#World_Research
Published 25 July 2024
▪️ တစ်ကမ္ဘာလုံးမှာ အသက်အရွယ်ကြီးလာသူတွေ များပြားလာပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲများ များပြားလာပါတယ်။
▪️ စင်္ကာပူ Duke-NUS ဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဒါနဲ့ပတ်သက်ပြီး အံ့အားသင့်စရာတစ်ခု တွေ့ရှိခဲ့ပါတယ်။
▪️ ကြွက်တွေထဲမှာ အင်တာလျူကင်-၁၁ (IL11)လို့ခေါ်တဲ့ ပရိုတိန်းက အိုမင်းခြင်းကို ဖြစ်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ထို IL11 ကို တားဆီးကုသခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို တန်ပြန်နိုင်ပြီး ကြွက်တွေရဲ့ သက်တမ်းတွေ တိုးမြှင့်နိုင်ခဲ့ပါတယ်။
▪️ ကြွက်တွေ အသက်ကြီးလာတာနဲ့အမျှ IL11 ကို ပိုမိုထုတ်လုပ်လာပါတယ်။
▪️ ထိုပရိုတိန်းဟာ အသည်း၊ ဝမ်းဗိုက်တို့မှာ မလိုလားအပ်တဲ့ အဆီတွေ စုပြုံလာစေပြီး ကြွက်သားထုထည်နဲ့ ကြံ့ခိုင်မှုကို လျော့ကျစေကာ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေ ဖြစ်ပေါ်စေပါတယ်။
▪️ သုတေသနအဖွဲ့က IL11 ဆန့်ကျင်ရေးနည်းလမ်းကိုလည်း စမ်းသပ်ဖို့ လုပ်နေပါတယ်။
▪️ ကြွက်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေကာ အန္တရာယ်ပေးတဲ့ အဆီဖြူများကို အကျိုးပြုတဲ့ အဆီညိုများအဖြစ် ပြောင်းလဲကာ ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အပူချိန်ကို ထိန်းသိမ်းစေမှာ ဖြစ်ပါတယ်။
▪️ ထိုကုသနည်းက ကြွက်သားလုပ်ဆောင်ချက်နဲ့ အလုံးစုံကျန်းမာရေးကို တိုးတက်စေပြီး ကြွက်တွေရဲ့ သက်တမ်းကို ၅ ရာခိုင်နှုန်းအထိ တိုးတက်စေပါတယ်။
▪️ ဒီနည်းလမ်းက အိုမင်းရင့်ရော်တဲ့ လမ်းကြောင်းတွေကို တားဆီးပေးပြီး နှလုံးရောဂါ၊ ကြွက်သားဆုံးရှုံးခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ ဒီနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မှ လူသားတွေ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေနိုင်မှာဖြစ်တယ်လို့ Duke-NUS မှ ပရော်ဖက်ဆာ စတူဝပ်ကွတ်ခ်က ပြောပါတယ်။
▪️ ဒါပေမဲ့ ဒီအတွက် ရန်ပုံငွေရရှိဖို့နဲ့ အသိအမှတ်ပြုခံရဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။
#Source: India Today