#World_News
Published 27 August 2026
■ ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်တန်းဒေသ နီပေါနဲ့ တရုတ်နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပြီး ခရီးသွားများ၊ အလုပ်သမားများ၊ အခြားဒေသခံ အများအပြား ပျောက်ဆုံးနေကာ အချို့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့ပါတယ်။
■ ပူနွေးလာခြင်းကြောင့် ဟိမဝန္တာဒေသရှိ ရေခဲတောင်ပြိုကျမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
■ နှစ်ဖက်စလုံးမှာ လူပေါင်းရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းတို့အနက် ဒေသတွင်း သွားလာလည်ပတ်နေတဲ့ နိုင်ငံခြားသား ၃၄၀ ကျော် ပါဝင်ပါတယ်။
■ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားအများစုဟာ ကိုင်လက်ရှ်တောင်သို့ သွားရောက်သူများနဲ့ ဂိုဆိုင်ကွန်ဒါကန်အနီး တောင်တက်သူများ ဖြစ်ကြပါတယ်။
■ ရေတိုးလာခြင်းကြောင့် ကျေးရွာအများအပြား ပျက်စီးခဲ့ရပြီး ရေအားလျှပ်စစ်စီမံကိန်းများ ထိခိုက်ခဲ့ကာ တံတား ၁၉ စင်းနဲ့ လမ်း ကီလိုမီတာ ၄၀ ခန့် ရေထဲပါသွားခဲ့ပါတယ်။
■ အမေရိကန် မြေတိုင်းစစ်ဆေးရေးအဖွဲ့က နယ်စပ်အနီးမှာ ပြင်းအား ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုအဖြစ် သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၅.၂ အဆင့်ရှိ မြေပြိုမှုကြီးအဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
■ နီပေါအစိုးရက အိမ်နီးချင်းအိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ထံမှ အရေးပေါ်ကယ်ဆယ်ရေးနဲ့ အကူအညီများကို တောင်းခံခဲ့ပါတယ်။
■ ထိခိုက်ပျက်စီးရတဲ့ နိုင်ငံများနဲ့ကုလသမဂ္ဂလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းများက အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြပြီး ပျောက်ဆုံးနေသူများကို လိုက်လံစုံစမ်းလျက် ရှိကြပါတယ်။
Source: AP News