#Daily_News
Published_ 14 February 2024
၁။ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် ဟင်္သာလောင်တိုက်ပြင်ဆင်ထားပြီဖြစ်
၂။ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ်၁၀၀အထိ ဈေးကျဆင်းနေ၍ နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုံးပေါ်နေ
၃။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ လာရောက်အပန်းဖြေသူ ယခင်ထက်နှစ်ဆများလာပေမယ့် ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းနေဟုဆို
၄။ ဘကီနာဖာဆို၏ တိုင်းပြည်လုံခြုံရေးမြှင့်တင်ပေးရန် ရုရှားတပ်သားများရောက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 14 February 2024
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးလျှင် သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့် ပက်သက်ပြီး ပြည်တွင်းသတင်းမီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ ပြန်လည်ဖြေကြားထားသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားမှုတွင် သင်တန်း အမှတ်စဉ် တစ်ခုလျှင် အင်အား၅၀၀၀ဖြင့်လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်းလျာထား စီမံထားကြောင်း သိရသည်။
သင်တန်းပေးရာ တွင်စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သော အမျိုးသားများကို အမှတ်စဉ် ၁ မှစတင်ခေါ်ယူမည် ဖြစ်သော်လည်း အကျုံးဝင်သော အမျိုးသမီးများကို သင်တန်းအမှတ်စဉ် ၅ မှသာ ခေါ်ယူရန် လျာထားကြောင်း သိရသည်။
သင်တန်းသားများ အနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလနှင့်သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်စဉ်ကာလ များ တွင် လစာစာရိတ် ရိက္ခာနှင့်အခြားခံစားခွင့်များကို လက်ရှိတာဝန်ထမ်းဆောင်နေသောစစ်မှုထမ်းများ အတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့် ဖြစ်သည့်အတွက် ဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက တည်ဆဲဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် ကျောင်းတတ်နေသူများ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၁၅ က တွင် ပါသည့်အတိုင်း ယာယီရွှေ့ဆိုင်းနိုင်ပြီး ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန် တွင် ပုဒ်မ ၁၅ ခ အရကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 14 February 2024
ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိထားပြီး ပုဂ္ဂလိကပိုင်မှ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလ၁ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်အထိ ဆယ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၁၉၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်လေ့ရှိပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများမှတဆင့် တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။
ထိုသို့တင်ပို့ရောင်းချရာတွင် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိထားပြီး နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၃၂ သန်းကျော်ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း #ကန်ဒေါ်လာသန်း၂၃၀ ကျော်ရရှိ #YMG/ NN #Yangon-Times
'ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာ့ရွှေအလှုပ်အခတ်ဖြစ်နေတယ်။ စိန်ဂယက်ကြောင့်အခေါက် ရွှေကိုင်သူများလာတယ်၊ ရွှေကိုလည်း စီးပွားဖြစ်လုပ်လာသူများလာတယ်၊ တက်ရင်ရောင်း၊ ကျရင်ဝယ်တဲ့ လှိုင်းလေးကိုလိုက်စီးသူများလာတယ်၊ လှိုင်းလေးတွေကို နားမလည်ရင်မကျွမ်းကျင်ရင် မစီးဖို့လိုတယ်၊ ဈေးတည်ငြိမ်တဲ့အချိန်မှ ဝယ်ပါ'
#Local_News
Published_ 14 February 2024
#ကျပ်ခြောက်သောင်းခန့်အထိကျဆင်း #မြန်မာ့ရွှေဈေးမတည်မငြိမ်ဖြစ်နေ
#YMG/NN #Yangon_Times
#Local_News
Published_ 14 February 2024
ပြီးခဲ့သည့် ပြည်ထောင်စုနေ့ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ဘုရားဖူးများလာရောက်သူများပြားခဲ့သည့်အတွက် ဒေသခံနှင့် ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေကြောင်း သိရသည်။
'ဒီပြီးခဲ့တဲ့ပိတ်ရက်ကလာတဲ့ သူများတယ် ဟိုတယ်တွေလည်းပြည့်ကြတယ်၊ သိန်းကျော်ရှိတယ်လာကြတာ၊ ဘုရားဖူးများတော့ ဘာပဲပြောပြောကျွန်တော်တို့လို ခရီးသွားကိုမှီခိုလုပ်ကိုင်သူတွေ အဆင်ပြေတယ်၊ ဒေသခံအများစုဒါပဲလုပ်ကြတာကိုး၊ ဒီပိတ်ရက်ကသုံးရက်ဆက်တော့ အလာများတယ်ပေါ့၊ ကျွန်တော်တို့က လှမ်းချိတ်ဆက်ရင် ဟိုတယ်၊တည်းခိုခန်းစီစဉ်ပေးတယ်၊ လာရင်ကြိုတယ်၊ လိုက်ပို့တယ် ဓာတ်ပုံလေးတွေပါရိုက်ပေးတာ' ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၂ ရက် အထိ ရုံး၊ ကျောင်းများ သုံးရက် ဆက်တိုက်ပိတ်ခဲ့သည့်အတွက် ပုဂံညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများ၌လည်း အခန်းပြည့်သည်အထိ လာရောက်သူများပြားခဲ့ပြီး ဘုရားဖူးဧည့်သည် တစ်သိန်းနှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ထီးလို မင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဗူးဘုရား၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စသည့် ဘုရားပုထိုးများတွင် ဘုရားဖူးလာရောက်သူ များပြားလေ့ရှိကြောင်းသိရသည်။
အလားတူ ချောင်းသာ၊ ငွေဆောင်စသည့်ကမ်းခြေဒေသများအပြင် ကျိုက်ထီးရိုးစေတီတော်၌လည်း စံချိန်တင်ဘုရားဖူးမြင့်တက်ခဲ့ကြောင်း သိရသည်။
#Local_News #ပုဂံသို့ဘုရားလာရောက်ဖူးမျှော်သူများပြား #YMG/NN #Yangon_Times
ဗဟိုဘဏ်မှ ကန်ဒေါ်လာ (၅.၃၈)သန်းထပ်မံရောင်းချပေး၊ ယခုလတွင်(၁၃.၃၈)သန်းရောင်းချပေးပြီးဖြစ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာအမေရိကန်ဒေါ်လာ(၅.၃၈)သန်းထုတ်ရောင်းချပေးလိုက်တယ်။ ယခုလတွင်(၁၃.၃၈)သန်းရောင်းချပေးပြီးဖြစ်တယ်။
#Local_News
Published_ 14 February 2024
#ကန်ဒေါ်လာ(၅.၃၈)သန်း #ထပ်မံရောင်းချပေး
#tthl #Yangon_Times
လက်ရှိအချိန်ကာလဟာ မိုးယွန်းကြီးအင်းထဲငှက်ကြည့်ရန် သင့်တော်ဆုံးအချိန်ဖြစ်ပေမယ့် အပျော်လှေစီးရင်း ငှက်ကြည့်သူသာရှိပြီး ကျွမ်းကျင်အဆင့်အနေနဲ့ ငှက်ကြည့်သူတွေ လာရောက်မှုမရှိသလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။
#Local_News
Published_ 14 February 2024
#မိုးယွန်းကြီးအင်း #ယခင်ထက်ပိုများလာ
#YMG/LW #Yangon_Times
#Local_News
Published_ 14 February 2024
ဂျာမနီနိုင်ငံတွင် သူနာပြုသင်တန်းတက်ပြီး အလုပ်လုပ်ကိုင်လိုသူများအတွက် Living and Working in Germany ပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း Goethe- Institut Myanmar မှ သိရသည်။
အဆိုပါ Living and Working in Germanyပွဲတွင်သူနာပြု Vocational Training ကို ဂျာမနီနိုင်ငံမှာလက်ရှိတက်ရောက်နေသည့် မလဲ့ဖြူဖြူအောင်မှသူနာပြု Vocational Training နှင့် ပတ်သက်သည့်သူမအတွေ့အကြုံများကို မျှဝေပေးသွားမည် ဖြစ်ပြီး Training နှင့်ပတ်သက်သည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားမည် ဖြစ်သည်။
Living and Working in Germany (knowledge sharing session)ပွဲကို ဖေဖော်ဝါရီလ (၁၇) ရက်၊ နေ့လယ် (၁၂:၀၀)မှ (၂:၃၀)အထိ Goethe-Institut Myanmar Auditorium (ပြပွဲခန်းမ)၌ကျင်းပ သွားမည်ဖြစ်သည်ဟုဆိုသည်။
ဂျာမနီမှာ သူနာပြု Vocational Trainingတက်ရောက်ဖို့ ပြင်ဆင်နေသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့်အောက်မှာဖော်ပြထားတဲ့ Link https://www.goethe.de/ins/mm/en/spr/lad/ber.html(အင်္ဂလိပ်ဘာသာဖြင့်)နှင့်https://www.goethe.de/ins/mm/my/spr/lad/ber.html (မြန်မာဘာသာဖြင့်)ကိုနှိပ်ပြီး English သို့မဟုတ် မြန်မာဘာသာဖြင့် register ပြုလုပ်ကာ ပွဲနေ့မှာ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
#Local_News #သူနာပြုသင်တန်း #မြန်မာမှဂျာမနီ #tthl #Yangon_Times
#Local_News
Published February 2024
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၆ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံကော့သောင်းမြို့သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၄ရက် နေ့လည်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်ကျခံပြီးသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခြင်းဖြစ်သည်။
နေရပ်ပြန်ပို့သူများတွင် မြန်မာနိုင်ငံသားအမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်ကာ ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ကော့သောင်းမြို့သို့ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတွေ ပြုလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိသူများကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာနိုင်ငံသား၂၀၆ဦး #နေရပ်သို့ပြန်ပို့ #YMG/LW #Yangon_Times
ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ် ၁၀၀ အထိ ဈေးကျဆင်းနေ၍နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုးပေါ်နေ' ပြီးခဲ့တဲ့နှစ်တွေကပေါတာကပေါတယ်ဒီလောက်အထိဈေးမကျသေးဘူး၊၃၀၀လောက်ဆိုသူတို့အတွက် တွက်ခြေကိုက်သေးတယ်၊ အရင်းပြန်ကျေနိုင်သေးတယ်'
#Local_News
Published_ 14 February 2024
#ဂေါ်ဖီပန်းပွင့်ဈေးပေါလွန်း #နွားစာအဖြစ်ဝယ်ကျွေး
#YMG/NN #Yangon_Times
"နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အာရုဏ်ဆွမ်း/နေ့ဆွမ်းကို၁ရက်လျှင် ၅၀ ဘတ်၊ ပံသကူသင်္ကန်း/ကန်တော့ပွဲ ၁ပွဲလျှင် ၅ဘတ်၊ ရွှေ့ထင်း ငွေထင်း ၁စုံ လျှင် ၁ ဘတ်၊ ရေ/မီး ၁ရက် လျှင်၄ဘတ်၊ စုစုပေါင်း။ ၁စုံကြီးစာ ၆၀ ဘတ်ဖြင့် လှူဒါန်းနိုင်တယ်"
#Local_News
Published_ 14 February 2024
#နဂါးနှစ်ကောင်ဆရာတော်ကြီး
#tthl #Yangon_Times
#Local_News
Published_ 14 February 2024
အချို့နိုင်ငံကြီးများမှ မမှန်မကန်ဖိအားပေးမှုများရှိသော်လည်း နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ ၁၉ ဦးနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီးလေးဦးတို့အား တွေ့ဆုံတဲ့ အခမ်းအနားမှာပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သံရုံးအကြီး အကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ် အသီးသီးရှိနိုင်ငံများ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် နိုင်ငံတော်၏မူဝါဒများကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဆိုပါတယ်။
သံတမန်၏ သဘောသဘာဝမှာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေကို သံအမတ်ကြီးများ သိရှိပြီးဖြစ်ကြောင်း၊ အားသာချက် အားနည်းချက်များကို သုံးသပ်၍ အခွင့်အလမ်းရှာဖွေပြီး နိုင်ငံ့အကျိုးစီးပွားကို ဖော်ဆောင်သွားရမှာဖြစ်ပြီး နိုင်ငံစုံဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများတွင် အဓိကအားဖြင့် နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာရှိရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ထို့နောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက မြန်မာနိုင်ငံနှင့် ၎င်းတို့တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများ၏ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်မှုအခြေအနေ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့် နိုင်ငံ့အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #မမှန်မကန်ဖိအားပေးမှု #နိုင်ငံခြားရေးဝန်ကြီး #Ymg_mnn #Yangon_Media_Group
Page 496 of 1647