#World_Health
Published 08 May 2025

▪️ နှုတ်ခမ်းခြောက်သွေ့တတ်သူတွေက နှုတ်ခမ်းဆီလိမ်းလိုက်မှ သက်သာရာရသွားကြပြီး ခြောက်သွေ့တိုင်း မကြာခဏလိမ်းတတ်ကြပါတယ်။

▪️ နှုတ်ခမ်းသားတွေက အဆီဂလင်းတွေမရှိတာကြောင့် ယင်းတို့ဘာသာ မစိုစွတ်နိုင်တာကြောင့် အထူးတလည် ထိန်းသိမ်းပေးရပါတယ်။

▪️ ဒါ့အပြင် ပြင်ပလေ၊ နေရောင်၊ အပူအစပ်၊ လေအေးဒဏ်တို့ကိုလည်း အမြဲခံရတတ်ပါတယ်။

▪️ နှုတ်ခမ်းဆီအားလုံးက အကျိုးရှိစေတာတော့ မဟုတ်ပါဘူး။
ခဏတာစိုစွတ်မှုပေးနိုင်ပေမယ့် အချိန်ကြာလာရင် ပိုပြီးတော့တောင် ခြောက်သွေ့လာစေပါတယ်။

▪️ သူ့မှာပါဝင်တဲ့ မင်သောလ်၊ ကမ်ဖေါ၊ ဖီနောတို့က အေးမြစေနိုင်ပေမယ့် တကယ်တမ်းတော့ ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။

▪️ အဲဒီအစား ဆယ်ရာမိုက်ပါဝင်တဲ့ နှုတ်ခမ်းဆီကတော့ အရေပြားအတွက် အကာအကွယ်ဖြစ်စေပြီး ရှီယာထောပတ်၊ လာနိုလင်၊ ပျားဖယောင်းတို့ကလည်း နူးညံ့အားဖြည့်ပေးသလို ဂလစ်စရင်း၊ ဟိုင်ယာလူရွန်နစ်အက်ဆစ်တို့က အသားအရေအတွက် စိုစွတ်မှုပေးပါတယ်။

▪️ နှုတ်ခမ်းခြောက်ပြီး အဖတ်ကွာသွေးထွက်တဲ့အခါမှာတော့ နှုတ်ခမ်းဆီ အသုံးပြုရင် ပိုပြီးတော့ဆိုးရွားနိုင်ပါတယ်။

▪️ မွှေးရနံ့မပါဘဲ ဆယ်ရာမိုက်ပါဝင်တဲ့ နှုတ်ခမ်းဆီကို ပြောင်းလဲသုံးနိုင်သလို ရေများများသောက်ခြင်းကလည်း အစိုဓာတ်ရရှိစေပါတယ်။

▪️ ဘယ်လိုပဲဖြစ်ဖြစ် နှုတ်ခမ်းဆီအသုံးများရင် အရေပြားအကာအကွယ်လွှာ ပျက်စီးစေကာ နှုတ်ခမ်းဆီမသုံးရမနေနိုင် ဖြစ်လာနိုင်ပါတယ်။

▪️ ဒါကြောင့် နှုတ်ခမ်းဆီရွေးချယ်တဲ့အခါ နူးညံ့ပြီး ရေဓာတ်ပေးနိုင်တဲ့ အမျိုးအစားကို သုံးစွဲသင့်ပါတယ်။

#Source: New York Post