#Local_News
Published 18 July 2024

▪️ ပြည်သူများသုံးစွဲသည့်ဆေးဝါးများ ဘေးကင်းလုံခြုံစေရေးအတွက်ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်အား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

▪️ ထိုသို့စစ်ဆေးရာတွင်   ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှတာဝန်ရှိသူများယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ရွှေပြည့်စုံဈေးအတွင်း ဆေးဝါးဖြန့်ချီရေးဆိုင်အား ရှောင်တခင် စစ်ဆေးရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည်မြို့နယ်ဆေးဆိုင်ဆေးခန်းကြီးကြပ်ရေးကော်မတီနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#NN #Yangon_Times