#Local_News
Published 3 May 2025
▪️ လာမည့် မေ (၅) ရက်တွင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အထိမ်းအမှတ်အဖြစ် အထူးထုတ် (၂,၀၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ရောင်းချပေးသွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ထို (၂,၀၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို မေ (၅) ရက်၊ နံနက် (၉) နာရီခွဲအချိန်မှ စတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများ၌ တပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ စတင်ရောင်းချသည့်နေ့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်ဧပြီလ ၂၈ရက်ကလည်း (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်း အမှတ် Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးကို ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times