#Local_News
Published 18 February 2024
ထိုင်းနိုင်ငံဘန်ကောက်မြို့ ထေ့ယမ်းထလေ ဂတ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း မတော်တဆကြောင့် လက်ထိခိုက် မိသော မြန်မာအလုပ်သမားတစ်ဦး နစ်နာကြေးဂဘတ်၆သောင်းကျော်ရရှိကြောင်း ကူညီပေးသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲထံကသိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ကိုအေးညွန့်မောင်သည်အလုပ်ချိန်အတွင်း မတော်တဆထိခိုက်မိသဖြင့် လက်ခလယ်တစ်ဆစ် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုအတွက် နစ်နာကြေးရရှိရန် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ရာ သုံးလခန့် ကြာပြီးနောက် ဖေဖေါ်ဝါရီ ၁၅ ရက် က နစ်နာကြေးထိုင်း ဘတ်ငွေ ၆၄၂၄၆ ဘတ်ရရှိခဲ့ ခြင်းဖြစ်သည်။
#Local_News #မြန်မာအလုပ်သမားနစ်နာကြေးရ #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ အသုံးပြုခွင့်ကို မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရသိရသည်။
ဗဟိုဘဏ်မှ ပို့ကုန်ရငွေနှင့် ပတ်သက်ပြီး ပြန်လည်တင်းကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မှာဖြစ်ကြောင်း ’ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့် အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ အရ ပို့ကုန်လုပ်ငန်းရှင်တွေအနေဖြင့် ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်ဈေးဖြင့် လဲလှယ်ရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ နေ့စဉ်အွန်လိုင်းဈေးနှုန်းနဲ့ လဲလှယ်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်အတိုင်း လက်ရှိမှာ ပြောင်းလဲခြင်းမရှိ ဘဲ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် တွင်ဖေါ်ပြထားသည်။
#Local_News #ပို့ကုန်ရငွေ အသုံးပြုခွင့် #ဆက်လက်ခွင့်ပြုပေးနေဟုစီးပွား/ကူးသန်းထုတ်ပြန်
#YMG/LW #Yangon_Times
#Local_News
Published 18 February 2024
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကျွဲနဖားအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းအဆင်း၊ Asia energy စက်သုံးဆီဆိုင်ရှေ့မှာ ဖေဖော်ဝါရီ လ၁၇ရက် ညနေ၆နာရီခွဲခန့်က ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်စည့်ယာဉ်မှာ ခရီးသည်တင် Expressယာဥ်တစ်စီး ဖြစ်ပြီး မီးလောင်မှုကြောင့် ယာဥ်တစ်စီလုံး မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၁၄ မိနစ် အချိန်ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
#Local_News #စက်သုံးဆီ ဆိုင်ရှေ့ ယာဉ်တစ်စီး မီးလောင် #YMG/LW #Yangon_Times
၁၈ ဖေဖော်ဝါရီ ၂၀၂၄
အကျဉ်းချခံထားရပြီး ရဲဆေးရုံမှာ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ယနေ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာပါတယ်။
အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဘီလျံကြွယ်သူဋ္ဌေးကြီးလည်းဖြစ်တဲ့သက်ဆင်ဟာ တနင်္ဂနွေမနက်စောစောမှာ မာစီဒီးအနက်ရောင်ကို စီးနင်းကာ ဆေးရုံမှထွက်ခွာသွားပါတယ်။ သူဟာ ရှပ်အင်္ကျီ အစိမ်းရောင်ဝတ်ဆင်ထားပြီး လက်မှာပတ်တီးစည်းနှောင်ထားပါတယ်။ သူ့ဘေးမှာ သူ့သမီးအငယ်ဆုံး ဖွေထိုင်းပါတီခေါင်းဆောင် ပေတောင်တန် ရှင်နာဝါထရာလိုက်ပါသွားတယ်လို့ မျက်မြင်ရိုက်တာသတင်းထောက်က ပြောပါတယ်။
သူဟာ သူ့ရဲ့အသက်၊ကျန်းမာရေးအခြေအနေတွေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အတွက် ကိုက်ညီလို့ခွင့်ပြုခဲ့တာလို့ ထိုင်းအစိုးရကပြောထားပါတယ်။
သက်ဆင်စီးလာတဲ့ကားဟာ ၂၅မိနစ်အကြာမှာ ဘန်ကောက်မှာရှိတဲ့ မိသားစုနေအိမ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
“ သက်ဆင်အိမ်ပြန်ရောက်ပြီ။ သူကျန်းမာနေတယ်လို့မျှော်လင့်ပါတယ်” လို့ အင်စတာဂရမ်က သူ့ရဲ့ ထောက်ခံသူတစ်ဦးရဲ့ ပို့စ်ကို သမီးပေတောင်တန်က ပြန်ဝေမျှထားတာတွေ့ရပါတယ်။
သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးလို့ လွတ်မြောက်လာပါပြီ လို့ သူ့ရှေ့နေ ဝင်ယတ် ချန်မွန်ထရီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
သက်ဆင်ဟာ ထောင်ကျမှာကိုရှောင်ရှားတဲ့အနေနှင့် နိုင်ငံပြင်ပမှာ ပြည်ပြေးဘဝနှင့် ၁၅နှစ်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ထောင်အကျခံဖို့အတွက် ထိုင်းကိုပြန်လာခဲ့တာဖြစ်ပါတယ်။ထောင်ကျပြီးပြီးချင်းပဲ ကျန်းမာရေးကြောင့်ဆိုပြီး သူ့ကို ရဲဆေးရုံကိုချက်ခြင်းပို့ဆောင်ပေးခဲ့ပြီး ယခုလွတ်မြောက်တဲ့အချိန်ထိ အဲဒီဆေးရုံမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။
Source Reuters
@ymg/knl
#World_Discovery
Published 18 February 2024
နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိပြီလို့ ခန့်မှန်းရပြီး အတွင်းထဲမှာ အရည်ရှိနေသေးတဲ့ ကမ္ဘာ့ပထမဆုံးကြက်ဥကို သိပ္ပံပညာရှင်များက အကောင်းအတိုင်း တွေ့ရှိခဲ့ကြပါတယ်။
၂၀၀၇ ခုနှစ်မှ ၂၀၁၆ အတွင်း ဘက်ကင်ဂမ်ရှိုင်းယား အိုင်းစ်ဘူရီမှာ တူးဖော်မှုပြုလုပ်ခဲ့စဥ် ထိုကြက်ဥကို သိပ္ပံပညာရှင်များ တွေ့ခဲ့ကြတာဖြစ်ပြီး အလွန်ထူးခြားတဲ့ တွေ့ရှိမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တူးဖော်မှုပြုလုပ်စဥ် ရှေးဟောင်းတူးဖော်ရေး သုတေသီများကြောင့် ကြက်ဥ ၃ ဥကွဲသွားခဲ့ပြီး အနံ့ဆိုးတွေ ထွက်လာပေမယ့် စတုတ္ထမြောက်ဥကတော့ အကောင်းအတိုင်း ရရှိခဲ့ပါတယ်။
အဏုကြည့်ဓာတ်မှန်ဖြင့် ကြည့်ရှုခဲ့ရာမှာ ထိုကြက်ဥမှာ အနှစ် အကာတွေပြည့်နေသေးတယ်လို့ တွေ့ရှိခဲ့ပြီး ထိုအချိန်က အကောင်းအတိုင်း ရှင်ကျန်ခဲ့တဲ့ တစ်ခုတည်းသာဥ ဖြစ်နေပါတယ်။
ကြက်ဥတွေ ယိုစိမ့်နေမယ်လို့ ထင်ထားခဲ့ပေမယ့် အထဲမှာ အကောင်းအတိုင်း တွေ့လိုက်ရတာကြောင့် အလွန်အံ့အားသင့်ခဲ့ကြတယ်လို့ တူးဖော်ရေးကို ကြီးကြပ်တဲ့ အောက်စ်ဖို့ဒ် ရှေးဟောင်းသုတေသန စီမံကိန်းအကြီးတန်း မန်နေဂျာ အက်ဒ်ဝါ့ဒ်ဘစ်ဒဲ့လ်ပ်က ဆိုပါတယ်။
ကြက်ဥကို လန်ဒန်သဘာဝသမိုင်းပြတိုက်သို့ ယူဆောင်သွားကာ ငှက်တွေ ဥတွေစုဆောင်းတဲ့ ပြတိုက်မှပညာရှင်နဲ့ တိုင်ပင်ပြီး ကြက်ဥကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများနဲ့ အထဲကအရည်တွေကို ဖယ်ရှားမယ့် နည်းလမ်းတွေကို တိုင်ပင်ခဲ့ကြပါတယ်။
အခုဆိုရင် အိုင်းစ်ဘူရီရှိ ဒစ္စကာဗာဘက်ခ်ပြတိုက်မှာ ထိန်းသိမ်းထားပြီး အခွံမကွဲစေဘဲ အထဲကအရည်ကို ထုတ်ယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနေကြပါတယ်။
#World_Discovery #အတွင်းအရည်အနှစ် #နှစ်(၁၇၀၀)သက်တမ်းရှည်ကြက်ဥ #Source: WION
သဘင်လောကသားများကို မျက်စိအခမဲ့ခွဲစိတ်ပေးမည်။ "မျက်စိမကောင်းတဲ့ မျက်စိတိမ်ရှိနေတဲ့နွမ်းပါးတဲ့ သဘင်လောကသားတွေအနေနဲ့ အခမဲ့ခွဲစိတ်ခွင့်ရမှာ ဖြစ်ပြီးမျက်စိခွဲစိတ်ကုသမှုခံယူလိုသူတွေ အနေနဲ့ဖေဖော်ဝါရီလ(၂၉)ရက် နောက်ဆုံးထားပြီး လသာမြိုနယ်ရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)သို လာရောက်လျှောက်ထားနိုင်တယ်"
#Local_News
Published_ 18 February 2024
#သဘင်လောက #မျက်စိအခမဲ့ခွဲစိတ်
#tthl #Yangon_Times
#World_Health
Published 18 February 2024
ဂျင်းပြုတ်ရည်က ပူစပ်ပြီး လန်းဆန်းစေတဲ့အရသာ ပေးစွမ်းကာ ကျန်းမာရေးအကျိုးကျေးဇူးရချင်တဲ့အတွက် သောက်သုံးလေ့ရှိကြပါတယ်။
ဂျင်းပြုတ်ရည်မှာ ဂျင်ဂျရောလ်၊ ရှိုဂိုးလ်၊ ဇင်ဂျရုန်းစသဖြင့် ဇီဝလှုပ်ရှားဒြပ်ပေါင်းများ ပါဝင်ကာ ရောင်ရမ်းခြင်းဆန့်ကျင်ခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ခြင်း အစွမ်းသတ္တိများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတာ ဖြစ်ပါတယ်။
ဂျင်းပြုတ်ရည် သောက်သုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..
(၁) ရောင်ရမ်းဆန့်ကျင်သတ္တိ
ဂျင်းပြုတ်ရည်မှာ ပါဝင်တဲ့ ဂျင်ဂျရောလ်က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပြီး ခန္ဓာကိုယ်မှ ရောင်ရမ်းခြင်းအမျိုးမျိုးကို လျှော့ချပေးပါတယ်။
(၂) အစာချေခြင်းကို ကူညီခြင်း
အစာမကြေခြင်း၊ မူးဝေအော့အန်ခြင်းတို့ကို သက်သာစေပြီး အစာခြေအင်ဇိုင်းထုတ်လုပ်ပေးပါတယ်။
(၃) ကိုယ်ခံအားမြှင့်တင်ပေးခြင်း
ဓာတ်တိုးဆန့်ကျင်ခြင်း ပါဝင်တာကြောင့် ရောဂါကူးစက်မှုများကို တိုက်ထုတ်ပေးပါတယ်။
(၄) ဓမ္မတာမသက်မသာဖြစ်ခြင်းကိုသက်သာခြင်း
ဓမ္မတာလာခြင်းကြောင့် နာကျင်ခြင်းများကို သက်သာစေပြီး လက္ခဏာဝေဒနာများကို ပြေလျော့စေပါတယ်။
(၅) မူးဝေအော့အန်ခြင်းကို သက်သာစေခြင်း
ခရီးမူးခြင်း၊ ကိုယ်ဝန်ဆောင်စဥ်မူးခြင်းတို့ သက်သာစေပြီး အစာအိမ်ကို ငြိမ်သက်စေပါတယ်။
(၆) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
ကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်ကို လှုံ့ဆော်ပေးတာကြောင့် စားချင်စိတ်ကို လျှော့ချပေးကာ ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
(၇) သွေးလှည့်ပတ်မှုကောင်းမွန်ခြင်း
သွေးစီးဆင်းမှုကို ကောင်းစေတဲ့ ဒြပ်ပေါင်းများ ပါဝင်ပြီး သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။
(၈) ဦးနှောက်ကျန်းမာရေး
ဦးနှောက်ဆဲလ်တွေ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကာ ဦးနှောက်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၉) အသက်ရှူစနစ်ထောက်ပံ့ပေးခြင်း
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စတဲ့အသက်ရှူလမ်းကြောင်း ဝေဒနာများကို သက်သာစေပါတယ်။
(၁၀) ကင်ဆာဆန့်ကျင်ပေးခြင်း
ဂျင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကာ ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
#World_Health #ဂျင်းပြုတ်ရည်မကြာခဏသောက်သုံးသင့် #Source: DoctorNDTV
၁၇ ဖေဖော်ဝါရီ ၂၀၂၄
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်၊ လူရွယ်များအပေါ် မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့မှုနှင့်
ပြည်သူ့စစ်မှုထမ်းစနစ်ကိစ္စများကို သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထပ်မံရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးပါတယ်။
@ymg/knl
ဆူဒန်ပြည်တွင်းစစ်ကြောင့် အင်တာနက်နှင့်ဆက်သွယ်ရေးကဏ္ဍ ပြတ်တောက်နေကာစီးပွားရေးကပ်ဘေးစိုးရိမ်နေရ
ဆူဒန်နိုင်ငံမှာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အင်တာနက်နဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။
#World_Crisis
Published 17 February 2024
#စီးပွားရေးကပ်ဘေးစိုးရိမ်နေရ #ဆူဒန်ပြည်တွင်းစစ်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 February 2024
၁။ တောင်သူများ ဓာတ်မြေဩဇာအတွက် ကုန်ကျ စရိတ်(၄)ဆလျှော့ချနိုင်မည့်နည်းလမ်းရှိ
၂။ စိုက်ပျိုးထားသည့်သီးနှံများကြောင့် ဇရပ်ကြီးစစ်ရှောင်ပြည်သူအချို့ နေရပ်ကိုပြန်သွားဟုဆို
၃။ ဆူဒန်ပြည်တွင်းစစ်ကြောင့် အင်တာနက်နှင့်ဆက်သွယ်ရေးကဏ္ဍ ပြတ်တောက်နေကာ စီးပွားရေးကပ်ဘေးစိုးရိမ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဒေသတွေမှာ စပါးပဲ အဓိကစိုက်ပျိုးကျတာ အခုရာသီကရိတ်သိမ်းချိန်ဖြစ်တော့ အချို့တောင်သူတွေက ဧကအများကြီးနဲ့ ရင်းထားရတော့ သူတို့သီးနှံတွေ ပျက်စီးဆုံးရှုံးမှာစိတ်ပူပြီး နေရပ်ကိုအရဲစွန့်ပြန်သွားကျတာ သီးနှံတွေ ရောင်းချမယ်ဆိုရင် သူတို့အတွက် သိန်းရာချီပြန်ရမှာဆိုတော့ သူတို့ဘဝရပ်တည်ရေးအတွက် အရေးကြီးတယ်လေ။
#Local_News
Published_ 17 February 2024
#ဆေးဝါးနှင့်အိုးခွက်ပန်းကန် #သီးနှံတွေပျက်စီးဆုံးရှုံး
#YMG/LW #Yangon_Times
တောင်သူများ ဓာတ်မြေဩဇာအတွက်ကုန်ကျ စရိတ်(၄)ဆလျှော့ချနိုင်တော့မည် " ဓာတုမြေဩဇာတွေဟာပါဝင်အချိုးအစားပေါ်မူတည်ပြီး ကျပ်(၆)သောင်းမှ (၁)သိန်းခွဲပေါက်ဈေးရှိနေပြီး သဘာဝမြေဩဇာ ကတော့နှစ်သောင်းကျော် သုံးသောင်းကျော်ခန့်သာ ပေါက်ဈေးရှိလို အချို့(၄) အိတ်(၁)အိတ်ကွာတယ်"
စိတ်ကြိုက်မြေဩဇာ ဖြန့်ချိရောင်းချနေသည့်ကိုယ်စားလှယ်တစ်ဦး
#Local_News
Published_ 17 February 2024
#ဓာတ်မြေဩဇာ #ဖြန့်ချိရောင်းချနေသည့်ကိုယ်စားလှယ်
#tthl #Yangon_Times
Page 491 of 1647