#Local_News

Published_15 August 2024

▪️ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ဒုတိယအကြိမ် လေလံကို ယနေ့ သြဂုတ်လ ၁၅ ရက် နံနက်က ပြုလုပ်ရာ မအောင်မြင်ခဲ့ ကြောင်း သိရသည်။

 

▪️ မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့တွင် လေလံ ပြုလုပ် ခဲ့ရာ လေလံဆွဲမည့်သူမရှိကြောင်း၊အလားတူ ယနေ့ပြုလုပ်သော လေလံပွဲတွင်လည်း ဝယ်ယူသူမရှိသော ကြောင့် မအောင်မြင်ခဲ့ကြောင်း သိရသည်။

 

▪️ ယခင်က လေလံတင်ရောင်းချရာတွင် ခြံအမှတ်(၅၄)၏ ကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြစ်ပြီးယခုအခါ လေလံကြမ်းခင်းဈေးကို ကျပ်ဘီလျံ ၃၀၀ သတ်မှတ်၍ သတ်မှတ်လေလံတင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိကြောင်း၊အမည်ပေါက်မှာ ဒေါ်ခင်ကြည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက်ထားမှုအပေါ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

 

▪️ သို့သော်လည်း ခြံဝင်းတစ်ခုလုံးကို လေလံပစ်ကာရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၇ ရက်တွင် ဦးအောင်ဆန်းဦးက အယူခံတက်ခဲ့ရာ ပါယ်ချမှုများ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့တင်ပြ၍အထူးအယူခံ လျှောက်ထားခဲ့ရာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ခွင့်ပြုကြောင်း အမိန့်ပြန် လည်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် လေလံပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

#Yangon_Times/PP