#World_Health
Published 30 October 2024
▪️ ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လို့ လူသိများပါတယ်။
စိတ်ဖိစီးမှု လျှော့ခြင်းကနေစလို့ ကျန်းမာရေး တိုးတက်စေသည်အထိ အကျိုးကျေးဇူးများစွာ ရှိပါတယ်။
▪️ ကျန်းမာရေး ပညာရှင်တွေကလည်း နေ့စဉ်ရယ်မောခြင်းက အရေးကြီးပုံကို ထောက်ခံထားပါတယ်။
▪️ ရယ်မောခြင်းဖြင့် အင်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိအောင် လှုံ့ဆော်ပေးကာ ဖိစီးမှုလျော့စေပြီး အောက်ဆီဂျင် စီးဆင်းမှု ကောင်းမွန်စေပါတယ်။
▪️ ရယ်မောခြင်းရဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဖိစီးမှု၊ ပူပန်စိတ်တို့ကို လျှော့ချပေးခြင်း
▪️ ရယ်တဲ့အခါ ဖိစီးမှုဟော်မုန်း ကော်တီဆောလ် လျော့နည်းစေပြီး ကြွက်သားများ တောင့်တင်းခြင်းကို ပြေလျော့စေပါတယ်။
ရယ်မောပြီးနောက် ၄၅ မိနစ်လောက် ကြာတဲ့အထိ စိတ်ပြေလျော့နေစေပါတယ်။
(၂) ကိုယ်ခံအားစနစ် အားကောင်းစေခြင်း
▪️ ပဋိဇီဝပစ္စည်းများနဲ့ တီဆဲလ်များ ထုတ်လုပ်ခြင်းကို အားပေးတာကြောင့် ကိုယ်ခံအား မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးပါတယ်။
(၃) နှလုံးကျန်းမာရေး ကောင်းစေခြင်း
▪️ ရယ်မောခြင်းကြောင့် နှလုံးကို လှုပ်ရှားစေပြီး နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်စေပါတယ်။
▪️ လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်သလိုမျိုး နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုတို့ကို မြှင့်တင်ပေးပါတယ်။
(၄) နာကျင်ကိုက်ခံမှု သက်သာစေခြင်း
▪️ စိတ်အခြေအနေ တိုးတက်စေရုံမက ဦးနှောက်ထဲက ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးတာကြောင့် နာကျင်ကိုက်ခဲမှုများကို သက်သာစေပါတယ်။
(၅) လူမှုဆက်ဆံရေး ကောင်းမွန်စေခြင်း
▪️ ရယ်မောခြင်းဖြင့် ဆက်ဆံရေး၊ ရင်းနှီးမှု ပိုမိုအားကောင်းစေကာ တင်းမာမှုများ လျော့နည်းစေပြီး ယုံကြည်မှု တိုးစေပါတယ်။
(၆) စိတ်ကျန်းမာရေး ကူညီပေးခြင်း
▪️ စိတ်ညစ်စရာများကို မေ့ပျောက်စေပြီး စိတ်ဓာတ်ကျခြင်း၊ ပူပန်ခြင်းတို့ကို ထိန်းချုပ်ပေးပါတယ်။
စိတအခြေအနေ တိုးတက်စေပြီး ကုထုံးအဖြစ်ပါ အသုံးပြုတတ်ကြပါတယ်။
(၇) ကြံ့ခိုင်ခန့်ခွဲနိုင်ခြင်း
▪️ စိန်ခေါ်မှုများ၊ ဖိစီးမှုများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ပြီး ကြံ့ခိုင်သန်မာမှု မြှင့်တင်ပေးကာ အခက်အခဲများ ဖြတ်ကျော်စေနိုင်ပါတယ်။
▪️ လက်တွေ့ဆေးဝါးအနေနဲ့ အစားမထိုးနိုင်ပေမယ့် နေ့စဉ်ရယ်မောပေးပါက ကျန်းမာရေး တိုးတက်စေနိုင်ပါတယ်။
#Source: DoctorNDTV
ဂျပန်မှာ တနင်္ဂနွေနေ့က အောက်လွှတ်တော် ရွေးကောက်ပွဲများ စတင်ပြုလုပ်နေပြီဖြစ်ရာ လက်ရှိအုပ်ချုပ်နေတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)အနေနဲ့ တရားမဝင် ငွေကြေးအရှုပ်တော်ပုံ ပြဿနာနဲ့ နေထိုင်ရေး ပြဿနာများကို ဖြေရှင်းပေးရန် မဲပေးသူများ အလိုရှိနေပါတယ်။
#Asia_Politics
Published 29 October 2024
#ဂျပန်ပြည်သူ #တရားမဝင်ငွေကြေးရန်ပုံငွေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 October 2024
၁။ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ရွှေ(၅)ဆု၊ ငွေ(၂)ဆုဖြင့် အောင်ပွဲရ
၂။ မြန်မာမြင်းလုပ်ငန်းကျွမ်းကျင်သူများအား ဂျပန်နိုင်ငံရှိမြင်းစီးကလပ်များ၌ လုပ်ကိုင်ရန် ပထမဆုံးအကြိမ်ကမ်းလှမ်းလာ
၃။ မိုးလေဝသတိုင်းတာရေးအတွက် ဂြိုဟ်တုဓာတ်ပုံများအပြင် AI ဉာဏ်ရည်တုနည်းပညာပါအသုံးပြုလာ
၄။ တရားမဝင်ငွေကြေးရန်ပုံငွေပြဿနာနှင့် နေထိုင်ရေးပြဿနာများကို အစိုးရဖြေရှင်းပေးရန် ဂျပန်ပြည်သူများအလိုရှိနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပနိုင်ငံတွေကို ပုစွန်တန်ချိန် ၃,၄၀၀ကျော် တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 29 October 2024
#ပုစွန် #ပြည်ပနိုင်ငံသို့တင်ပို့
#YMG/NN #Yangon_Times
မိုးလေဝသခန့်မှန်းဖို့အတွက် မိုးရေချိန်တိုင်းတာရေးစက်တွေ၊ ဂြိုဟ်တုမှဓာတ်ပုံတွေအပြင် AI ဉာဏ်ရည်တုနည်းပညာပါအသုံးပြုပြီး ခန့်မှန်းလာကြတယ်လို့ သိရပါတယ်။
#Local_News
Published 29 October 2024
#ဂြိုဟ်တုဓာတ်ပုံများ #AIဉာဏ်ရည်တုနည်း
#YMG/tthl #Yangon_Times
မြန်မာနိုင်ငံက မြင်းလုပ်ငန်းကျွမ်းကျင်သူ ၃၀ ကို ဂျပန်နိုင်ငံမှာရှိတဲ့ မြင်းစီးကလပ်တွေမှာလုပ်ကိုင်ကြဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းလာတယ်လို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 29 October 2024
#မြင်းလုပ်ငန်းကျွမ်းကျင်သူ #ဂျပန်နိုင်ငံရှိမြင်းစီးကလပ်
#YMG/NN #Yangon_Times
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အဖွဲ့ဟာ ပြိုင်ပွဲရှစ်မျိုး၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခုနဲ့စတုတ္ထအဆင့်တို့ဖြင့်စုစုပေါင်း ဆုတံဆိပ်ရှစ်ခုရရှိခဲ့တာဖြစ်ပါတယ်။
#Local_News
Published 29 October 2024
#နဂါးလှေလှော်ပြိုင်ပွဲ #ရွှေတံဆိပ်ငါးခုရရှိ
#YMG/tthl #Yangon_Times
#Local_News
Published 29 October 2024
▪️ ရန်ကုန်မြို့ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၌ TOYOTA TOYOACE ယာဉ်တိုက်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားပြီး တစ်ဦးေ-သဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၉ ရက်နေ့၊ မနက်၃ နာရီ ၅၃ မိနစ် အချိန်ခန့်က ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် JAC HFC အမျိုးအစားယာဉ်အား TOYOTA TOYOACEယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ယာဉ်တိုက်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ ကျား(၁)ဦး သေဆုံး၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျား(၄)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 October 2024
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် ဆန်စပါးအသင်းများ စုပေါင်း၍တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်အလှူပွဲကို နိုဝင်ဘာ၁၅ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံ ဆန်စပါးမိသားစုများနှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှအသင်းသူ/အသင်းသားများမှ စုပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲသည် အကြိမ် (၂၀) မြောက်ဖြစ်ပြီး လက်ရှိ အချိန်တွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပရန် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ငွေကျပ်သိန်း ၅၀ မတည် လှူဒါန်းထားပြီး အသင်းသူ/အသင်းသားများအနေဖြင့် ပါဝင်လှူ ဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 29 October 2024
▪️ ရာသီအလိုက်သာ သီးလေ့ရှိတဲ့ နာနတ်သီးတွေဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
▪️ အာဟာရဓာတ်များစွာ ပါဝင်သလို ကျန်းမာရေးကို သိသိသာသာ အထောက်အကူပြုတယ်လို့ အာဟာရပညာရှင် လော့ဗ်နိဘာထရာက ပြောသွားပါတယ်။
(၁) ဗိုက်တာမင်-စီ ကြွယ်ဝခြင်း
▪️ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ ဗိုက်တာမင်-စီက အလွန်ကြွယ်ဝတာကြောင့် ရောဂါကူးစက်မှုများမှ ကာကွယ်ပေးသလို အသားအရေ ပျက်စီးမှုများကိုလည်း ပြုပြင်ကူညီပေးပါတယ်။
(၂) ရောင်ရမ်းဆန့်ကျင်အာနိသင်ရှိခြင်း
▪️ ရောင်ရမ်းခြင်းများကို ဆန့်ကျင်ပေးတဲ့ အင်ဇိုင်းဘရိုမယ်လိန်း ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျှော့ချပေးရုံမက အစာခြေခြင်းကို ကူညီပေးပါတယ်။
အစာအိမ်ကို ချောမွေ့စေပြီး အစာမကြေ လေပွခြင်းကို သက်သာစေပါတယ်။
(၃) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
▪️ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးခြင်းကို ဖြစ်စေပြီး ဆဲလ်များကိုပျက်စီးစေတဲ့ မော်လီကျူးတွေထံကနေ ကာကွယ်ပေးပြီး နာတာရှည်ရောဂါများနဲ့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်တို့ကို လျှော့ချနှောင့်နှေးစေပါတယ်။
(၄) ကိုယ်အလေးချိန်လျော့စေခြင်း
▪️ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းလိုသူများအတွက် နာနတ်သီးက သင့်လျော်ပါတယ်။
▪️ ကယ်လိုရီနည်းပါးပြီး ရေဓာတ်များပြားတာကြောင့် ကိုယ်အလေးချိန် ထိန်းရာမှာ ကူညီပေးပါတယ်။
#Source: DoctorNDTV
#World_News
Published 29 October 2024
▪️ အမေရိကန် အနောက်မြောက်ပိုင်းပြည်နယ်များဖြစ်တဲ့ ဝါရှင်တန်နဲ့ အော်ရီဂွန်တို့ရှိ မဲပုံးတွေမှာ ရှို့မီး ၃ ခု ဖြစ်ပွားခဲ့တာတွေက ဆက်စပ်မှုရှိတယ်လို့ ရဲအရာရှိများ ယူဆနေကာ အော်ရီဂွန်မှာ သံသယကားတစ်စီး တွေ့ရှိထားတယ်လို့ တနင်္လာနေ့က ပြောပါတယ်။
▪️ တနင်္လာနေ့က ပို့တ်လန်း အော်ရီဂွန်မှာ ၂ နေရာ မီးလောင်ခဲ့ပြီး မဲပုံး ၃ ဦးပျက်စီးခဲ့ကာ ဗန်ကူဗာ ဝါရှင်တန်မှာ ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ အရာရှိများ ပြောပါတယ်။
▪️ လောင်ကျွမ်းမှု ၂ ခုက အောက်တိုဘာ ၈ ရက်နေ့က လောင်ကျွမ်းပြီး မပျက်စီးခဲ့တဲ့ ပုံစံနဲ့ ဆင်တူနေပါတယ်။
▪️ "ရှို့ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ဒီလိုလုပ်ရပ်တွေဟာ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပါတယ်" လို့ ပို့တ်လန်းရဲဌာနမှ လက်ထောက်ရဲမှူးချုပ် အာမန်ဒါမက်မီလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
▪️ သံသယရှိသူဟာ ဖျက်ဆီးရေးပစ္စည်း ပိုင်ဆိုင်ထားမှု၊ မဲပေးစက်တွေကို တရားမဝင် ကျူးလွန်မှုတို့ဖြင့် အမှုစွဲဆိုနိုင်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
▪️ ဗန်ကူဗာသတင်းဌာန KATU မှ ဗီဒီယိုတွေထဲမှာ မြို့ထဲက မဲပုံးတစ်ခုကနေ မီးခိုးများထွက်နေပြီး အခြားမဲပုံးအများအပြားလည်း မီးလောင်ကျွမ်းနေတဲ့ပုံ မြင်တွေ့ရပါတယ်။
▪️ စနေနေ့ မွန်းလွဲ ၃ နာရီခွဲနောက်ပိုင်း မဲပေးသူတွေအနေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူများထံ ဆက်သွယ်ဖို့ ဒေသခံအရာရှိများက ပြောပါတယ်။
▪️ ဗန်ကူဗာရဲတပ်ဖွဲ့က တနင်္လာနေ့ နံနက် ၄ နာရီမှာ မီးရှို့မှုတစ်ခုကို သွားရောက်ဟန့်တားခဲ့ပြီး မဲပုံးဘေးက သံသယရှိ စက်ပစ္စည်းတစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
▪️ ပို့တ်လန်းအော်ရီဂွန်မှာလည်း အလားတူပုံစံမျိုး ဖြစ်ခဲ့ပြီး မဲပုံး ၃ ခုပျက်စီးခဲ့ကာ မဲပေးသူများကို အစားထိုးမဲပေးဖို့ ဆက်သွယ်သွားမယ်လို့ မက်နိုမာကောင်တီ ရွေးကောက်ပွဲ ညွှန်ကြားရေးမှူးက ပြောပါတယ်။
▪️ မဲပုံးတွေထဲမှာ တပ်ဆင်ထားတဲ့ မီးဟန့်တားစက်များကြောင့် ပျက်စီးမှုနည်းပါးခဲ့ပေမယ့် ဗန်ကူဗာမှာတော့ အလုပ်မလုပ်တော့ပါဘူး။
▪️ ကြာသပတေးနေ့တုန်းက ဖီးနစ်မှာ စာတိုက်ပုံးတစ်ခု မီးလောင်ကျွမ်းပြီးနောက် လူတစ်ဦး ဖမ်းဆီးခံခဲ့ရကာ မဲပုံးအခု ၂၀ ပျက်စီးခဲ့ပါတယ်။


#Source: Reuters
#World_Health
Published 29 October 2024
▪️ အသက် ၄၀ ဝန်းကျင်အရွယ်မှာ ကောင်းစွာ မအိပ်စက်ရပါက ဦးနှောက်မြန်ဆန်စွာ အိုမင်းစေကာ အသက် ၅၀ ဝန်းကျင်မှာ စတင်ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ UC ဆန်ဖရန်ဆစ္စကိုမှ သုတေသနပြုစုသူ ဒေါက်တာ ခရစ္စတင်းယက်ဖ်က ဖော်ပြထားရာမှာ ဦးနှောက်ကျန်းမာရေး ထိန်းသိမ်းဖို့ အရွယ်နောက်မကျခင်တည်းက အိပ်စက်မှုပြဿနာများ ဖြေရှင်းဖို့ လိုအပ်ကြောင်းအပြင် အိပ်စက်မှုဇယား၊ လေ့ကျင့်ခန်း၊ ကဖင်းနဲ့ အရက် ရှောင်ရှားခြင်း၊ စိတ်ပြေလျော့ရေး နည်းစနစ်များလည်း ဦးစားပေး လေ့လာထားပါတယ်။
▪️ အသက် ၄၀ ဝန်းကျင် လူအယောက် ၆၀၀ နီးပါးကို လေ့လာမှု စတင်ချိန်နဲ့ နောက် ၅ နှစ်အကြာတို့မှာ အိပ်စက်မှုဆိုင်ရာ မေးခွန်းစစ်တမ်းများ ကောက်ယူခဲ့ပါတယ်။
▪️ မေးခွန်းတွေထဲမှာ အိပ်ပျော်ရန် ခက်ခဲသလား၊ ညဘက် ခဏခဏနိုးတတ်သလား၊ အစောကြီး နိုးတတ်သလားဆိုတာတွေ ပါဝင်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေမှာ အိပ်ချိန်တိုတောင်းခြင်း၊ ကောင်းစွာ မအိပ်နိုင်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ ဆက်အိပ်ပျော်ရန် ခက်ခဲခြင်း၊ အစောကြီးနိုးထခြင်း၊ နေ့ဘက် ငိုက်မျဉ်းခြင်းတို့ ဖြစ်မဖြစ် မှတ်သားခဲ့ကြပါတယ်။
▪️ တစ်ညကို ၇ နာရီမှ ၉ နာရီကြား အိပ်ချိန်ရှိသင့်တယ်လို့ ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
▪️ လေ့လာချက်စတင်ပြီး နောက် ၁၅ နှစ်အကြာမှာ ယင်းတို့ရဲ့ ဦးနှောက်သက်တမ်းကို တွက်ချက်ခဲ့ကြပါတယ်။
▪️ အထက်ပါ လက္ခဏာများ နှစ်မျိုးခန့် ခံစားရသူတွေဟာ တစ်ခုမှ မခံစားရသူတွေထက် ဦးနှောက်သက်တမ်း ၁.၆ နှစ် ပိုအိုမင်းနေပြီး လက္ခဏာ အများအပြား ခံစားရသူတွေကတော့ ၂.၆ နှစ် ပိုမိုအိုမင်းနေပါတယ်။
▪️ ထိုလက္ခဏာတွေထဲကမှ ကောင်းစွာ မအိပ်ပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းနဲ့ မနက်စောစီးစွာ နိုးတတ်တဲ့ လက္ခဏာတွေက ဦးနှောက်သက်တမ်း အအိုမြန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
▪️ လေ့လာချက်အရ အိပ်စက်မှုပြဿနာတွေက ဦးနှောက်အိုမင်းမြန်ခြင်းကို အားပေးတာမဟုတ်ဘဲ ဆက်စပ်မှုရှိတယ်လို့သာ တွေ့ရပါတယ်။
▪️ အိပ်စက်မှု ကောင်းမွန်စေရန်နဲ့ လူငယ်ဦးနှောက် ကျန်းမာရေးမှာ အိပ်စက်ခြင်းရဲ့ ရေရှည်သက်ရောက်မှုတွေကို လေ့လာရန် နောက်ထပ်သုတေသနတွေ ပြုလုပ်သွားမယ်လို့ ယက်ဖ်က ဆိုပါတယ်။
▪️ သတ်လတ်ပိုင်းအရွယ်မှာ ဆိုးရွားတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် နောက်ပိုင်းမှာ ဦးနှောက်ကျန်းမာရေး ထိခိုက်တာကို တွေ့ရှိရတယ်လို့ ဒေါက်တာ ဆန်တီယေဂိုကလော့ချီယာတီတက်ဇိုက ပြောပါတယ်။
▪️ နော့သ်ဝဲလ်ဟက်လ်စတေတန်အိုင်လန်း ဆေးရုံတက္ကသိုလ်မှ ဒေါက်တာ သောမတ်စ်ကီလ်ကင်နီကလည်း ဦးနှောက်စွမ်းရည် အမြင့်ဆုံးထိန်းသိမ်းရန်အတွက် အိပ်စက်ချိန် လုံလောက်ဖို့၊ ကောင်းစွာ အိပ်ပျော်နိုင်ဖို့ အရေးကြီးကြောင်း ပြောသွားပါတယ်။
#Source: New York Post
Page 495 of 1934