#World_Technology
Published 11 March 2025
▪️ ဖလော်ရီဒါ အော်လန်ဒိုမြို့မှာ ၂၀၂၈ လောက်ရောက်ရင် Blade Runner နဲ့ The Fifth Element ဇာတ်ကားတွေထဲကလိုမျိုး ကားပျံတွေ ပျံသန်းတာမြင်လာရနိုင်ပါတယ်။
▪️ vertiportလို့ခေါ်တဲ့ ကားပျံတွေအတွက် လွှတ်တင်ဆင်းသက်လို့ရမယ့် နေရာတွေ ဖန်တီးထုတ်လုပ်ပေးနိုင်မယ့် မိတ်ဖက်တွေ ရှာဖွေနေတယ်လို့ အော်လန်ဒို နိုင်ငံတကာလေဆိပ်က ဖော်ပြလိုက်ပါတယ်။
▪️ ဒီစီမံကိန်းအတွက် နောက်လမှာ ဂရိတ်တာအော်လန်ဒို လေကြောင်းအာဏာပိုင်များက ကမ်းလှမ်းရှာဖွေသွားမယ်လို့ ဖော်ပြပါတယ်။
▪️ ဒီလေဆိပ်ကို အနာဂတ်မှာ ကားပျံအချက်အခြာနေရာအဖြစ် ရှုမြင်ထားတယ်လို့ လေကြောင်းအာဏာပိုင်အဖွဲ့ဝင် အော်လန်ဒိုမြို့တော်ဝန် ဘက်ဒီဒိုင်ယာက ပြောပါတယ်။
▪️ အော်လန်ဒိုက ကားပျံများရဲ့ နည်းပညာ Advanced Air Mobilityမှာ ရှေ့ဆုံးကရှိနေပြီး ဒီလေဆိပ်က ဗဟိုချက်ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
▪️ ဒေါင်လိုက်မြင့်တက်ဆင်းသက်ယာဉ်တွေအတွက် နေရာက သာမန်လေဆိပ်တွေမှာ ထားဖို့မရကြောင်း၊ အဆိုပါယာဉ်ပျံက ခရီးသည် ၆ ဦးသယ်ဆောင်နိုင်ပြီး ဒေါင်လိုက်ထွက်ခွာဆင်းသက်နိုင်ပါတယ်။
▪️ အော်လန်ဒိုက ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ဒိုင်ယာက ပြောသွားပါတယ်။
▪️ ပထမဆုံးဒေါင်လိုက်ဆင်းသက်လေဆိပ်ကို East Airfieldရှိ မြေနေရာမှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။
▪️ ဂျာမနီကားပျံထုတ်လုပ်သူ Lilium ၊ Lake Nona ထုတ်လုပ်သူ Tavistockတို့က ၂၀၂၅မှာ ကားပျံတွေထုတ်လုပ်ဖို့ ၂၀၂၀မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
▪️ နောက်တစ်နှစ်ကြာတော့ အော်လန်ဒိုက NASAနဲ့ ပူးပေါင်းကာ Advanced Air Mobilityကို မြို့ထဲသို့ ဘယ်လိုထည့်သွင်းအသုံးပြုမလဲဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။
#Source: New York Post
စပိန်နိုင်ငံ ဘာစီလိုနာမှာပြုလုပ်တဲ့ Mobile World Congressပွဲ မှာ AI ပြောင်းလဲတိုးတက်မှုရဲ့ အခြေခံကျတဲ့ ဖန်တီးထုတ်လုပ်မှုတွေကို ပြသခဲ့ပါတယ်။
#World_Technology
Published 10 March 2025
#ကမ္ဘာ့မိုဘိုင်းနည်းပညာ #Mobile_World_Congressပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 10 March 2025
၁။ ရန်ကုန်-မန္တလေး အမြန်လမ်း၌ EV Charging Station နှစ်ခုထပ်တိုးတည်ဆောက်
၂။ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရုပ်ရှင်အစည်းအရုံးတို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
၃။ ပြည်တွင်းထုတ်သံထည်ထုတ်ကုန်ပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်မည်
၄။ ကမ္ဘာ့မိုဘိုင်းနည်းပညာအဆန်းသစ်ဆုံး နောက်ဆုံးထုတ်ပစ္စည်းများပြသခဲ့ကြသည့် Mobile World Congress ပြပွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 March 2025
▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၉ ခုကို မြန်မာ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားများတင်ပြရန် ယနေ့နောက်ဆုံးထား အသိပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လမ်းကြောင်းများမှလွှဲပို့ရန် ညွန်ကြားထားကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခုအသိပေးထားသည့် အေဂျင်စီများမှမိသားစုလွှဲပို့ငွေ အထောက်အထားများ အချိန်မီပေးပို့လာခြင်းမရှိသည့် အေဂျင်စီများ၏ အလုပ်ခေါ်အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ပြီး ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုလအတွင်းဖြေဆိုကြမယ့် တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေ သွားလာရေးအဆင်ပြေစေဖို့ YBS ယာဉ်တွေထပ်တိုးပြေးဆွဲတာ၊ မီနီဘတ်(စ်) ၁၀ စီးကိုအသင့်ပြင်ထားတာ၊ ဝန်ထမ်းတွေဆီအကူအညီ တောင်းလာပါက တက်စီအငှားယာဉ်ငှားရမ်းပေးတာ စတာတွေအပါအဝင် အကူအညီတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကအများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Local_News
Published 10 March 2025
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ #YRTC
#YMG/NN #Yangon_Times
ပြည်တွင်းထုတ်သံထည်ထုတ်ကုန်ပစ္စည်းတွေကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်သွားမယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 March 2025
#သံထည်ထုတ်ကုန်ပစ္စည်း #စက်မှုဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ အသင်းအဖွဲ့နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှု စာချွန်လွှာ(MOU)ကို မတ်လ ၄ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 March 2025
#ရုပ်ရှင်အစည်းအရုံး #ဆောက်လုပ်ရေးအသင်းချုပ်
#YMG/SW #Yangon_Times
အဆိုပါ EV Charging Station နှစ်ခုကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၃၉)ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နားစခန်းတို့မှာ တိုးချဲ့တည်ဆောက်နေတာဖြစ်ပြီး သုံးလအတွင်း အပြီးသတ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
#Local_News
Published 10 March 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #EV_Charging_Stationနှစ်ခုထပ်တိုး
#YMG/NN #Yangon_Times
#Local_News
Published 10 March 2025
▪️ "အဖြူရောင်သက္ကရာဇ်"၊ မယ်ချို " ဇာတ်လမ်းတွဲများဖြင့် ပရိတ်သတ်အားပေးမှု ရရှိခဲ့သူ Mrtv-4 မှသရုပ်ဆောင်မင်းသား ထူးဇော် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ထူး(ခေါ်) ထူးဇော်သည် ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ် လာခဲ့ခြင်းဖြစ်ပြီး ၄င်းပါ၀င်သရုပ်ဆောင်ထားသည့် "ယောက်ျားကောင်း အတောင်နှစ်ဆယ်" ရုပ်ရှင်ကားမှာလည်း (၂၀၂၄) ခုနှစ်၏ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။
▪️ သရုပ်ဆောင် ထူးကွယ်လွန်ခြင်းနှင့် ပတ်သက်၍ Forever Group (MRTV-4) မိသားစုမှ လည်း ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
#YMG/SW #Yangon_Times
#World_Science
Published10 March 2025
▪️ သိပ္ပံပညာရှင်တွေက မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှာ အဏုဇီဝရုပ်ကြွင်းတွေကို ရှာဖွေနိုင်မယ့် လေဆာပစ္စည်းသစ်တစ်ခုကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
▪️ လေဆာကိရိယာဟာ အဆိုပါရုပ်ကြွင်းလက္ခဏာများဖြစ်တဲ့ ဂျစ်ပဆမ်အနည်းများကို စူးစမ်းရှာဖွေမှာဖြစ်ပြီး အယ်ဂျီးရီးယားမှ မားစ်ဂြိုဟ်နဲ့ဆင်တူတဲ့ ဂျစ်ပဆမ်အစုအပြုံတွေမှာ စမ်းသပ်ထားပြီး ဖြစ်ပါတယ်။
▪️ ဒီတွေ့ရှိမှုတွေက အင်္ဂါဂြိုဟ်ဆာလ်ဖိတ်သတ္တုတွေထဲက ဇီဝလက္ခဏာများကို ရှာဖွေမယ့် ဘောင်ပုံစံတစ်ခု ဖြစ်လာနိုင်ပြီး အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင်တွေကို လမ်းပြပေးနိုင်မယ်လို့ ဘန်းတက္ကသိုလ် ရူပဗေဒဌာနမှ သုတေသနပြုစုသူ ယူဆက်ဖ်ဆယ်လမ်က ပြောပါတယ်။
▪️ ယင်းတို့ရဲ့ အာကာသယာဉ်သုံး ရှေ့ပြေးကိရိယာ laser ablation ionization mass spectrometerက ဆာလ်ဖိတ်သတ္တုပစ္စည်းတွေထဲက ဇီဝလက္ခဏာများကို ထိရောက်စွာ ရှာဖွေနိုင်ပြီး အနာဂတ်မှာ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်များ၊ အာကာသယာဉ်မှူးများအတွက် အသုံးဝင်စေမှာဖြစ်တယ်လို့ ဆယ်လမ်က ဆိုပါတယ်။
▪️ နာဆာ(NASA)က Curiosityယာဉ်ကို စေလွှတ်ကာ အင်္ဂါဂြိုဟ်မျက်နှာပြင်နဲ့ Gale Craterတို့မှာ ရှေးခေတ် ရေကန်များ မြစ်များရှိတဲ့အထောက်အထား တွေ့ရှိခဲ့ပါတယ်။
▪️ အခုအချိန်ထိတော့ အင်္ဂါဂြိုဟ်မှာ ရုပ်ကြွင်းအထောက်အထားတွေတော့ သေချာမတွေ့ထားသေးပါဘူး။
▪️ Curiosityယာဉ်ကနေ အင်္ဂါဂြိုဟ်လေထုထဲမှာ မီသိန်းတွေ့ရှိခဲ့ပြီး ဒါဟာ အဏုဇီဝသက်ရှိရဲ့ လက္ခဏာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ အကောင်းမြင်နေကြပါတယ်။
▪️ မားစ်ဂြိုဟ်ပေါ်က ရေတွေ လွန်ခဲ့တဲ့နှစ်ဘီလီယံခန့်က ခန်းခြောက်ခဲ့ပြီး ဂျစ်ပဆမ်နဲ့ အခြားဆာလ်ဖိတ်တွေ ဖြစ်ပေါ်လာတယ်လို့ လေ့လာချက်မှာ ဆိုပါတယ်။
▪️ ဂျစ်ပဆမ်တွေက ရုပ်ကြွင်းဖြစ်နိုင်တဲ့ သဘောရှိပြီး မပြိုကွဲခင်မှာ အဏုဇီဝသက်ရှိတွေကို ပိတ်သိမ်းထားကာ ဇီဝတည်ဆောက်ပုံနဲ့ ဓာတုဇီဝလက္ခဏာများ ထိန်းသိမ်းထားတယ်လို့ ဆယ်လမ်က ရှင်းပြပါတယ်။
▪️ အယ်ဂျီးရီးယားကနေ ဂျစ်ပဆမ်များ ရယူခဲ့ကြပြီး mass spectrometer ဖြင့် ဆန်းစစ်ခဲ့ကြကာ အဏုဇီဝရုပ်ကြွင်းတွေနဲ့ သဘာဝကျောက်တုံး ဖြစ်ပေါ်မှုတို့ကြား ခွဲခြားနိုင်မယ့် စံအချက်အလက်တွေအတိုင်း ကျင့်သုံးခဲ့ကြပါတယ်။
#Source: WION
#World_News
Published 10 March 2025
▪️ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့တဲ့ မာ့ခ်ကာနေးဟာ ကနေဒါရဲ့ အာဏာရလစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ် အနိုင်ရခဲ့ကာ ဂျက်စတင်ထရူဒေါရဲ့ ဝန်ကြီးချုပ်နေရာ ဆက်ခံသွားမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့ တရားဝင်ရလဒ်များအရ သိရပါတယ်။
▪️ ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နဲ့ ကုန်သွယ်ရေးတိုက်ပွဲ ဖြစ်နေပြီး ကနေဒါမှာ ဂယက်ထနေတဲ့အချိန်မှာ ကာနေးက တာဝန်ယူသွားရမှာဖြစ်ပြီး မကြာခင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
▪️ ပါတီဝင် ၁၅၂,၀၀၀ အောက်သာ မဲပေးခဲ့ကြတဲ့ပြိုင်ပွဲမှာ အသက် ၅၉ နှစ်ရှိတဲ့ ကာနေးက မဲ ၈၆ ရာခိုင်နှုန်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ခရစ္စတီယာဖရီးလန်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
▪️ "နိုင်ငံ့စီးပွားရေးကို ချည့်နဲ့အောင် လုပ်နေတဲ့သူရှိပါတယ်။ သူက ကနေဒါအလုပ်သမားတွေ၊ မိသားစုတွေ၊ စီးပွားရေးတွေကို တိုက်ခိုက်နေပါတယ်။
▪️ မထင်မှတ်ထားတာတွေကို ပြုလုပ်သွားရတော့မယ်" လို့ ကာနေးက ပြောသွားပါတယ်။
▪️ ထရူဒေါက လူထုထောက်ခံမှုနှုန်း ကျဆင်းလာကာ ၉ နှစ်ကျော် အုပ်ချုပ်လာပြီးနောက် ရာထူးမှဆင်းတော့မယ်လို့ ဇန်နဝါရီမှာ ကြေညာခဲ့ပြီးနောက် အာဏာရလစ်ဘရယ်ပါတီက ထရူဒေါနေရာမှာ အစားထိုးရန် မဲပေးပွဲအလျင်အမြန် ပြုလုပ်လာရပါတယ်။
▪️ ပါတီကို ပြန်လည်အသက်သွင်းပေးဖို့နဲ့ ကနေဒါစီးပွားရေးအပေါ် အခွန်တင်းကြပ်ဖို့ ခြိမ်းခြောက်နေတဲ့ ထရမ့်နဲ့ ကုန်သွယ်ရေးညှိနှိုင်းမှုများ ကြီးကြပ်ဖို့ရာ ကာနေးက သူ့ကိုယ်သူ အသင့်လျော်ဆုံးလို့ ဆိုလိုက်ပါတယ်။
▪️ ကနေဒါအပေါ် ထရမ့်အခွန်တင်းကြပ်လိုက်တဲ့အပေါ် ထရူဒေါက အမေရိကန်အပေါ်မှာ လက်စားချေတဲ့အနေနဲ့ ကနေဒါဒေါ်လာ ၃၀ ဘီလီယံ အခွန်ချမှတ်လိုက်ပါတယ်။
▪️ အမေရိကန်ဘက်မှာ လေးစားမှုမပြသေးသရွေ့ ယင်းတို့အစိုးရက အခွန်ဆက်လက်ထားရှိသွားမယ်လို့ ကာနေးက ဆိုပါတယ်။
▪️ နိုင်ငံရေးနောက်ခံသမိုင်း ခိုင်ခိုင်မာမာမရှိတဲ့ ကာနေးက ယင်းဟာ ထရမ့်နဲ့ ညှိနှိုင်းဖို့ အသင့်လျော်ဆုံးလူလို့ ပြောသွားပါတယ်။
▪️ စစ်တမ်းများအရ လစ်ဘရယ်တွေရော ကွန်ဆာဗေးတစ်တွေရောက လူများစုအစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ ညွှန်ပြနေပါတယ်။
#Source: Reuters
#Local_News
Published 10 March 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့အနီး၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ မတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၂၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၁၀၁) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ် ပြင်၊ (ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၆၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၃၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ဆိုထားသည်။
#YMG/NN #Yangon_Times
Page 483 of 2057