝါရှင်တန်မှာ စုရုံးလာအောင် အားပေးခဲ့ပါတယ်။
ဘိုင်ဒင်အနိုင်ရရှိတာကို ကွန်ဂရက်လွှတ်တော်က အသိအမှတ်ပြုဖို့ ဆောင်ရွက်နေတဲ့ အမေရိကန်ကပ်ပီတိုလ် အဆောက်အအုံဆီသို့ ချီတက်ရန် လှုံ့ဆော်ခဲ့ပါတယ်။
အကြမ်းဖက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ဆူပူသောင်းကျန်းသူတွေကို အိမ်ပြန်ဖို့ ထရမ့်က တောင်းဆိုခဲ့ပါတယ်။
ထရမ့်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ စကော့ဂျက်စ်လာက ထရမ့်ဟာ ထောက်ခံသူတွေကို အကြမ်းဖက်ဖို့ အားပေးတာမျိုး မလုပ်ဘူးလို့ ငြင်းဆိုလိုက်ကာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စွပ်စွဲနေတာဖြစ်တယ်လို့ ပြောပြသွားပါတယ်။
ကိုလိုရာဒိုဟာ ဒီမိုကရက်တစ်ပြည်နယ်လို့ ပြောလို့ရပြီး မဲပေးမှုမှာ ထရမ့်ပါဝင်သည်ဖြစ်စေ ဘိုင်ဒင်အနိုင်ရဖို့ အခွင့်အလမ်းများနေပါတယ်။
ထရမ့်ဟာ မီချီဂန်နဲ့ မင်နီဆိုတာတို့မှာလည်း တရားရုံးရှေ့နေ အဖွဲ့များမှ တင်သွင်းထားတဲ့ အလားတူအမှုတွေကို ရင်ဆိုင်နေရပြီး ကိုလိုရာဒိုမှအမှုက ပထမဆုံးအမှုစစ်ဆေးတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုဖြစ်ပြီးနောက် တင်းမာမှုတွေ လျော့သွားအောင် ထရမ့်ကြိုးစားခဲ့ပေမယ့် ဥပဒေပြုအမတ်တွေရဲ့ စိုးရိမ်စိတ်တွေကို လျော့ပါးခြင်းမရှိခဲ့ဘူးဆိုတာကို ကယ်လီဖိုးနီးယား ဒီမိုကရက် အမေရိကန် ကိုယ်စားလှယ်လောင်း အဲရစ်ဆွဲဝဲလ်က သက်သေခံပြောကြားလိုက်ပါတယ်။
မဲရလဒ်ကို ရီပတ်ဘလစ်ကန်တွေက ဆက်ပြီး အတိုက်အခံ လုပ်နေဦးမယ်ဆိုရင် အကြမ်းဖက်လူအုပ်က ပြန်လာပြီး ပုန်ကန်နေမှာကို စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ ရီပတ်ဘလစ်ကန် သမ္မတအမည်စာရင်းမှာ ရှေ့ဆုံးကနေ ရှိနေပြီး လာမယ့်နှစ်မှာ ဘိုင်ဒင်နဲ့ ထပ်မံယှဥ်ပြိုင်ရဖွယ် ရှိနေပါတယ်။
သမ္မတရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ထရမ့်ဟာ အမှုများစွာကိုလည်း ရင်ဆိုင်နေရပါတယ်။
Source: Reuters
#World_News
#Yangon_Times
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅ဦး
ချွန်ဖွန်ခရိုင်တွင် ထပ်မံဖမ်းဆီး ခံရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြ ချက်အရသိရသည်။
အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ပါဝင်သည့် ပူပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ်ရာ ပစ်ကပ်ကား ၁ စီးကို စစ်ဆေးရာမှ ဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကားပေါ် တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၅ ဦး အပါအဝင် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားယာဉ်မောင်း၏ဇနီး(မြန်မာနိုင်ငံသူ)နှင့် ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၅ ဦးသည် ထိုင်းနိုင်ငံ၊ နခွန်းစီထမ်မလာ့ရ်ခရိုင်သို့ သွားရောက်အလုပ်လုပ်ကိုင်ကိုင်ရန် ကော့သောင်းမြို့မှ လာခဲ့ကြသူများဖြစ်ပြီး တစ်ဦးလျင် ပွဲးစားခ ဘတ် ၂၇၀၀၀ နှင့်ကားခ ဘတ် ၃၀၀၀၊ စုစုပေါင်း တစ်ဦးလျင် ဘတ်ငွေ ၃၀၀၀၀ စီပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၅ ဦးနှင့် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသူ ယာဉ်မောင်းနှင့်ဇနီးဖြစ်သူအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် ဖတို့ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
နာဆာ(NASA)ရဲ့ ဂျူနိုမစ်ရှင်ခရီးမှာ ရိုက်ကူးရရှိခဲ့တဲ့ ဂျူပီတာဂြိုဟ်ရဲ့ ပုံကတော့ လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
နာဆာရဲ့ ဂျူနိုအာကာသယာဥ်ကနေ ထိုဂြိုဟ်ကို ၅၄ ကြိမ်မြောက် အနီးကပ်လေ့လာခဲ့ရာမှာ စက်တင်ဘာ ၇ ရက်နေ့က ရိုက်ကူးရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျူပီတာရဲ့ မြောက်ပိုင်းနေရာတွေကနေ ကျောချမ်းစရာကောင်းတဲ့ ပုံတစ်ပုံကို အာကာသယာဥ်မှ ရိုက်ကူးမိခဲ့ပါတယ်။
ဂျူပီတာမှာ နေ့နဲ့ညပိုင်းခြားထားတဲ့ ဝင်ရိုးစွန်းတလျှောက် သရဲတစ္ဆေမျက်နှာနဲ့ ဆင်တူတဲ့ ဧရာမတိမ်တိုက်ကြီးတွေနဲ့ မုန်တိုင်းပုံသဏ္ဍာန်တွေ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရိုက်ကူးမိတဲ့ပုံထဲမှာ တိမ်တိုက်တွေရဲ့ ပုံပန်းသဏ္ဍာန်က တစ္ဆေတစ်ကောင်နဲ့ ဆင်တူနေတာပဲ ဖြစ်ပါတယ်။
ဟောလိုးဝင်းပွဲကလည်း အလွန်နီးကပ်လာတာနဲ့အမျှ ထိုပုံကို လူအများ စိတ်ဝင်စားလာကြပါတယ်။
ပုံရိပ်ထဲမှာ မျက်နှာတစ်ခုလိုမျိုး မျက်လုံး ၂ လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပေါက်တို့ ပါဝင်နေပါတယ်။
နောက်ထပ်အကဲဖြတ် ဆန်းစစ်မှုများ ပြုလုပ်နိုင်စေရန် ထိုပုံတွေကို ချပြခဲ့ကြောင်း နာဆာက ပြောပြခဲ့ပါတယ်။
ဒီပုံကို ဂျူပီတာအထက် ၂,၄၀၀ မိုင်မှာ ဂျူနိုယာဥ်ကနေ အရပ်ဘက် သိပ္ပံပညာရှင် ဗလာဒီမာတယ်ရာဆော့ဗ်က ရိုက်ကူးခဲ့တာဖြစ်ကြောင်း နာဆာက ဖော်ပြထားပါတယ်။
ဂြိုဟ်တစ်ခုကနေ မျက်နှာပုံသဏ္ဍာန်ပုံရိပ်ကို နာဆာမှ ရိုက်ကူးရရှိတာဟာ ဒါပထမဆုံးမဟုတ်ဘဲ ၁၉၇၆ တုန်းကလည်း မားစ်ဂြိုဟ်ပေါ်မှာ မျက်နှာပုံရိပ်တစ်ခု ရရှိဖူးပါတယ်။
ဂျူနိုအာကာသယာဥ်ဟာ ဂျူပီတာဂြိုဟ်ကို ပတ်နေတဲ့ နာဆာရဲ့ပစ္စည်းဖြစ်ပြီး ၂၀၁၁ ဩဂုတ်လက ကိပ်ကာနာဗရယ် လေတပ်စခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူနိုဟာ ဂျူပီတာဂြိုဟ်ရဲ့ ဖွဲ့စည်းပုံ၊ မြေကြီးဆွဲငင်အားစက်ဝန်း၊ သံလိုက်စက်ဝန်း၊ ဝင်ရိုးစွန်းသံလိုက်လျှပ်စစ်အားတို့ကို တိုင်းတာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရေပမာဏ၊ ထုထည်ဖြန့်ကျက်မှု၊ လေအားနှုန်းတို့ကို သိရှိရန်အတွက်လည်း နောက်ထပ်မစ်ရှင်တွေ ပြုလုပ်နေပါတယ်။
ဒါဟာ ၁၉၉၅ မှ ၂၀၀၃ ခုနှစ်အတွင်း ဂျူပီတာကို လှည့်ပတ်ခဲ့တဲ့ နျူကလီးယားစွမ်းအင်သုံး ဂယ်လယ်လီယိုနောက်ပိုင်း ဒုတိယမြောက် အာကာသယာဥ်ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
Published-30 October 2023
မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ရန်အပါ အဝင်အချက် ၁၁ ကို ထိရောက်စွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၃၀ ရက် တွင် နေပြည်တော်သို့ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံ ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့အကြား ပြုလုပ်သော (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးက သိရသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး ၊ လန်ချန်း-မဲခေါင်ပူး ပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူ မှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက် ရေး၊လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံ ကိန်းကြီး များလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆက် သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေ သနလုပ် ငန်းများပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေး၊လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊အနာဂတ်တွင် နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာ ချွန်လွှာလက်မှတ် ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သ တင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ် ဆက်ဆံ ရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက်အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
(၄)နှစ်အတွင်းပထမဆုံးအကြိမ်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် Japan Mobility Showတွင် နည်းပညာမြင့်ယာဥ်အမျိုးအစားအမျိုးမျိုးပြသ
သမားရိုးကျ မော်တော်ကားထုတ်လုပ်သူတွေက နောက်ဆုံးပေါ် ဒီဇိုင်းမော်ဒယ်များ ပြသလာကြပြီး Subaru ဆိုရင် ပျံသန်းနိုင်တဲ့ကားပုံစံကို ပြသလာကာ Toyota ကတော့ လကမ္ဘာမျက်နှာပြင်မှာ သွားလာနိုင်တဲ့ စမ်းသပ်ယာဥ်ကို ပြသထားပါတယ်။
#Asia_Event
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 779 of 1774