#Local_News
Published 3 May 2025
▪️ မန္တလေးငလျင်ကြောင့် ခြေလက်ဆုံးရှုံးသူ လူနာများအားလုံးကို ၎င်းတို့၏ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
▪️ မေလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ခြေတုလက်တုနှင့် အားပြုကိရိယာအလုပ်ရုံသို့ ရောက်ရှိစဥ် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံတော်အကြီးအကဲမှလည်း စေတနာအပြည့်အ၀ဖြင့် အလုံးစုံခြေတုလက်တုများအပြီးအစီး တပ်ဆင်ပေးနိုင်သည်အထိ အပြည့်အ၀ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လမ်းညွန်ထားကြောင်းလည်း ပြောကြား ခဲ့သည်။
▪️ ၎င်းအပြင် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံရှိ ခြေတုလက်တု နှင့် အားပြုကိရိယာအလုပ်ရုံသည် ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ပြန်လည်သန်စွမ်းရေး လိုအပ်သော လူနာများအတွက် အဓိကအားပြု ဆောင်ရွက်နေသည့်ဌာနဖြစ်သဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးပိုမိုကောင်းမွန်သော ခြေတုလက်တုများ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊
▪️ ထို့အပြင် ခြေတုလက်တု ကျွမ်းကျင်ပညာရှင်များကို အရေအတွက် ပိုမို၍ လေ့ကျင့်သင်ကြားပေးရန်နှင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းတိုးတက်ဖွံ့ဖြိုးရေးအတွက်ပါ တစ်ပါတည်း စဉ်းစားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times