#World_Health
Published 02 November 2024
▪️ ဗိုက်တာမင်-အီး လိုအပ်ချက် ပြည့်မီအောင် စားသုံးသူများဟာ အူလမ်းကြောင်း ရောဂါအချို့နဲ့ အသည်းအဆီဖုံးရောဂါတို့ ဖြစ်နိုင်ခြေ နည်းစေတယ်လို့ ဖလော်ရီဒါ အစာအိမ်အူလမ်းကြောင်း ဆရာဝန် ဟိုဆက်ဆယ်ဟက်ဘ်က တစ်တော့မှာ ပြောသွားပါတယ်။
▪️ ဗိုက်တာမင်-အီးဟာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသည်းကို ကာကွယ်ပေးကာ ရောဂါခုခံအားကို မြှင့်တင်ပေးပါတယ်။
▪️ အဆီဖုံးရောဂါဟာ အသည်းကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ အသည်းကင်ဆာတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ အရွယ်ရောက်ပြီးသူတွေအတွက် ဗိုက်တာမင်-အီး နေ့စဉ်လိုအပ်ချက်က ၁၅ မီလီဂရမ်ဖြစ်ပါတယ်။
▪️ အခွံမာသီးများ၊ ဟင်းနုနွယ်၊ သရက်သီးတို့မှာ လိုအပ်တဲ့ပမာဏ ပါဝင်ပြီး ထောပတ်သီး၊ ဘလက်ခ်ဘယ်ရီ၊ ကီဝီ၊ ခရန်ဘယ်ရီ၊ သံလွင်ဆီတို့လည်း ဆယ်လ်ဟက်ဘ်က အကြံပြုထားပါတယ်။
▪️ ဗိုက်တာမင်-အီး ဖြည့်စွက်ဆေးများကတော့ အသုံးပြုပုံ မမှန်ပါက ဘေးထွက်ဆိုးကျိုးများ ရှိနိုင်တယ်လို့ ရှင်းပြထားပါတယ်။
▪️ နေ့စဉ်လိုအပ်ချက်က ၁၅ မီလီဂရမ်မျှသာ ဖြစ်ပေမယ့် ဖြည့်စွက်ဆေးတွေမှာတော့ မီလီဂရမ်ရာနဲ့ချီ ပါဝင်နေနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
▪️ ဗိုက်တာမင်-အီး အဆိပ်သင့်ပါက သွေးယိုခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ အူလမ်းကြောင်း လက္ခဏာများ၊ ကြွက်သားအားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ အဆီစုပ်ယူခြင်း၊ ဇီဝကမ္မဖြစ်စဉ်တို့ ပြဿနာဖြစ်ပါကလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် အသည်းကျန်းမာရေး ကောင်းမွန်ဖို့အတွက် သင့်တင့်တဲ့ ပုံစံမျိုး စားသောက်သင့်ပါတယ်။
#Source: New York Post
အာကာသယာဉ်မှူး(၃)ဦးပါဝင်သော ရှန်ကျိုး-၁၉အာကာသယာဉ် ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ရောက်ရှိ
ယာဉ်မှူးများပါဝင်တဲ့ ရှန်ကျိုး-၁၉ အာကာသယာဉ် လွှတ်တင်မှု ပြီးပြည့်စုံစွာ အောင်မြင်ခဲ့တယ်လို့ တရုတ်လူထိန်းကွပ် အာကာသအေဂျင်စီ(CMSA)က ကြေညာလိုက်ပါတယ်။
#Asia_Space
Published 1 November 2024
#ရှန်ကျိုး-၁၉အာကာသယာဉ် #အောင်မြင်စွာလွှတ်တင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 November 2024
၁။ ရွှေတိဂုံစေတီတော်တွင် စုပေါင်းမဟာဘုံကထိန်အခမ်းအနားကျင်းပ
၂။ ပို့ကုန်ရငွေများကို AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် MRF တိုက်တွန်း
၃။ စက်သုံးဆီအမျိုးအစားအားလုံးဈေးငြိမ်
၄။ အာကာသယာဉ်မှူး(၃)ဦးပါဝင်သော ရှန်ကျိုး-၁၉အာကာသယာဉ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁ နိုဝင်ဘာ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံက Google Pixel မိုဘိုင်းလ်ဖုန်းတွေပြည်တွင်း ရောင်းချခြင်းကို တားဆီးပိတ်ပင်လိုက် ပါတယ်။ ဥပဒေလိုအပ်ချက်အရ အင်ဒိုနီးရှားမှာ ရောင်းချမယ့် ဖုန်းတွေမှာ ပြည်တွင်းထုတ် အစိတ်အပိုင်း တွေ ပါဝင်ရမှာဖြစ်တဲ့အတွက် ဂူးဂဲလ်ရဲ့ဖုန်းတွေက အင်ဒိုနီးရှားပြည်တွင်းထုတ်အစိတ်အပိုင်းတွေမပါဝင် လို့ ယခုလိုရောင်းချခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။
မကြာသေးခင်ကလဲ အလားတူအကြောင်းပြချက်နှင့် နာမည်ကြီး အက်ပဲလ်ရဲ့နောက်ဆုံးထုတ် iPhone 16 တွေကို အင်ဒိုနီးရှားမှာ ရောင်းချခွင့်ပိတ်ခဲ့ပြီးနောက် ယခု ဂူးဂဲလ်ဖုန်းတွေ ထပ်အပိတ်ခံရတာပါ။
Google Pixel တွေဟာ ဥပဒေအရလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းထုတ် အစိတ်အပိုင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတဲ့ အချက်နှင့်မကိုက်ညီခဲ့တာလို့ဆိုပါတယ်။
“ ဒီဥပဒေတွေဘာကြောင့်လုပ်ရသလဲဆိုရင် အင်ဒိုနီးရှားမှာ ရင်းနှီးမြှပ်နှံသူတွေအားလုံးအတွက် မျှတမှု ရှိစေချင်လို့ပါ” လို့ စက်မှုဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖက်ဘရီဟင်ဒရီအန်တိုနီအာရိဗ်က ပြောပါတယ်။ အဲဒီဖုန်းတွေကို လိုအပ်တဲ့အခွန်တွေပေးဆောင်မယ်ဆိုရင်တော့ ပြည်ပကနေ ဝယ်လာလို့ ရပါတယ်လို့ သူကဆက်ပြောပါတယ်။
အင်ဒိုနီးရှားမှာ အိုင်ဖုန်းနှင့် ဂူးဂဲလ်ဖုန်းတွေဟာ ရောင်းအကောင်းရဆုံးဖုန်းတွေတော့မဟုတ်ပါဘူး။ ထိပ်ဆုံးမိုဘိုင်းလ်ဖုန်းတွေကတော့ တရုတ်ဖုန်း OPPO နှင့် တောင်ကိုရီးယားဖုန်းဆမ်ဆောင်းတို့ ဖြစ်ကြ ပါတယ်။
ဒီလိုလုပ်တာဟာ အကျိုးစီးပွားကာကွယ်ရေးဝါဒသာဖြစ်ပြီး ဝယ်ယူသူတွေကို ထိခိုက်စေပြီး ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှုအပေါ်လည်း အကျိုးသက်ရောက်စေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး နှင့် ဥပဒေလေ့လာရေးဉာဏ်ကြီးရှင်အဖွဲ့ညွှန်ကြားရေးမှူး ဘီမာ ယူဒီစတီယာက ပြောကြား လိုက်ပါတယ်။
Source Reuters
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နှစ်ရက်တာအတွင်း အမေရိကန်ဒေါ်လာနဲ့ တရုတ်ယွမ်ငွေသန်းနဲ့ချီပြီး ဆက်တိုက်ထုတ်ရောင်းလာပါတယ်။
#Local_News
Published 1 November 2024
#ဗဟိုဘဏ် #ဒေါ်လာနှင့်နိုင်ငံခြားငွေထုတ်ရောင်း
#YMG/NN #Yangon_Times
ပြည်ပသို့တင်ပို့နေတဲ့ ဝါဂွမ်းအပါအဝင် ကုန်စည်ရှစ်မျိုးကို ပို့ကုန် ရငွေရဲ့ ၂၅ရာခိုင်နှုန်းလဲလှယ်တာကို ဒီကနေ့ကစတင်ပြီး ဆောင်ရွက်နိုင်ပြီလို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 1 November 2024
#ဝါဂွမ်း #ကုန်စည်ရှစ်မျိုး
#YMG/NN #Yangon_Times
#Local_News
Published 1 November 2024
▪️ သင်္ဘောသားများအပါအဝင်ပြည်ပ၌ အလုပ်လုပ်ကိုင်သူများ လျှပ်စစ်သုံး မော်တော်ယာဉ် EVကားနှင့်ဆိုင်ကယ်များကို တစ်ဦးချင်း(သို့)စုပေါင်းတင်သွင်းခြင်းကိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံး ၏ လုပ်ခလစာများ လွယ်ကူစွာ လွှဲပို့နိုင်ကြောင်း အသိပေးခြင်း၌ ထည့်သွင်း ဖော်ပြထားသည်။
▪️ အဆိုပါ အသိပေးချက်ကို အောက်တိုဘာ၃၁ရက်နေ့၌ထုတ်ပြန်ထားခြင်းဖြစ်သည်။
▪️ ထိုသို့ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအနေဖြင့် မိမိ မိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များစာရင်း၊ အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ ငွေလွှဲနိုင်သည့်အဖွဲ့အစည်းများစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင် ကြောင်း ၊ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံသားများသည် မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ အနေဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုး နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းနိုင်ကြောင်း သိရသည်။
▪️ အဆိုပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၊ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ၏ ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့်
#YMG/NN #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မ
တီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရစက်သုံးဆီအမျိုးအစား ဈေးနှုန်းအားလုံး အရင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 1 November 2024
#စက်သုံးဆီတင်သွင်းသိုလှောင် #စက်သုံးဆီ
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်ရဲ့ စုပေါင်းမဟာဘုံကထိန်အခမ်းအနားကျင်းပခဲ့ပြီး သံဃာတော်တွေကို ကျပ်သိန်း(၂၅၀)ကျော်ပဒေဿပင်တွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 1 November 2024
#ရွှေတိဂုံစေတီ #စုပေါင်းမဟာဘုံကထိန်
#YMG/tthl #Yangon_Times
ဆန်၊ ဆန်ကွဲတင်ပို့ပြီးပါက ပို့ရငွေတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့သတ်
မှတ်ချိန်အတွင်း ပို့ကုန်ရငွေတွေကို AD ဘဏ်စာရင်းသို့ ED နဲ့ အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ယမန်နေ့က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 1 November 2024
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ပို့ကုန်ရငွေ
#YMG/NN #Yangon_Times
#World_News
Published 01 November 2024
▪️ စပိန်အရှေ့ပိုင်းမှာ အကြီးအကျယ် ရေကြီးရေလျှံခြင်းကြောင့် ကြာသပတေးနေ့အထိ သေဆုံးသူစာရင်း ၁၅၈ ဦးအထိ မြင့်တက်လာပါတယ်။
▪️ ဆယ်စုနှစ် ၅ ခုအတွင်း ဥရောပမှာ မုန်တိုင်းကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ရေလျှံမှုကြီး ဖြစ်လာကာ ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
▪️ ဗလင်စီယာဒေသတွေမှာ ၈ နာရီအတွင်း တစ်နှစ်စာလောက် မိုးရွာသွန်းခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါဟာ စပိန်သမိုင်းကြောင်းမှာ အဆိုးရွားဆုံး ကပ်ဘေးတစ်ခုဖြစ်လာပြီး ဒါတွေဟာ လူသားတွေကြောင့် ရာသီဥတု အစွန်းရောက် ဖောက်ပြန်မှု မကြာခဏ ဖြစ်နေရတယ်လို့ မိုးလေဝသပညာရှင်များက ပြောပါတယ်။
▪️ ကြာသပတေးနေ့က ဗလင်စီယာ မြို့အစွန်ဘက် ဂိုထောင်တစ်ခုထဲ ပိတ်မိနေတဲ့ လူ ၈ ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့များ ဆယ်ယူခဲ့ကြောင်း မြို့တော်ဝန် မယ်ရီယာဟိုဆေးကာတယ်လာက သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ လူထောင်ပေါင်းများစွာက ဈေးဝယ်ခြင်းလှည်းများဖြင့် လာတော်ရေးပေါ် လူသွားတံတားကနေ ဗလင်စီယာမြို့ထဲသို့ ပစ္စည်းများ ဝယ်ယူသယ်ဆောင်သွားကြပါတယ်။
▪️ မက်ဒရစ်ဗဟိုအစိုးရက ပြည်သူများကို သတိပေးခြင်းနဲ့ ကယ်ဆယ်ရေး လွှတ်ခြင်းတို့မှာ နှောင့်နှေးလွန်းတယ်လို့ အတိုက်အခံ နိုင်ငံရေးသမားများ ပြောနေကြပြီး အရပ်ဘက် ကာကွယ်ရေး အတိုင်းအတာများအတွက် ဒေသတွင်း အာဏာပိုင်များမှာ တာဝန်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောလာပါတယ်။
▪️ အာဏာပိုင်များသာ အချိန်မီ သတိပေးခဲ့ရင် လူတွေသေကြမှာ မဟုတ်ဘူးလို့ ဒေသတွင်း စူပါမားကတ်တစ်ခုမှ မန်နေဂျာ လော်ရာဗီလေစကူဆာက ပြောသွားပါတယ်။
▪️ ရေကြီးမှုကြောင့် ဗလင်စီယာရှိ အခြေခံ အဆောက်အအုံများ၊ တံတားများ၊ လမ်းများ၊ ရထားလမ်းများ ပျက်စီးကာ စပိန်နိုင်ငံထွက် အချဉ်သီးများ အများဆုံးထွက်ရှိရာ ဒေသမှ လယ်မြေများ ရေမြုပ်ကုန်ပါတယ်။
▪️ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ် ဗလင်စီယာမြို့အနီး ကယ်ဆယ်ရေးဌာနတစ်ခုသို့ ရောက်ရှိလာကာ နောက်ထပ်အန္တရာယ်များကြောင့် ပြည်သူများအိမ်မှာပဲနေဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ကပ်ဘေးဆိုက်ပြည်သူများအတွက် မေတ္တာပို့သပေးနေကြောင်း X ဆိုရှယ်မီဒီယာမှာ ပြောသွားပါတယ်။


#Source: Reuters
#World_Health
Published 1 November 2024
▪️ ထုပ်ပိုးအစားအစာတွေမှာပါတဲ့ တာရှည်ခံ ဓာတုပစ္စည်းတွေကို သတိပြုသင့်တယ်လို့ ကယ်လီဖိုးနီးယား အစာအိမ်အူလမ်းကြောင်း ဆရာဝန် ဒေါက်တာ ဆော်ရက်ဘ်ဆက်ထီက တစ်တော့မှာ ပြောပြသွားကာ အမေရိကန်မှာ ရောင်းချနေတဲ့ အဆင့်ဆင့်ထုပ်ပိုး စားစရာတွေမှာ တွေ့ရတတ်တဲ့ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ဓာတုပစ္စည်း ၃ မျိုးကို ဖော်ပြသွားပါတယ်။
▪️ သုတေသနများအရ အမေရိကန်လူမျိုးတွေ နေ့စဉ်ကယ်လိုရီ စားသုံးခြင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်က အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေမှ ရရှိပြီး ကလေးတွေမှာတော့ ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။
▪️ ထိုကဲ့သို့ စားစရာတွေ စားခြင်းကြောင့် ရောဂါအမျိုးမျိုးအပြင် အချို့ဓာတုပစ္စည်းတွေဆိုရင် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုတို့ပါ ဖြစ်နိုင်ခြေ ရှိပါတယ်။
▪️ ဒါကြောင့် စားစရာတွေမှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေကို မစားသုံးခင် စစ်ဆေးဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။
(၁) တာထရာဇင်း
▪️ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ အာလူးကြော်၊ နံနက်စာကွေကာ၊ ရောင်စုံသကြားလုံးတို့မှာ တွေ့ရတဲ့ တာထရာဇင်းဟာ စိတ်လှုပ်ရှားလွယ်ခြင်း၊ ရင်ကြပ်ခြင်း၊ ဖိစီးခြင်းတို့နဲ့ ဆက်စပ်နေပြီး နိုင်ငံအများအပြားမှာ တားမြစ်ထားပါတယ်။
▪️ သုတေသန စမ်းသပ်ချက်ထဲမှာ ကြွက်တွေရဲ့ အရေပြားကို လုံးဝဖြတ်သန်းမြင်တွေ့ရပြီး အတွင်းအင်္ဂါများ မြင်နေရပါတယ်။
(၂) BHA
▪️ ဗျူတိုင်လိပ်တက် ဟိုက်ဒရော်ဆာနီဆိုးလ်လို့ခေါ်တဲ့ BHA ဟာ ဆီများကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။
▪️ ကင်ဆာအပြင် မှတ်ဉာဏ်ပိုင်း ပြဿနာများနဲ့လည်း ဆက်စပ်နေပါတယ်။
(၃) ပိုတက်ဆီယံ ဘရိုမိတ်
▪️ ပေါင်မုန့်အသွင်အပြင်ကို ခိုင်မြဲစေတဲ့ ပိုတက်ဆီယံ ဘရိုမိတ်ဟာ ဓာတ်ခွဲခန်းမှ ကြွက်တွေကို ကင်ဆာဖြစ်စေနိုင်တဲ့အပြင် လူသားတွေမှာ ကျောက်ကပ်ပြဿနာ ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ သူ့ကို ဥရောပသမဂ္ဂ၊ တရုတ်၊ ကနေဒါ၊ ယူကေ၊ အိန္ဒိယတို့မှာ တားမြစ်ထားပေမယ့် အမေရိကန်မှာတော့ ခွင့်ပြုထားပါတယ်။
▪️ လူတွေမှာ အကျိတ်စတင်ဖြစ်ပေါ်ခြင်း၊ ပိုဆိုးခြင်းတို့ ဖြစ်စေတဲ့ အထောက်အထား တွေ့ထားကြောင်း အင်္ဂလန် ဆက်ဆပ်စ်တက္ကသိုလ်မှ ပရော်ဖက်ဆာက ပြောပါတယ်။
▪️ ထိုပစ္စည်းများပါဝင်တဲ့ အမှတ်တံဆိပ်များအနေနဲ့ ၂၀၂၇ ဇန်နဝါရီလအထိ ဖယ်ရှားရန် အချိန်ရပြီး မဟုတ်ပါက ဒေါ်လာ ၁ သောင်း ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။
#Source: New York Post
Page 492 of 1934