တရုတ်အနောက်တောင်ဘက် ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဒါထန်ဘာဆူ လေအားလျှပ်စစ် စီမံကိန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ပေအများဆုံးမှာရှိတဲ့ လေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ကြာသပတေးနေ့က ဓာတ်အားအပြည့်အဝဖြင့် တရားဝင်စတင် လည်ပတ်ပြီဖြစ်ပါတယ်။
#Asia_Development
Published 4 November 2024
#ကမ္ဘာ့ပေအမြင့်ဆုံး #လေအားလျှပ်စစ်စက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 November 2024
၁။ မြန်မာလှေလှော်အသင်း လက်ရည်စစ်ပွဲများအောင်ပွဲရပြီး "ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲ"သို့ဝင်ခွင့်ရ
၂။ သီရိမင်္ဂလာဈေးသို့ တစ်ရက်လျှင် ကုန်ချိန်သုံးသိန်းကျော် ဝင်ရောက်ပြီး ပြန်လည်ဖြန့်ဖြူးနေ
၃။ အခုအပတ်စားအုန်းဆီဈေးရာဂဏန်းတက်၊ ရန်ကုန်(၄၄)မြို့နယ်သို့ ရည်ညွှန်းဈေးဖြင့်အိမ်တိုင်ရာ ရောက်ပို့ပေးနေ
၄။ ကမ္ဘာ့ပေအမြင့်ဆုံး လေအားလျှပ်စစ်စက်ရုံ တရုတ်နိုင်ငံ ရှီဇန်ဒေသ၌စတင်လည်ပတ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'စိတ်ဒဏ်ရာရဲ့အခြားတစ်ဖက်' စာအုပ်ရောင်းရငွေအားလုံးကို စိတ်ကျန်းမာရေးပြန့်ပွားစေဖို့အတွက် သင်တန်း Workshop တွေပေးတာနဲ့စိတ်ဒဏ်ရာကုသမှုခံယူနေသူတွေအတွက်အသုံးပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 November 2024
#စိတ်ဒဏ်ရာရနေသူများ #ထောက်ပံ့မှုကူညီမှု
#YMG/tthl #Yangon_Times
ရည်ညွှန်းဈေးနှုန်းစားအုန်းဆီတစ်ပိဿာကို ၆၅၉၅ကျပ်နဲ့ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်(၄၄)မြို့နယ်သို့ဖုန်းဆက်မှာယူပါက အိမ်အရောက်ပို့စနစ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။
#Local_News
Published 4 November 2024
#စားအုန်းဆီဈေး #ဆီလုပ်ငန်းရှင်
#YMG/tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနှင့်ငွေလဲနှုန်းများကျဆင်းနေ၍ ရွှေဈေးပါ ကျရိပ်ရှိနေတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 4 November 2024
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကျ
#YMG/NN #Yangon_Times
ရန်ကုန်မြို့၊ သီရိမင်္ဂလာဟင်းသီးဟင်းရွက် လက်ကားဈေးကြီးသို့ တစ်ရက်လျှင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကုန်ပိဿာချိန်သုံးသိန်းကျော် ဝင်ရောက်နေပြီး ရန်ကုန်မြို့တွင်းရှိ လက်လီဈေးတွေအပြင် နယ်စုံသို့ ပြန်လည်ဖြန့်ဖြူးပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
#Local_News
Published 4 November 2024
#သီရိမင်္ဂလာဈေး #ဟင်းသီးဟင်းရွက်လက်ကားဈေး
#YMG/NN #Yangon_Times
မြန်မာလှေလှော်အသင်း လက်ရည်စစ်ပွဲတွေမှာ အောင်ပွဲရပြီး ကမ္ဘာ့အကောင်းဆုံး(၁၂)သင်းမှာပါဝင်ကာ ၂၀၂၅ခုနှစ် ၊ တရုတ်နိုင်ငံ ၊ ချန်ဒူးမြို့မှာ သြဂုတ်လ ၉ရက်နဲ့ ၁၀ရက်တို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားတယ်လို့ သိရပါတယ်။
#Local_News
Published 4 November 2024
#ကမ္ဘာ့အားကစားပြိုင်ပွဲ #ချန်ပီယံရှစ် #နဂါးလှေလှော်ပြိုင်ပွဲ
#YMG/tthl #Yangon_Times
#Local_News
Published 4 November 2024
▪️ လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူမည်သူမဆို သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့် မှ ဥပဒေနှင့်အညီ ချမှတ်ထားသောအမိန့်ကို လိုက်နာရမည်ဖြစ်ကြောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ၌ ဖော်ပြထားသည်။
▪️ ထို့အပြင် လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသောကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ ကြောင်း ၊စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ်သို့မဟုတ် အစိုးရကအသိအမှတ်ပြုသောဘဏ်တွင်သာပေါင်နှံရမည်ဖြစ်ကြောင်း သိရသည်။
▪️ လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံအမျိူးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမရှိရကြောင်း ၊ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကိုလှပ်ထားခြင်းမပြုရ
▪️ သို့ရာတွင် လယ်ယာမြေကို လှပ်ထားရန်အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ပါက ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြရမည် ယင်းသို့လှပ်ထားခြင်းသည်လည်း ရွေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်မပိုစေရကြောင်း သိရသည်။
▪️ လယ်ယာမြေကိုလက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့် ရာသီသီးနှံကိုပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုး
အမြတ်ကိုခံစားပိုင်ခွင့် ရှိမည်ဖြစ်ကြောင်း၊ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊လဲလှယ်ခွင်နှင့်ပေးကမ်းခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့် အညီ သက်ဆိုင်ရာတရားရုံး၏
အဆုံးအဖြတ်ခံယူနိုင်ခွင့် သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသို့မဟုတ် အစိုးရအသိအမှတ်ပြုထားသည့်
အဖွဲ့အစည်း အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်လည်း အကျိုးတူလုပ်ကိုင်ခွင့်၊ လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ နှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 November 2024
▪️ မြန်မာအလုပ်သမား (၁၄၀၀) ဝန်းကျင်အား ဂျပန်ကုမ္ပဏီများမှ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ဂျပန်ကုမ္ပဏီ (၄၃၁)ခုမှ မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဂျပန်နိုင်ငံမှ မြန်မာလုပ်သားများခေါ်ယူရာတွင် အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ထောင်ကျော်ကို ခေါ်ယူထားခြင်းဖြစ်သည်။
▪️ ထိုသို့ခေါ်ယူရာတွင် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေသည့်အပြင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 04 November 2024
▪️ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပါက ဥရောပအနေနဲ့ ယူကရိန်းအပေါ် ထောက်ပံ့နေခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လိမ့်မယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က တနင်္လာနေ့က ပြောကြားလိုက်ပြီး စစ်ပွဲဝန်ထုပ်ကြီးကို ဥရောပတစ်တိုက်တည်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
▪️ အော်ဘန်ဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့ခြင်းအပေါ် ဆန့်ကျင်သူဖြစ်ပြီး ထရမ့်က ယူကရိန်းအတွက် ငြိမ်းချမ်းရေး ညှိနှိုင်းပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
▪️ အော်ဘန်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း သမ္မတဟောင်းထရမ့်ဟာ လာမယ့် အင်္ဂါနေ့ အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ်ကို အနိုင်ရမယ်လို့ ထောက်ခံနေပါတယ်။
▪️ "အမေရိကားမှာ ငြိမ်းချမ်းရေးလိုလားတဲ့ သမ္မတတစ်ဦးရှိတာကို ဥရောပအနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ထရမ့်သာ အနိုင်ရလို့ အမေရိကားလည်း ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် ဥရောပဟာ ဆက်ပြီး စစ်ပွဲလိုလားနေလို့ မရတော့ပါဘူး" လို့ ဆိုပါတယ်။
▪️ လာမယ့်သီတင်းပတ် ဘူဒါပတ်စ်မှာ ပြုလုပ်မယ့် ဥရောပနိုင်ငံရေး အသင်းအဖွဲ့ အစည်းအဝေးမှာ ဥရောပခေါင်းဆောင်များ တွေ့ဆုံပြီး ယူကရိန်းအရေးကို ဦးစားပေး ဆွေးနွေးသွားဖွယ် ရှိပါတယ်။
▪️ အမေရိကန် ရွေးကောက်ပွဲရလဒ်က ယူကရိန်းစစ်ပွဲနဲ့ ဥရောပလုံခြုံရေးကို ဘယ်လိုသက်ရောက်မလဲ ဆိုတာကို ဥရောပက စိုးရိမ်ပူပန်နေကြပါတယ်။
▪️ အော်ဘန်က ရုရှားနဲ့ ဆက်ဆံရေးနီးစပ်ပြီး ယူကရိန်းထောက်ပံ့ရေးကို ဆန့်ကျင်နေတဲ့အတွက် ဘယ်လ်ဂျီယံက မကျေမနပ် ဖြစ်နေပါတယ်။
▪️ ဟန်ဂေရီအစိုးရက ထရမ့်ကို ယူကရိန်းမှာ ငြိမ်းချမ်းရေး ရယူပေးနိုင်မယ့် အခွင့်အလမ်းကြီး တစ်ခုအဖြစ် ရှုမြင်နေတယ်လို့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာဇစ်ဂျာတိုက ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။
▪️ ဒါ့အပြင် အော်ဘန်တို့က အင်္ဂါနေ့ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရစေရန် ဆုတောင်းလိုက်ပါတယ်။
#Source: WION
#Local_News
Published 4 November 2024
▪️ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်မည်ဟု ယခင်ရက်များက ထွက်ပေါ်ခဲ့တဲ့သတင်းများအပေါ် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့အတည်ပြုထုတ်ပြန်ပါတယ်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက် အထိကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထပ်သီး အစည်းအဝေး 8 Greater Mekong Subregion(GMS)၊ (၁၀)ကြိမ်မြောက်ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တို့သို့ ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
▪️ ယင်းအပြင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#World_Health
Published 04 November 2024
▪️ ပရိုတိန်းဓာတ်ဟာ လူ့ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက် အားလုံးနီးပါးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ ကြွက်သား တည်ဆောက်ခြင်းသာမက ဇီဝကမ္မ ကျန်းမာရေးဖြစ်စဉ်တွေကိုလည်း အကျိုးရှိစေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ပရိုတိန်းကို အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပြီး အင်ဇိုင်း၊ ဟော်မုန်း၊ ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။
▪️ ခန္ဓာကိုယ်က ပရိုတိန်းကို မထိန်းသိမ်းနိုင်တာကြောင့် ပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။
▪️ ပရိုတိန်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ကြွက်သားထုထည်နဲ့ ကျန်းမာရေးကို ထိန်းသိမ်းရာမှာ ကူညီပေးပြီး အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးလာခြင်းကို လျှော့ချပေးကာ သက်ရှည်ကျန်းမာစေပါတယ်။
▪️ (၂) ပရိုတိန်းကို ထည့်သွင်းစားသုံးခြင်းဖြင့် အရိုးသိပ်သည်းဆကို တိုးများစေကာ အရိုးအက်ခြင်း၊ အရိုးပွခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ (၃) ဗိုက်ပြည့်တင်းစေတာကြောင့် ဆာလောင်မှုကို လျှော့ချပေးသဖြင့် အစားသိပ်မစားဖြစ်တော့ဘဲ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေပါတယ်။
▪️ (၄) ပဋိဇီဝပစ္စည်းများနဲ့ ခုခံအားဆဲလ်များ ထုတ်လုပ်ရာမှာ ကူညီပေးတာကြောင့် ရောဂါကူးစက်မှုများမှ ကာကွယ်ပေးပြီး ကိုယ်ခံအားမြှင့်တင်ပေးပါတယ်။
▪️ (၅) ဇီဝကမ္မဖြစ်စဉ် ကျန်းမာရေးကို ကောင်းမွန်စေကာ ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေသဖြင့် ဆီးချိုရောဂါလိုမျိုး ဇီဝဖြစ်စဉ်ရောဂါများ ဖြစ်နိုင်ခြေနည်းစေပါတယ်။
▪️ (၆) ဦးနှောက်ကျန်းမာရေးမှာလည်း ပတ်သက်ပြီး ထရစ်ပ်တိုဖန်လိုမျိုး အမိုင်နိုအက်ဆစ်များက ဆယ်ရိုတိုနင်တွေ ထွက်ရှိစေပြီး စိတ်အခြေအနေနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတို့ကို တိုးတက်စေပါတယ်။
▪️ (၇) တစ်ရှူးများ ပြုပြင်ပေးပြီး ပြန်လည်သက်သာစေသဖြင့် နာမကျန်းဖြစ်မှုများမှ လျင်မြန်စွာ သက်သာစေကာ သက်ရှည်ကျန်းမာပြီး ကြံ့ခိုင်စေပါတယ်။
▪️ (၈) သွေးဖိအား လျော့နည်းစေခြင်း၊ ကိုလက်စ်ထရောလ် ပမာဏ သင့်တင့်စေခြင်း၊ ထရိုင်ဂလစ်စရိုက် လျှော့ချခြင်းတို့ကြောင့် နှလုံးကျန်းမာရေးကို ထောက်ကူပေးပြီး နှလုံးသွေးကြော ရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: DoctorNDTV
Page 490 of 1934