၁၄ ဩဂုတ် ၂၀၂၄

ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ကြံရာပါ ထိုင်းနိုင်ငံသား နှစ်ဦးတို့ကို မြောက်ပိုင်း နက်ခွန် ဆာဝန်ပြည်နယ် နောင်ဘွာခရိုင် အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ အဲဒီမြန်မာ ၁၅ ဦးဟာ ပစ်ကပ်ထရပ်ကားတစ်ဦးထဲလိုက်ပါလာတာဖြစ်ပါတယ်။

သူတို့ပါလာတဲ့ ပစ်ကပ်ကားဟာ အမြန်လမ်းမ၁၁ အပေါ်မောင်းနှင်နေစဉ် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ အဲဒီကားကအရှိန်မြင့်ပြီး မောင်းသွားတာကို ပတ်တရောင်လှည့်တဲ့ရဲကားကတွေ့သွားပါတယ်။ ကားမှန်ပြတင်းတွေက စတစ်ကာအမည်း  တွေကပ်ထားပါတယ်။ ပတ်တရောင်ရဲတွေက အဲဒီကားနောက်လိုက်ပြီးရပ်တန့်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီအခါ ကားနောက်ခန်းမှာ ပုန်းပြီးလိုက်ပါလာတဲ့ မြန်မာ ၁၅ ဦးကို အထောက်အထားမဲ့တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့နှင့်အတူကြံရာပါထိုင်းလူမျိုးနှစ်ဦးဖြစ်တဲ့ ယာဉ်မောင်းနှင့်လက်ထောက်တို့ကိုလည်းဖမ်းမိပါတယ်။

ထိုင်းယာဉ်မောင်း ဆိုရာဆက်က ရဲတွေကိုပြောကြားရာမှာ အမည်မသိ ထိုင်းလူမျိုးတစ်ဦးက သူ့ကားကို ချင်းမိုင်ပြည်နယ် ဟော့ခရိုင်ကနေ ဆင်ဘူရီပြည်နယ် ဘူရီခရိုင်ကို မြန်မာ ၁၅ ဦးကိုပို့ခိုင်းတာဖြစ်ပြီး ပို့ခအဖြစ် တစ်ဦးကို ဘတ် ၁၅၀၀ ရရှိတယ်လို့ဆိုပါတယ်။

သူကလည်း  စစ်ဆေးရေးဂိတ်တွေမှာ ရဲတွေကို ကြည့်ဖို့ လက်ထောက်တစ်ဦးကိုဘတ် ၂၀၀၀နှင့်ထပ်ငှားခဲ့ပါတယ်။သူ့အနေနှင့် ယခင်က ဒီလိုမျိုး ငါးကြိမ် ခြောက်ကြိမ်လောက် လူတွေပို့ပေခဲ့ကြောင်းနှင့် ငွေလိုလို့ လုပ်တာဖြစ်ကြောင်း ရဲကိုအစစ်ခံပါတယ်။

မြန်မာ ၁၅ဦးကို စကားပြန်မှတစ်ဆင့် စစ်ဆေးရာမှာ မြန်မာတွေက သူတို့ဟာ ထိုင်းနိုင်ငံကို သဘာဝနယ်ခြားနေရာ တစ်ခုကနေ ခြေလျင်လျှောက်ဝင်လာခဲ့တာလို့ပြောပါတယ်။ သူတို့ဟာ အလုပ်ရမယ်လို့ ပြောလို့ အလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ်နှစ်သောင်းပေးပြီး ဝင်လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ချင်းမိုင်က နေရာတစ်နေရာမှာ သူတို့ကို အလုပ်အတွက် လာခေါ်မယ့်ကား စောင့်ခဲ့ကြရတယ်လို့ပြောပါတယ်။ ထိုင်းနှစ်ဦးနှင့်မြန်မာ ၁၅ဦးကို နောင်ဘွာရဲစခန်းမှာ အမှုဖွင့် အရေးယူထားကြောင်းသိရပါတယ်။

Ref: BKK Post