#World_Science
Published 17 November 2024
▪️ ဂျပန်နိုင်ငံက ပထမဆုံးသော သစ်သားဂြိုဟ်တု LingoSat ကို ထုတ်လုပ်လွှတ်တင်လိုက်ပြီး အာကာသထဲမှာ အမှိုက်သရိုက်များ ဖြစ်ပေါ်ခြင်းကို လျှော့ချဖို့အတွက် သစ်သားအသုံးပြု လေ့လာလိုတာ ဖြစ်ပါတယ်။
▪️ ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့ ထုတ်လုပ်လိုက်တဲ့ ဂြိုဟ်တုဟာ ကမ္ဘာ့လေထုထဲ ပြင်ဝင်လာတဲ့အခါ လောင်ကျွမ်းမှာဖြစ်ပြီး သတ္တုမှုန်များ ဖြစ်ပေါ်ခြင်းမရှိစေမယ့် နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
▪️ LingoSatဟာ ၉၀၀ဂရမ်မျှသာလေးပြီး SpaceX မစ်ရှင်ဖြင့် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဂျပန်အာကာသ လေ့လာရေးအေဂျင်စီမှ ပြုလုပ်တဲ့ အထူးပုံးတစ်ခုထဲမှာ ဂြိုဟ်တုကိုတပ်ဆင်ထားပြီး အာကာသထဲသို့ ဘေးကင်းစွာ ပျံသန်းသွားခဲ့တယ်လို့ ကျိုတိုတက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။
▪️ သစ်သားပြားတွေကို မက်ဂ်နိုလီယာသစ်သားဖြင့် ပြုလုပ်ထားကာ ဝက်အူတွေ၊ ကော်တွေမသုံးဘဲ ဂျပန်ရိုးရာနည်းဖြင့် ပြုလုပ်ထားပါတယ်။
▪️ အာကာသနည်းပညာပိုင်းမှာ သစ်သားတွေက သတ္တုတွေနေရာမှာ အစားထိုးလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
▪️ သစ်သားစာ အာကာသထဲက အခြေအနေတွေကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရပြီး ရေနဲ့ အောက်ဆီဂျင်မရှိခြင်းတို့က ဆွေးမြေ့တာမျိုး ဖြစ်စေမှာမဟုတ်ဘူးလို့ ကျိုတိုတက္ကသိုလ်မှ ပရော်ဖက်ဆာ ကိုဂျီမူရာတာက ပြောပါတယ်။
▪️ အာကာသထဲမှာ သတ္တုအပိုင်းအစများ များလာတဲ့ပြဿနာကို သစ်သားက ဖြေရှင်းနိုင်ပေမယ့် ကမ္ဘာ့လေထုထဲ ပြန်ဝင်လာချိန်မှာ လုံးဝလောင်ကျွမ်းဖို့အတွက် လုံလောက်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အရင်လိုအပ်လာပါတယ်။
▪️ သတ္တုမဟုတ်တဲ့ ဂြိုဟ်တုတွေက အနာဂတ်မှာ အဓိကဖြစ်လာသင့်တယ်လို့ နက္ခတ္တပညာရှင် တာကိုဒိုအီက ပြောသွားပါတယ်။
#Source: WION
စွမ်းအင်သစ်ယာဉ်နှစ်စဉ်ထုတ်လုပ်မှု(၁၀)သန်းကျော်သွားသော ပထမဆုံးနိုင်ငံဖြစ်လာသည့်တရုတ်
တရုတ်နိုင်ငံရဲ့ စွမ်းအင်သစ်ယာဉ်များ နှစ်စဉ်ထုတ်လုပ်မှုက ကြာသပတေးနေ့မှာ ၁၀ သိန်းကျော်လွန်ပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ထိုပမာဏကို ပထမဆုံးရောက်ရှိတဲ့ နိုင်ငံဖြစ်လာကြောင်း တရုတ်မော်တော်ယာဉ် ထုတ်လုပ်သူများအဖွဲ့(CAAM)က ပြောပါတယ်။
#World_Automobile
Published 16 November 2024
#စွမ်းအင်သစ်ယာဉ် #တရုတ်မော်တော်ယာဉ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 November 2024
၁။ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူး(၃၀၀၀၀)ကျော် ဝင်ရောက်
၂။ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဖူဆယ်အသင်း ဖိလစ်ပိုင်နှင့်ပွဲဦးထွက်ကန်မည်
၃။ ဒေါ်လာဈေးကျဆင်းချိန်မှာသွက်ခဲ့တဲ့ သန်လျင် အိမ်ခြံမြေ ဈေးကွက်ပွဲတော်ကာလမှာ အရောင်းအဝယ်အေးနေ
၄။ စွမ်းအင်သစ်ယာဉ်နှစ်စဉ်ထုတ်လုပ်မှု(၁၀)သန်းကျော်သွားသော ပထမဆုံးနိုင်ငံဖြစ်လာသည့်တရုတ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစားအားလုံးဈေးနှုန်းတွေကျဆင်းလာပြီး ဓာတ်ဆီဈေးနှုန်းတွေကတော့ နှစ်ပတ်ဆက်တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 16 November 2024
#စက်သုံးဆီ #ဓာတ်ဆီဈေးကျဆင်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ လပိုင်းကစတင်ပြီး ပြည်တွင်းဒေါ်လာဈေးတွေ ကျဆင်းနေတာကြောင့် အရောင်းအဝယ်သွက်ခဲ့တဲ့ သန်လျင်အိမ်ခြံမြေ ဈေးကွက်ဟာ လက်ရှိတန်ဆော
င်တိုင်ပွဲတော်ကာလမှာ အရောင်းအဝယ်အေးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
#Local_News
Published 16 November 2024
#သန်လျင်အိမ်ခြံမြေဈေးကွက် #အရောင်းအဝယ်အေးနေ
#YMG/NN #Yangon_Times
အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ နိုဝင်ဘာလ(၁၆)ရက်မှာ ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်း၊အင်ဒိုနီးရှားတို့နဲ့ ထပ်ပြိုင်ဖို့ရှိပါတယ်။
#Local_News
Published 16 November 2024
#အာဆီယံဖူဆယ်ပြိုင်ပွဲ #မြန်မာအမျိုးသမီးဖူဆယ်
#YMG/tthl #Yangon_Times
ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်တိုင်ကာလနှစ်ရက်တာအတွင်း ဘုရားဖူး (၃၀၀၀၀) ကျော်ဝင်ရောက်ခဲ့တယ်လို့ ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 16 November 2024
#ကျိုက်ထီးရိုးစေတီ #တန်ဆောင်တိုင်ကာလ
#YMG/tthl #Yangon_Times
#Local_News
Published 16 November 2024
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာတွင် ယမာန်နေ့ညက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၅ ရက်နေ့၊ ည ၇ ၃၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၁၅မိနစ်အချိန် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 16 November 2024
▪️ ဘီလျံနာသူဌေးကြီး အီလွန်မက်စ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားအရာရှိများနဲ့ ဖုန်းပြောဆိုမှုများစွာ ပြုလုပ်ခဲ့တာကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဥပဒေစိုးမိုးရေး အေဂျင်စီတို့ကနေ စုံစမ်းသင့်ကြောင်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်နှစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ သမ္မတရွေးချယ်ခံရတဲ့ ရီပတ်ဘလစ်ကန် ဒေါ်နယ်ထရမ့်က အီလွန်မက်စ်ကို အစိုးရထိပ်သီးနေရာတစ်ခုမှာ ခန့်အပ်ထားကာ ပင်တဂွန်မှ ဒေါ်လာဘီလျံချီကို ကြီးကြပ်ရမှာဖြစ်ပြီး SpaceX အာကာသယာဉ်ကုမ္ပဏီ စီအီးအိုအဖြစ်လည်း ထောက်လှမ်းရေးအဖွဲ့အစည်း ကန်ထရိုက်တွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။
▪️ နိုင်ငံခြားဆက်ဆံရေး ကော်မတီအကြီးတန်းအဖွဲ့ဝင် ဂျင်းန်ရှာဟင်နဲ့ အထက်လွှတ်တော် လက်နက်ရေးရာ ကော်မတီဥက္ကဌ ဂျက်ရိဒ်တို့က အမေရိကန်ရှေ့နေချုပ် မယ်ရစ်ဂါးလန်းနဲ့ ပင်တဂွန် စစ်ဆေးရေးမှူးချုပ်တို့ကို ပြောပြရာမှာ အောက်တိုဘာလက မက်စ်ဟာ ရုရှားအရာရှိများနဲ့ ပြောဆိုခဲ့ပြီးနောက်SpaceX အစီအစဉ်တွေမှာ မက်စ်ပါဝင် ပတ်သက်မှုတွေကို စုံစမ်းစစ်ဆေးသင့်ပြီး ဖယ်ရှားသင့်ရင် ဖယ်ရှားသင့်တယ်လို့ ပြောလာပါတယ်။
▪️ အချို့သော ကန်ထရိုက်တွေနဲ့ အခွင့်ထူးခံတွေကနေ ဖယ်ရှားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
▪️ ဒီလိုပတ်သက်မှုတွေကြောင့် အစိုးရကန်ထရိုက်အဖြစ် မစ္စတာမက်စ်ရဲ့ ယုံကြည်ကိုးစားမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ လွှတ်တော်အမတ်များက စာရေးသားဖော်ပြခဲ့ကြပါတယ်။
▪️ ဒီမိုကရက်တစ် လွှတ်တော်အမတ်အများအပြားဟာ မက်စ်နဲ့ ရုရှားဆက်သွယ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လူသိရှင်ကြား တောင်းဆိုထားပါတယ်။
▪️ ထရမ့်ရွေးကောက်ပွဲ စည်းရုံးရေးပွဲတွေမှာ ဒေါ်လာ ၁၁၉ သန်း အကုန်အကျခံထားတဲ့ မက်စ်ကို အစိုးရအကျိုးထိရောက်မှုဌာနမှာ ပူးတွဲအကြီးအကဲအဖြစ် ခန့်အပ်ထားပါတယ်။
▪️ မက်စ်နဲ့ ရုရှားအရာရှိများ ဆက်သွယ်ခဲ့ကြတဲ့ တင်ပြချက်တွေဟာ ၂၀၂၂ ခုနှစ်မှာ ပေါ်ထွက်ခဲ့ပြီး ယမန်လကတော့ မက်စ်ဟာ ပူတင်အပါအဝင် ရုရှားအရာရှိများနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့ ဝေါလ်စထရိဂျာနယ်က ဖော်ပြလာပါတယ်။
▪️ မက်စ်က အမေရိကန်လုံခြုံရေး အချက်အခြာကို ထိန်းသိမ်းထားရကာ ပင်တဂွန်နဲ့ နာဆာကန်ထရိုက်တို့ကနေ ဒေါ်လာဘီလျံချီ ထိန်းသိမ်းထားရတဲ့ SpaceX ဆီကိုလည်း လျှို့ဝှက်အချက်အလက်များ ရောက်ရှိခွင့် ရထားတာကြောင့် ရုရှားအစိုးရနဲ့ ဆက်သွယ်နေတာဟာ အမေရိကန်လုံခြုံရေး အန္တရာယ်ကျရောက်စေနိုင်တယ်လို့ အမတ်များက ဖော်ပြခဲ့ကြပါတယ်။
#Source: Reuters
#Local_News
Published 16 November 2024
▪️ ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဂျပန်ကုမ္ပဏီများက စာ၃၄၀ကျော်ဖြင့် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့စိစစ်ပေးရာတွင် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ(၂၄) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၁)ခုနှင့် ပတ်သက်၍ အလုပ်သမား (၁၀၄၈) ခေါ်ယူထားကြောင်း သိရသည်။
▪️ ထို့အပြင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိစာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 16 November 2024
▪️ သိပ္ပံပညာရှင်တွေဟာ ခြင်တွေပေါက်ဖွားခြင်းနဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာတို့လို ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ထူးဆန်းတဲ့ဖြေရှင်းချက်တစ်ခု ချပြလာကာ ခြင်ထီးတွေကို နားကန်းအောင်လုပ်ရင် မျိုးမပွားနိုင်တော့ဘူးလို့ ဆိုလာပါတယ်။
▪️ ခြင်တွေက လေထဲပျံနေစဉ်မှာ အကြားအာရုံကို အသုံးပြုပြီး မိတ်လိုက်ကြပါတယ်။
▪️ ခြင်မတွေရဲ့ တောင်ပံခတ်သံကို နားထောင်ပြီး မိတ်လိုက်ဖော် ရှာဖွေကြပါတယ်။
▪️ ခြင်ထီးတွေ ကြားနိုင်တဲ့ မျိုးဗီဇလမ်းကြောင်းတစ်ခုကို သုတေသီတွေက ပြောင်းလဲနိုင်တဲ့ နည်းလမ်းဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
▪️ နားကန်းသွားတဲ့ ခြင်ထီးတွေဟာ လှောင်အိမ်ထဲမှာ ခြင်မတွေနဲ့ ၃ ရက်လောက် အတူတူရှိနေတာတောင် မထိတွေ့ကြဘူးလို့ တွေ့ရှိခဲ့ပါတယ်။
▪️ ခြင်တွေ မျိုးမပွားတော့တဲ့အခါ အရေအတွက်လည်း အလိုအလျောက် ကျဆင်းသွားပါတယ်။
▪️ လူတွေမှာ ရောဂါဖြစ်ပွားတာဟာ ခြင်မတွေကြောင့် ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကို ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တာ ဖြစ်ပါတယ်။
▪️ နှစ်စဉ်လူသန်း ၄၀၀ နီးပါးကို ဗိုင်းရပ်စ်ပျံ့ပွားစေတဲ့ အေးဒီးစ်အေဂျစ်တိုင် ခြင်တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
▪️ ခြင်တွေက စက္ကန့်အနည်းငယ်ကနေ တစ်မိနစ်နီးပါးလောက်အထိ မိတ်လိုက်ကြပါတယ်။
▪️ ခြင်တွေမှာ အကြားအာရုံရစေတဲ့ အာရုံကြောတွေကို ဖျက်ဆီးလိုက်တဲ့အခါ ခြင်မတွေရဲ့ အသံတွေကို မကြားတော့ပါဘူး။
▪️ ထိုအခါမှာ ထိုခြင်ထီးတွေက မိတ်မလိုက်တော့ဘဲ ခြင်မတွေ ပျက်သုဉ်းစေနိုင်မယ်လို့ သုတေသီများ ယူဆနေကြပါတယ်။
#Source: WION
Published 16 November 2024
▪️ အမ်မိုရီတက္ကသိုလ်မှ သုတေသီတွေဟာ CD4 Tဆဲလ်လို့ခေါ်တဲ့ ခုခံအားဆဲလ်သစ်တစ်မျိုးကို တွေ့ရှိခဲ့ပြီး ထိုဆဲလ်ဟာ အကျိတ်ခုခံတဲ့ စွမ်းရည်အတွက် အရေးကြီးပါတယ်။
▪️ ဒီတွေ့ရှိမှုတွေကနေ အကျိတ်ကင်ဆာများကို ထိရောက်စွာ တိုက်ဖျက်နိုင်မယ့် ဆဲလ်များ လှုံ့ဆော်ကာ သာမန်ကုသနည်းများဖြင့် မရတဲ့ ကင်ဆာလူနာများမှာ ကုသအောင်မြင်နိုင်ရန် မျှော်လင့်လာနိုင်ပါတယ်။
▪️ CD4 Tဆဲလ်တွေဟာ အကျိတ်တွေနားက အဖုလေးတွေမှာ တည်ရှိပြီး အကျိတ်ဆန့်ကျင်ပေးတဲ့ စွမ်းအားရှိကာ များသောအားဖြင့် အလုပ်မလုပ်ဘဲ ရှိနေတတ်ပါတယ်။
▪️ CD4 Tဆဲလ်တွေက သူတို့ဘာသာ အသစ်ပြန်လုပ်နိုင်ပြီး အမျိုးမျိုးသော ခုခံအားဆဲလ်များအဖြစ် ပြောင်းလဲနိုင်ပါတယ်။
▪️ ထိုဆဲလ်တွေကို PD1 နဲ့ TCF1 ပရိုတိန်းနှစ်မျိုးတို့ဖြင့် မှတ်သားနိုင်ပါတယ်။
▪️ ဓာတ်ခွဲခန်းထဲမှာ ထိုဆဲလ်တွေကို လှုံ့ဆော်လိုက်ခြင်းဖြင့် ကင်ဆာကို ထိရောက်စွာ ဟန့်တားပေးတဲ့ ခုခံအားကုသနည်း ရရှိစေပါတယ်။
▪️ စမ်းသပ်ပြီးတဲ့နောက်မှာ လူနာတွေက အသက်ပိုရှည်ခဲ့ပြီး လိုချင်တဲ့ ကိုယ်ခံအားကုသမှုကို ရရှိခဲ့ပေမယ့် အများစုမှာတော့ ထိုဆဲလ်ဟာ အလုပ်မလုပ်ဘဲငြိမ်နေတတ်ပါတယ်။
▪️ ဒါပေမဲ့ ဒါတွေကို အလုပ်လုပ်လာအောင် ပြောင်းလဲနိုင်ကာ အကျိတ်တွေကို ခုခံတုံ့ပြန်နိုင်စေပါတယ်။
▪️ ဒီဆဲလ်တွေ အလုပ်လုပ်အောင် ဘယ်လိုပြောင်းရမလဲဆိုတာ သိသွားရင် ခုခံအားကျဆင်းတဲ့ လူနာအများကြီးကို ကုသနိုင်တဲ့ နည်းလမ်သစ်တွေ ရလာနိုင်တယ်လို့ ကင်ဆာခုခံအား သုတေသနမှ သုတေသီကစ်ဆစ်က ပြောသွားပါတယ်။
▪️ နောက်ထပ်လေ့လာမှုက ဆဲလ်ခုခံအားတုံ့ပြန်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။
▪️ လိုအပ်တဲ့ အချက်အလက်တွေက ပြန့်ကျဲနေပေမယ့် အားလုံးကို စုစည်းလိုက်နိုင်ဖို့ပဲ လိုအပ်တယ်လို့ ကစ်ဆစ်က ပြောသွားပါတယ်။
#Source: ANI News
Page 479 of 1935