#World_Health
Published 08 May 2025
▪️ အချိန်တစ်ခုအထိ အစားဖြတ်ခြင်း(IF)နည်းလမ်းက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရနိုင်တယ်လို့ လူသိများလာပါတယ်။
▪️ ခန္ဓာကိုယ်မှာ အဆက်မပြတ် အစာခြေခြင်းကနေ အနားရစေပြီး ကိုယ်တွင်းထဲမှာ ပြန်လည်သစ်လွင်စေပြီး အသက်ရှည်စေနိုင်ဖွယ်ရှိတဲ့ ဇီဝလမ်းကြောင်းတွေကို လှုံ့ဆော်ပေးနိုင်ဖွယ် ရှိပါတယ်။
▪️ အစားဖြတ်ခြင်းနည်းလမ်းက ခန္ဓာကိုယ်ထဲမှာ ကုစားမှုဖြစ်စဉ်ကို ဘယ်လိုကူညီပေးလဲဆိုတာ ဖော်ပြသွားပါမယ်။
▪️ (၁) ကိုယ်တွင်းသန့်စင်စနစ်လှုံ့ဆော်ခြင်း - အစာမရှိတဲ့အချိန်မှာ ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး ပျက်စီးဆဲလ်များကို ဖယ်ရှားပေးကာ ဆဲလ်သစ်များ ဖွံ့ဖြိုးစေပါတယ်။
▪️ (၂) ရောင်ရမ်းမှုလျှော့ချခြင်း - အစားဖြတ်ခြင်းက ရောင်ရမ်းမှုဆိုင်ရာပစ္စည်းများကို လျော့နည်းစေနိုင်ပြီး ခန္ဓာကိုယ်ကုစားခြင်းနဲ့ ကိုယ်ခံအားနည်းရောဂါများ ထိန်းချုပ်ခြင်းတို့ ထောက်ကူပေးပါတယ်။
▪️ (၃) ကိုယ်ခံအားတုံ့ပြန်မှုမြှင့်တင်ခြင်း - သွေးဖြူဥဆဲလ်များ ထုတ်လုပ်ပေးကာ ခုခံအားလုပ်ဆောင်ချက် မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုများမှ ခုခံမှုတိုးတက်စေပါတယ်။
▪️ (၄) အူလမ်းကြောင်းကျန်းမာရေး - အစာမရှိတဲ့အချိန်မှာ အစာခြေစနစ် အနားရပြီးပြုပြင်ပေးတာကြောင့် အူနံရံများကို အကျိုးရှိစေပါတယ်။
▪️ (၅) ဦးနှောက်ကုစားပေးခြင်း - IFနည်းလမ်းက ဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်ထောက်ပံ့ပေးတဲ့ ပစ္စည်းကို ထုတ်လုပ်ပေးပြီး ဦးနှောက်ထိခိုက်မှု ပြန်လည်သက်သာဖို့ရာ ကူညီပေးပါတယ်။
▪️ (၆) အင်ဆူလင်လှုံ့ဆော်ခြင်း - သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေကာ ဓာတ်တိုးပျက်စီးခြင်းကို လျှော့ချပေးပြီး တစ်ရှူးများ အင်္ဂါများ ထိရောက်စွာကုစားပေးပါတယ်။
▪️ (၇) ကြွက်သားပြန်လည်သက်သာစေခြင်း - ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားပြန်လည်သက်သာမှု ရစေသလို ဟော်မုန်းတွေလည်း မျှတစေပါတယ်။
▪️ (၈) ဓာတ်တိုးဆန့်ကျင်ကာကွယ်မှုမြှင့်တင်ခြင်း - ခန္ဓာကိုယ်ရဲ့ ဓာတ်တိုးဆန့်ကျင်စနစ်ကို မြှင့်တင်ပေးကာ အရေပြားနဲ့ တစ်ရှူးကုစားခြင်းကို ကူညီပေးပါတယ်။
▪️ (၉) အဆိပ်အတောက်ရှင်းပေးခြင်း - အစာမရှိချိန်မှာ ဇီဝဖြစ်စဉ်လျော့နည်းသွားတာကြောင့် အသည်းနဲ့ကျောက်ကပ်တို့ကနေ အဆိပ်အတောက် ရှင်းလင်းခြင်းကို ထိရောက်စွာ လုပ်ဆောင်စေနိုင်ပါတယ်။
▪️ (၁၀) အသက်အရွယ်ကြောင့်ထိခိုက်မှုနှေးစေခြင်း - အသက်ကြီးလာလို့ ဆဲလ်ပျက်စီးခြင်း ရောဂါဖြစ်ခြင်းတို့ကို နှောင့်နှေးစေကာ ဒီအင်န်အေပြုပြင်ချိန်ရစေပါတယ်။
#Source: DoctorNDTV