#World_Health
Published 05 August 2024


▪️ သက်သက်လွတ်စားသူတွေဟာ ပရိုတိန်းချို့တဲ့ခြင်း ဖြစ်နိုင်ခြေများတဲ့အတွက် အပင်အခြေပြု ပရိုတိန်းတွေ ထည့်စားပေးဖို့ အရေးကြီးပါတယ်။

 

▪️ ပရိုတိန်းက ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်ကြီး ၃ မျိုးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရှိ ကြွက်သားတစ်ရှူးတွေကို ပြုပြင်တည်ဆောက်ပေးပြီး ဇီဝကမ္မဖြစ်စဉ် အမျိုးမျိုးမှာလည်း ပါဝင်ပါတယ်။

 

▪️ ခန္ဓာကိုယ်နဲ့ စိတ် မျှတစွာတည်ရှိဖို့ရာအတွက် အရေးပါနေပြီး အမိုင်နိုအက်ဆစ်တွေနဲ့ ပရိုတိန်းတွေကို တည်ဆောက်ထားပါတယ်။

 

▪️ သက်သက်လွတ်စားသူတွေ အာဟာရဓာတ် မျှတစွာရရှိဖို့ ပရိုတိန်းကြွယ်ဝတဲ့ စားစရာတွေကို ဖော်ပြလိုက်ပါတယ်။

 

▪️ (၁) မြေပဲထောပတ် - ကျန်းမာရေးအတွက် ကောင်းတဲ့အဆီများ၊ အိုမီဂါ-၃၊ အိုမီဂါ-၆ တို့အပြင် ပရိုတိန်းဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

 

▪️ (၂) အုတ်ဂျုံ - ပရိုတိန်းနဲ့ အမျှင်ဓာတ်များ ကြွယ်ဝတာကြောင့် ထည့်သွင်းစားသုံးရန် အထူးသင့်လျော်ပါတယ်။

 

▪️ (၃) ဟင်းရွက်စိမ်းများ - ဟင်းနုနွယ်၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ ပဲစိမ်းတို့မှာ ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပြီး အခြားအာဟာရဓာတ်များလည်း ပါဝင်ပါတယ်။

 

▪️ (၄) အခွံမာသီးများနှင့်အစေ့အဆန်များ - ပရိုတိန်းအပြည့်အဝရရှိဖို့ ဒီစားစရာတွေကို နေ့လယ်စာ ညစာစားတိုင်း ထည့်သွင်းသင့်ပါတယ်။

 

▪️ (၅) ပဲအမျိုးမျိုး - အမျိုးမျိုးသော ပဲတွေကို သင့်လျော်စွာ ချက်ပြုတ်ပါက ပရိုတိန်းအများအပြား ရရှိနိုင်ပါတယ်။

 

#Source: DoctorNDTV