#World_News
Published 13 August 2024


▪️ အီရန်ဟာ ယခုသီတင်းပတ်အတွင်း အစ္စရေးလ်ကို တိုက်ခိုက်မှုကြီး ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန် အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။

 

▪️ ဩဂုတ် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဒီလိုတိုက်ခိုက်မှုမျိုးတွေအတွက် ပြင်ဆင်ထားရမယ်လို့ ပြောသွားပါတယ်။

 

▪️ အစ္စရေးလ်ဘက်ကလည်း ဒီလိုမျိုး အလားတူပြင်ဆင်ထားမယ်လို့ အမေရိကန်က မျှော်လင့်ထားသလို စိုးရိမ်ပူပန်နေရကြောင်း ပြောပါတယ်။

 

▪️ အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာတဲ့အတွက် အမေရိကန်က လေယာဉ်တင်သင်္ဘောအဖွဲ့နဲ့ ဒုံးကျည်ပစ်ရေငုပ်သင်္ဘော နေရာချထားကာ အစ္စရေးလ်ကို ထောက်ပံ့ကြောင်း ပြသထားပါတယ်။

 

▪️ အီရန်တိုက်ခိုက်လာနိုင်တဲ့ အကြောင်းအရင်းက ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ လုပ်ကြံခံရတာကို လက်တုန့်ပြန်တဲ့အနေဖြင့် ဖြစ်ပြီး ဒီလုပ်ကြံမှုကို အစ္စရေးလ်လုပ်တာလို့ သံသယရှိပေမယ့် တရားဝင် အတည်မပြုရသေးပါဘူး။

 

▪️ ဩဂုတ် ၅ ရက်နေ့ကပြုလုပ်တဲ့ ဂျီ၇ ကွန်ဖရန့်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ ပူးပေါင်းပြီး အစ္စရေးလ်ကို တိုက်ခိုက်လာနိုင်တဲ့အကြောင်း သတိပေးခဲ့ပါတယ်။

 

▪️ ဧပြီ ၁၃ ရက်နေ့က အီရန်တိုက်ခိုက်ခဲ့တာထက် ပိုပြီးတိုက်ခိုက်လာနိုင်တယ်လို့ အစ္စရေးလ်ကလည်း ခန့်မှန်းထားပါတယ်။

 

▪️ အီရန်က အစ္စရေးလ်ကို လက်စားချေခွင့်ရှိမရှိဆိုတာ သံသယဖြစ်စရာတောင် မလိုဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ပြောပါတယ်။

 

▪️ လက်စားချေခွင့်ရှိတယ်လို့ ပြောနေပေမယ့် အီရန်ဟာ ဒေသတွင်းတင်းမာမှု မြင့်တက်လာမှာ မလိုလားဘူးလို့လည်း ပြောပါတယ်။

 

▪️ ရန်လိုတိုက်ခိုက်လာသူတွေကို အပြစ်ပေးပြီး အစ္စရေးလ်အကြမ်းဖက်မှုတွေကို တားဆီးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းနိုင်မယ်လို့ ယူဆထားပါတယ်။

 

#Source: WION