#Local_News
Published 14 August 2024


▪️ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

▪️ အာဏာသိမ်းလိုက်ပြီဟု ထွက်ပေါ်နေသော လူမှုကွန်ယက်သတင်းများအပေါ် ကိုးကား၍ ပြည်တွင်းမီဒီယာများ၏မေးမြန်းချက်အပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

 

▪️ အဆိုပါသတင်းမှာ ယမန်နေ့ ဩဂုတ်လ ၁၃ ရက်တွင် ပျံ့နှံ့‌နေခြင်းဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

▪️ "တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပါသည်။

 

▪️ လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပလောက်ကောင်များရဲ့ facebook အကောင့်အတု တွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်"ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#Yangon _Times /PP