ရွှေတိဂုံစေတီတော်သို့ တစ်လခွဲအတွင်း အလှူငွေ ကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် ရရှိခဲ့တယ်လို့ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 7 November 2024
#ရွှေတိဂုံစေတီတော် #အလှူငွေသိန်းပေါင်း၃၂,၀၀၀ကျော်ရရှိ
#YMG/NN #Yangon_Times
နွေကြက်သွန်နီ ရာသီကုန်ပြီး လက်ကျန်နည်းပါးချိန် ဈေးနှုန်းမြင့်တက်လာတယ်လို မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်
#Local_News
Published 7 November 2024
#နွေကြက်သွန်နီ #ရာသီကုန်ဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
WatchVideo>>>
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုပဏာမစာရင်းဝင်ရောက်သွားပြီဖြစ်ပြီးကမ္ဘာ့ဒြပ်မဲ့အမွေအနှစ်စာရင်းဝင်မဝင်ရှေ့လထဲမှာ ယူနက်စကိုက ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 November 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုစာရင်းဝင်
#YMG/tthl #Yangon_Times
#World_News
Published 07 November 2024
▪️ ဒေါ်နယ်ထရမ့်က ယခုနှစ်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အနိုင်ရခဲ့ရာမှာ စပိန်လူမျိုးများ၊ ငယ်ရွယ်သူများ၊ ကောလိပ်ဘွဲ့မရတဲ့ အမေရိကန်လူမျိုးများကြား ထောက်ခံမှု အများအပြား ရရှိခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးမှာ မဲအသာရခဲ့ပါတယ်။
▪️ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား ထရမ့်က စည်းရုံးရေးဆင်းရာမှာ အလုပ်သမားတွေကို ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးလို့ ကတိပေးခဲ့ကာ အခွန်ဖြတ်တောက်ရေး ကမ်းလှမ်းချက် အမျိုးမျိုးကိုလည်း ချပြခဲ့ပြီး အလုပ်သမား လူတန်းစားများနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန်လူမျိုးများကြောင့် နေရာအနှံ့မှာ မဲအသာရခဲ့တာ ဖြစ်ပါတယ်။
▪️ စပိန်လူမျိုး မဲပေးသူများကြား ထရမ့်ကိုမဲပေးမှုက ၁၄ ရာခိုင်နှုန်း ကွာခြားခဲ့ပြီး စပိန်လူမျိုးအဖြစ် ဖော်ပြထားတဲ့သူ ၄၆ ရာခိုင်နှုန်းလောက်ဟာ ထရမ့်ကို ရွေးချယ်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ၃၂ ရာခိုင်နှုန်းရှိရာကနေ မြင့်တက်လာပါတယ်။
▪️ စပိန်လူမျိုးတွေဟာ ဆယ်စုနှစ်တွေကြာအောင် ဒီမိုကရက်ဘက်ကို များစွာထောက်ခံခဲ့ပေမယ့် ယခုနှစ်မှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်းကို ရွေးချယ်မှုများခဲ့ပါတယ်။
▪️ မဲပေးသူတွေထဲမှာ စပိန်လူမျိုး ၂၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ခရိုင်တွေမှာ ၂၀၂၀ ဘိုင်ဒင်နဲ့ ယှဉ်ပြိုင်တုန်းကထက် ထရမ့်က ၁၃ မှတ် ပိုများလာခဲ့ပါတယ်။
▪️ စပိန်လူငယ်များဟာ ဒီမိုကရက်တွေကို နှစ် ၅၀ တိုင်အောင် မဲပေးလာခဲ့တဲ့ ယင်းတို့ရဲ့ ဘိုးဘေးတွေလို မစဉ်းစားတော့ဘူးလို့ ရီပတ်ဘလစ်ကန် မီဒီယာသမား ဂျီယန်ကာလိုဆိုပိုက ပြောသွားပါတယ်။
▪️ ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေး သမိုင်းတလျှောက် လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်နေကာ အမေရိကန်မှာ တရားမဝင် နေထိုင်နေတဲ့သူအများအပြားကို ထွက်ခွာစေဖို့ ကတိပြုထားပါတယ်။
▪️ စစ်တမ်းဖြေကြားသူ စပိန်လူမျိုးတွေထဲက ၄ ပုံ ၁ ပုံက နိုင်ငံထဲမှာ မှတ်တမ်းမှတ်ရာမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုကို နေရပ်ပြန်စေချင်ကြတယ်လို့ ပြောကြပါတယ်။
▪️ အမေရိကန်မှ အလုပ်သမားလူတန်းစားထဲမှာ လူဖြူတွေထက် စပိန်အမေရိကန်တွေ ပိုများနေပြီး ထိုထဲကအများစုက ဘွဲ့မရသူတွေ ဖြစ်ပါတယ်။
▪️ နိုင်ငံရေးမှာ အရေးကြီးဆုံးက မိသားစုတန်ဖိုး၊ ဘဝဦးစားပေးရေးနဲ့ ဘာသာရေးတို့ဖြစ်ပြီး ကာမယ်လာဟားရစ်က ဒီတန်ဖိုးတွေ မယူဆောင်နိုင်ဘူး ထင်မြင်ကြောင်း အသက် ၂၈ နှစ်အရွယ် လာဂူနာက ပြောပြပါတယ်။
▪️ ဒါ့အပြင် ယခင်ဒီမိုကရက်တစ်တွေ အနိုင်ရခဲ့စဉ် အရေးပါခဲ့တဲ့ မြို့ကြီးတွေမှာလည်း ထရမ့်အသာရလာပါတယ်။
Source: Reuters
#Local_News
Published 7 November 2024
▪️ မြန်မာအနေဖြင့် နိုင်ငံတကာကတိကဝတ်များကို ဆက်လက်ပူးပေါင်း၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က ယနေ့ နိုဝင်ဘာလ ၇ ရက်တွင်ပြောသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပသောအဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ယင်းအပြင်မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်အပေါ်တွင် အခြေခံကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေကြောင်းလည်း ယင်းကပြောသည်။
▪️ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင်ဖြစ်သောကြောင့် ဂျီအမ်အက်စ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကိုထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင် အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းမှု၊ ဂျီအမ် အက်စ် အတွင်းရေးမှူးရုံး၏ ပံ့ပိုးကူညီ မှုများသာမက ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရ အစိုး ရများ အပါအဝင် အခြားသက်ဆိုင် သူများအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း ယင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူ ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏အကြံပြုချက်များသည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့မှုရှိသည့် ဂျီအမ်အက်စ် အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာရေး အတွက် များစွာအထောက် အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်းလည်း နစက ဥက္ကဌ က ပြောကြားခဲ့သည်။
#Yangon_Times/PP
#Local_News
Published 7 November 2024
▪️ အမျိုးသမီးငယ်များကိုတရုတ်ယောကျ်ားနှင့် လက်ထပ်ရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၃၀ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ မ---၊ ၃၀/၂၀၂၄ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မ---၊ ၁၅/၂၀၂၄ နှစ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နေ မ---၊ ၂၃/၂၀၂၄ နှစ်တို့ သုံးဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း(ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ ကြောင်းသိရသည်။
▪️ ထို့အပြင် အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် တရားခံ ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ White Dragon လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို
တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများ စာတိုက်များ၌ တစ်ပြိုင်နက်
ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “White Dragon” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးဖြစ်သည်။
▪️ အဆိုပါ တံဆိပ်ခေါင်းသစ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် (တနင်္လာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က တင်သွင်းရောက်ရှိလာကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG ZS EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ 99 Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC AION Y YOUNGER အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
▪️ ထိုသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် သုံးနှစ်တာအတွင်း ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ ရှစ်ခုတို့သည်ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း Largely Addressed အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း
ယမာန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးမှ သိရသည်။
▪️ အဆိုပါ အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ Action Plan ပါ ဆောင်ရွက်ရန်ကျန်ရှိသည့် အချက်များအနက် ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်နှစ်ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်လေးခုတို့သည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
▪️ ထို့အပြင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan) (၁၅) ချက်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် (၇) ချက်သာကျန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement)၌ မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၆)ချက် သာကျန်ရှိခဲ့ပြီး အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိသည့် အချက်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက တာဝန်ခံဌာနများအဖြစ် သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် Timeline များ ချမှတ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 November 2024
▪️ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့ ကြောင်းသိရသည်။
▪️ ယင်းအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်၊
ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်မဟာပဝရဓိပတိဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဘုရင့် နိုင်ငံ ဝန်ကြီးချုပ် မဒမ် ဖိထောင်တန် ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ မာဆာဆုဂု အာဆာကာဝါ နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
▪️ အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို “နိုင်ငံ့ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ကြောင်းလည်း သိရသည်။
▪️ ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ ခေါင်း ဆောင်များက“ဆန်းသစ် တီထွင်မှုဖော်ဆောင်ခြင်းဖြင့်ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များ အပေါ် အကြံပြုဆွေးနွေး ကြကြောင်း သိရသည်။
▪️ ယင်းနောက်အစည်းအဝေးဒုတိယအပိုင်း“ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင်အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ် များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion - GMS Economic Cooperation Program) စတင်ချိန်မှစ၍ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင် နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသ ခွဲဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း သည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာယနေ့ကျင်းပသည့် အဋ္ဌမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်း တို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Science
Published 07 November 2024
▪️ ဂရိနိုင်ငံ ဗာဂျီနာရှိ တော်ဝင်အုတ်ဂူတွေထဲက တစ်ခုမှာ အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ အင်္ကျီရှည်လို့ ယူဆရတဲ့ အဝတ်တစ်ခုကို ဒီမိုခရစ်တက်စ်တက္ကသိုလ်မှ အန်တိုနစ်ဘာ့တ်ဆီယိုကက်စ် ဦးဆောင်တဲ့ ရှေးဟောင်းလေ့လာရေး ပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
▪️ ခရမ်းရောင်နဲ့ အဖြူရောင်ပါတဲ့ အင်္ကျီရှည်ကို တွေ့ရှိပြီး ထိုနေရာမှာပဲ အလောင်း ၃ လောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဘာ့တ်ဆီယိုကက်စ်က ရှင်းပြထားပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း အဲလက်ဇန်ဒါသည်ဂရိတ်ရဲ့ မိသားစုဝင် အများအပြားဟာ အဆိုပါ တော်ဝင်အုတ်ဂူတွေထဲ ရှိနေတာကို တွေ့ခဲ့ကြပါတယ်။
▪️ အုတ်ဂူ ၁၊ ၂၊ ၃ လို့အမည်ပေးပြီးနောက် ထပ်မံစစ်ဆေးကြည့်ခဲ့ကြပါတယ်။
အုတ်ဂူနံပါတ် ၂ မှာ ခရမ်းရောင်နဲ့ အဖြူရောင်ပါ အင်္ကျီရှည်ကို တွေ့ရှိခဲ့ပြီး ရောင်စဉ်တိုင်း စက်ပစ္စည်းများဖြင့် စစ်ဆေးခဲ့ရာမှာ ထိုအင်္ကျီကို ချည်သားဖြင့်ပြုလုပ်ပြီး ခရမ်းရောင် ဆေးဆိုးထားတာ ဖြစ်ပါတယ်။
▪️ အုတ်ဂူမျက်နှာပြင်မှာ ထည့်သွင်းထားတဲ့ အင်္ကျီရှည်ဟာ အဲလက်ဇန်ဒါရဲ့ဟာလို့ မှတ်ယူခဲ့ကြပြီး ရွှေဖြင့်ပြုလုပ်ထားကာ ရှေးဟောင်းပါရှားတွေနဲ့ ဆက်စပ်မယ်လို့ ပြောပါတယ်။
▪️ အုတ်ဂူ ၂ မှာတွေ့ရတဲ့ ပစ္စည်းအများအပြားက အဲလက်ဇန်ဒါရဲ့ဟာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အုတ်ဂူ ၁ မှာဆိုရင် ပေါင်နဲ့ခြေထောက် ပူးနေတဲ့ အရိုးငြမ်းတွေ့ရှိထားကာ အဲလက်ဇုန်ဒါရဲ့အဖေ ဖြစ်တယ်လို့ ညွှန်ပြနေကြောင်း၊ အုတ်ဂူ ၁ မှာ ဖိလစ်-၂ နဲ့ ကလီယိုပက်ထရာရဲ့ မွေးကင်းစကလေးကိုလည်း တွေ့ရကြောင်း ရှင်းပြထားပါတယ်။
#Source: WION
#Local_News
Published 7 November 2024
▪️ မြန်မာနိုင်ငံ၏ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပဏာမစာရင်းတွင် ပါဝင်လာကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက်
ယူနက်စကို၏ပဏာမအဆုံးအဖြတ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်သည့် အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စာတွဲပါဝင်လျက်ရှိသည်ကို ယူနက်စကို၏ Websiteတွင် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
▪️ မြန်မာနိုင်ငံမှ တင်သွင်းထားသော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာ ကျင်းပပြုလုပ်မယ့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံသို့ တရားဝင်ဆုံးဖြတ်မှာဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 487 of 1934