၁၁ ဩဂုတ် ၂၀၂၄

YouTube နှင့် Google ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူဆန်ဝစ်ဂျစ်စကီဟာ  ဩဂုတ်၁၀ ရက်စနေနေ့က အဆုတ်ကင်ဆာရောဂါနှင့် ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

“ဆူဆန်ဝစ်ဂျစ်စကီ ကွယ်လွန်တဲ့သတင်းကို ကျွန်တော်ဝမ်းနည်းစွာနှင့်ပင် မျှဝေပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ချစ်ဇနီးအဖြစ် ၂၆ နှစ်အတူရှိခဲ့ပြီး ကလေး ၅ ယောက်ရဲ့မိခင်ဖြစ်တဲ့သူမဟာ အဆုတ်ကင်ဆာရောဂါ (၂)နှစ်ကြာ ခံစားရပြီးနောက် ဒီကနေ့မှာ ကျွန်တော်တို့ကိုထားခဲ့ပါပြီ” လို့ ခင်ပွန်းဖြစ်သူ ဒင်နစ်ထရူးပါးက ဖေ့စ်ဘုတ်မှာ ပို့စ်တင်ခဲ့ပါတယ်။

“ သူမဟာ လွန်ခဲ့တဲ့ (၂)နှစ်လုံးလုံး ခက်ခဲစွာနေထိုင်ခဲ့ရတယ်။ သူမဟာ သူမရဲ့ပရဟိတစိတ်ထားတွေနှင့် ကမ္ဘာကြီးကို ပိုမိုကောင်း မွန်အောင် စိတ်နှစ်လုပ်ဆောင်ခဲ့တယ်။ အဲဒီအထဲမှာ သူမခံစားနေရတဲ့ ရောဂါနှင့်ပတ်သက်တဲ့ သုတေသနလုပ်ငန်း ကို ပံ့ပိုးကူညီတာလည်းပါဝင်တယ်”လို့ Google ရဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်းက ပြောပါတယ်။

ဝစ်ဂျစ်စကီဟာ ၁၉၉၉ခုနှစ်မှာ Google မှာ စတင်အလုပ်လုပ်ခဲ့ပြီး သူမဟာနည်းပညာနယ်ပယ်ထဲက လူသိထင်ရှား အမျိုးသမီး တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

Google ဟာ ၂၀၀၆ခုနှစ်မှာ YouTube ကို ဒေါ်လာ ၁.၆၅ ဘီလျံနှင့်ဝယ်ယူခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာ YouTube ရဲ့ စီအီးအိုမဖြစ်ခင် Google ရဲ့ ကြေညာထုတ်ကုန်ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်သူမဟာ ၂၀၂၃ မှာ သမိသားစုကိစ္စ၊ကျန်းမာရေးကိစ္စနှင့် ပုဂ္ဂလိက စီမံကိန်းတွေကြောင့် YouTube ကနေ ထွက်ခဲ့ ပါတယ်။ အဲဒီနောက်သူမဟာ Google ရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘက်မှာ အကြံပေးအဖြစ် လုပ်ခဲ့ပါတယ်။

Ref Reuters