#World_Health
Published 27 August 2026
■ နံနက်ခင်းကော်ဖီထဲမှာ သံလွင်ဆီ ထည့်သောက်ခြင်းက ဝိတ်ကျခြင်း၊ ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ပေးခြင်းနဲ့ မီးယပ်သွေးဆုံးချိန် ဟော်မုန်းများ မျှတစေခြင်းတို့အတွက် ကူညီပေးတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေပါတယ်။
■ ဒီခေတ်စားမှုဟာ ကော်ဖီထဲ ထောပတ် ဒါမှမဟုတ် MCT ဆီ ထည့်သောက်တဲ့ Bulletproof coffee နဲ့ Starbucks ရဲ့ Oleato အဖျော်ယမကာများမှတဆင့် စတင်ခဲ့ပြီး အယူအဆတစ်ခုကနေ ကျန်းမာရေးကြော်ငြာများအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
■ သံလွင်ဆီမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်နဲ့ အောက်ဆီဂျင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပေမယ့် ဒီအကျိုးကျေးဇူးများဟာ ကော်ဖီထဲ ထည့်သောက်ခြင်းကြောင့် ရတာမဟုတ်ပါဘူး။
■ ကော်ဖီထဲ သံလွင်ဆီ ထည့်သောက်ခြင်းက ရင်ပူခြင်း၊ မီးယပ်သွေးဆုံးချိန် စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အီစထရိုဂျင်ဟော်မုန်းပမာဏ မျှတစေကြောင်း ပြသနိုင်တဲ့ သိပ္ပံနည်းကျအထောက်အထား၊ ဇီဝလုပ်ဆောင်ချက် အထောက်အထား မရှိပါဘူး။
■ သံလွင်ဆီတစ်ဇွန်းမှာ ကယ်လိုရီ ၄၅ မှ ၁၂၀ အထိ ပါဝင်ပြီး နေ့စဉ်ကယ်လိုရီစားသုံးမှုကို ထိန်းညှိခြင်း မရှိပါက အဝလွန်ခြင်းသာ ဖြစ်စေနိုင်ပါတယ်။
■ အစာအိမ်ထဲမှာ အစာမရှိချိန် သံလွင်ဆီသောက်ခြင်းဟာ အချို့သူတွေမှာ အစာမကြေခြင်း၊ ပျို့အန်ချင်ခြင်း၊ ဗိုက်လေးခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
■ သံလွင်ဆီကို ကော်ဖီထဲ ထည့်သောက်ခြင်းထက် အာဟာရဓာတ် စုပ်ယူမှုကို ပိုမိုအားကောင်းစေတဲ့ အသုပ်များ ဒါမှမဟုတ် ဟင်းသီးဟင်းရွက် အစားအစာများနဲ့အတူ တွဲဖက်စားသုံးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
Source: The Jerusalem Post