#World_News
Published 08 May 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား တင်းမာမှုမြင့်တက်နေချိန်မှာ အကူအညီပေးနိုင်တာရှိရင် အသင့်ရှိနေမှာဖြစ်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခမြင့်တက်လာခြင်းကို ရပ်တန့်စေချင်တယ်လို့ ပြောလိုက်ပါတယ်။

▪️ "ကျွန်ုပ်က နှစ်နိုင်ငံစလုံးနဲ့ အဆင်ပြေပြီး သူတို့အကြောင်း ကောင်းကောင်းသိပါတယ်။ ပဋိပက္ခဖြစ်နေကြတာတွေ ရပ်တန်ဖို့ မျှော်လင့်ပါတယ်။

▪️ အပြန်အလှန် လက်တုံ့ပြန်နေကြတာ ကြာနေပါပြီ" လို့ ပြောပါတယ်။
ထရမ့်ကို အိန္ဒိယပါကစ္စတန်စစ်ပွဲအကြောင်း မေးမြန်းကြရာမှာ သူဟာ နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေးကောင်းရှိပြီး ကူညီပေးနိုင်တာရှိရင် အသင့်ရှိနေကြောင်း ဖြေကြားသွားပါတယ်။

▪️ "အတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေကြတာမှန်း သိကြမယ်ထင်ပါတယ်။ သူတို့တွေ တိုက်ခိုက်လာကြတာ ဆယ်စုနှစ်တွေချီနေပါပြီ" လို့ ထရမ့်ကပြောပါတယ်။

▪️ သူတို့ရဲ့တင်းမာမှုတွေ အမြန်ဆုံးအဆုံးသတ်ဖို့ မျှော်လင့်နေတယ်လို့ ပြောသွားပါတယ်။

▪️ အိန္ဒိယဟာ ဧပြီ ၂၂ ရက်နေ့က လူ ၂၆ ဦးသေဆုံးခဲ့တဲ့ ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်းက ဆင်ဒူရ်စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး ကက်ရှ်မီးယားနဲ့ ပန်ဂျပ်ဒေသတို့မှာ အကြမ်းဖက်ပစ်မှတ် ၉ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

▪️ အိန္ဒိယဘက်မှ တိုက်ခိုက်မှုများကြောင့် ၃၁ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရထားကြောင်း ပါကစ္စတန်စစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး အာမတ်ရှရစ်ချောင်ဒရီက ပြောထားပါတယ်။

#Source: NDTV