#World_Politics
Published 20 November 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မကြာခင်အချိန်အတွင်း အိန္ဒိယသို့ သွားရောက်ရန် မျှော်မှန်းရတယ်လို့ အိန္ဒိယသတင်းအေဂျင်စီ ANI က ရုရှားအစိုးရ စာနယ်ဇင်းဆိုင်ရာ အတွင်းရေးမှူး ဒီမစ်ထရီပက်စ်ကော့ဗ်ရဲ့ ပြောကြားချက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကိုးကားဖော်ပြလိုက်ပါတယ်။
▪️ ရက်အတိအကျတော့ မသိရသေးဘဲ ပူတင်သွားမယ့်နေ့ရက်ကို မကြာခင် ဖော်ပြသွားမယ်လို့ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောပါတယ်။
▪️ လာမယ့်နှစ် ၂၃ကြိမ်မြောက် အိန္ဒိယ-ရုရှား နှစ်ပတ်လည်အစည်းအဝေးအတွက် ပူတင်ကို အိန္ဒိယသို့ လာရောက်ရန် ပြီးခဲ့တဲ့လက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ယင်းတို့နှစ်ဦးဟာ ကာဇန်မှာ ကျင်းပခဲ့တဲ့ ၁၆ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာလည်း ယခုနှစ် ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။
ဒီမတိုင်ခင် ၂၀၂၄ ဇူလိုင်လ ၂၂ကြိမ်မြောက် အိန္ဒိယ-ရုရှား နှစ်ပတ်လည်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့ပါသေးတယ်။
▪️ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍအမျိုးမျိုး၊ နှစ်နိုင်ငံပြည်သူများ ဆက်ဆံရေးတို့မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်သုံးသပ်သွားခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးက ဖော်ပြထားပါတယ်။
▪️ ဘက်စုံအစည်းအဝေးတွေမှာ အိန္ဒိယ-ရုရှားဆက်ဆံရေးအပေါ် အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။
▪️ ယူကရိန်းအရေး အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် အကျိုးစီးပွား ရှုမြင်ပုံတွေကိုလည်း မျှဝေခဲ့ကြပါတယ်။
▪️ ပဋိပက္ခများ ဖြေရှင်းရာမှာ သံတမန်ရေးရာဖြင့်သာ ရှေ့ဆက်နိုင်မယ်လို့ မိုဒီက ပြောပါတယ်။
▪️ ပူတင်က အိန္ဒိယဝန်ကြီးချုပ်နဲ့ ဘယ်လောက်ရင်းနှီးသလဲ ဆိုတာကို ယင်းတို့ကြား စကားပြန်ပင် မလိုအပ်ဘူးလို့ ပြောသွားပါတယ်။
#Source: WION
#World_Science
Published 20 November 2024
▪️ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ဆိုလိုမွန်ကျွန်းမှာ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်ကို တွေ့ရှိခဲ့ကြပါတယ်။
▪️ National Geographic Society မှ Pristine Seas အဖွဲ့က ၂၀၂၄ အောက်တိုဘာလ ရှာဖွေမှုအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး သန္တာကျောက်က ဝေလငါးထက် ပိုကြီးကာ အာကာသမှပင် မြင်တွေ့နိုင်ပါတယ်။
▪️ ကျောက်တန်းကြီးက ၁၁၂ ပေနဲ့ ၁၀၅ ပေအကျယ်ရှိကာ ရေအနက် ၄၂ ပေမှာ တည်ရှိနေပါတယ်။
▪️ ၁၆ ပေမြင့်မားပြီး နှစ်ပေါင်းသက်တမ်း ၃၀၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
▪️ ဗီဒီယိုရိုက်ကူးရေးသမားတစ်ဦးက ရာသီဥတုဖောက်ပြန်မှုကြောင့် ပစိဖိတ်ကို ဘယ်လိုသက်ရောက်နေလဲဆိုတာ နားလည်ရန်ကြိုးစားနေစဉ် သန္တာကျောက်ကြီးကို မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုကျောက်တန်းကြီးမှာ အဏုဇီဝသတ္တဝါပေါင်း ၁ ဘီလီယံနီးပါးလောက်ဖြင့် ဖွဲ့စည်းထားကာ သက်ရှိတစ်ကောင်အနေဖြင့် စုစည်းလုပ်ဆောင်ကြတယ်လို့ တွေ့ရှိကြပါတယ်။
▪️ ဒီလိုဧရာမကျောက်တန်းကြီး တစ်နေရာတည်းမှာ နှစ်ပေါင်းရာချီ တည်ရှိနေတယ်ဆိုတာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ဗီဒီယိုသမား မာနူဆန်ဖဲလစ်က ပြောပါတယ်။
▪️ ရာသီဥတု ဖောက်ပြန်မှုနဲ့ သမုဒ္ဒရာပူနွေးလာခြင်းတို့ကြောင့် သန္တာကျောက်တွေ ခြိမ်းခြောက်ခံလာရပါတယ်။
▪️ ဂျယ်လီငါးတွေနဲ့ ဆက်စပ်နေတဲ့ သတ္တဝါတွေဖြစ်ပြီး ပြွန်ပုံသဏ္ဍာန် ပေါ်လစ်တွေများစွာ စုပေါင်းပြီးကျောက်တန်းဖြစ်ပေါ်လာပါတယ်။
▪️ သန္တာကျောက်ကြီးတွေဟာ အချို့သော ကျောက်တန်းတွေထက် ရေပိုနက်နဲစွာ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်မားခြင်းမှ ကာကွယ်ထားပါတယ်။
ထိုနားကလူတွေကတော့ အဲဒါကို ကျောက်တုံးကြီးလို့သာ ယူဆဖွယ်ရှိတယ်လို့ သုတေသီများ ဆိုပါတယ်။
▪️ ထိုကဲ့သို့ သတ္တဝါအများအပြား စုဖွဲ့နေထိုင်မှုဟာ ရာစုနှစ်တွေတိုင်အောင် တည်ရှိခဲ့တာကိုကြည့်ပြီး ရေထဲမှာ ရှေးဟောင်းသတ္တဝါမျိုးတွေ ရှိနေပါသေးလို့ ထင်မှတ်ရကြောင်း စူးစမ်းလေ့လာရေးအဖွဲ့မှ ဦးဆောင်သိပ္ပံပညာရှင် မိုလီတင်မာစ်က ပြောသွားပါတယ်။
#Source: WION
#Local_News
Published_ 20 November 2024
▪️ Charities Aid Foundation (CAF) မှ ထုတ်ပြန်တဲ့ ၂၀၂၄ ကမ္ဘာ့ပေးကမ်းမှုညွှန်းကိန်း 2024 World Giving Index (WGI) အရ အင်ဒိုနီးရှားသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကို သာလွန်ခဲ့ပြီး ပထမနေရာကို ရယူခဲ့ပြီးနောက် ယခု ၂၀၂၄ ခုနှစ်အထိ ၇ နှစ်ဆက်တိုက် ပထမနေရာတွင် ဆက်လက်ရပ်တည် နေခဲ့ကြောင်း သိရပါတယ်။
▪️ အဆိုပါ စစ်တမ်းကို ၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့ပြီး နိုင်ငံနှင့် နယ်မြေပေါင်း ၁၄၂ ခုတို့မှ ပါဝင်သူ ၁၄၅,၇၀၂ ဦးတို့ ဖြေဆိုခဲ့ကြပါတယ်။
▪️ ဖြေဆိုသူများက ဖြေဆိုချိန်တွင် ပြီးခဲ့သောလက ၎င်းတို့ရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်တဲ့ မေးခွန်းသုံးခုကို ဖြေကြားကြရတာ ဖြစ်ပါတယ်။ ချို့ငဲ့သူများကို ကူညီသော အသင်းအဖွဲ့ကို ငွေကြေး လှူဒါန်းခဲ့ပါသလား၊ အဖွဲ့အစည်းတခုခုအတွက်သင့်အချိန်ပေးပြီး စေတနာဝန်ထမ်း လုပ်ကိုင်ခဲ့ပါသလား၊ အကူအညီ လိုအပ်နေသော လူစိမ်းတယောက်ယောက် သို့မဟုတ် သင်မသိသောသူတစ်ဦးဦးကို သင်ကူညီခဲ့ပါသလားဆိုတဲ့ မေးခွန်းတွေကို ဖြေကြားရတာ ဖြစ်ပါတယ်။
▪️ အင်ဒိုနီးရှားသည် ရမှတ် ၇၄ မှတ်ဖြင့် ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီး၊ ဒုတိယနေရာမှ ကင်ညာက ၆၃ မှတ်၊ စင်ကာပူ က ၆၁ မှတ်ဖြင့် တတိယနေရာကို ရရှိခဲ့ပါတယ်။
▪️ မြန်မာ က အမှတ် ၅၀ မှတ်ဖြင့် အဆင့် ၁၉ တွင် ရပ်တည်နေခဲ့ပြီး ကမ္ဘာ့ပျမ်းမျှ ညွှန်းကိန်းရမှတ်မှာ ၄၀ ဖြစ်ပါတယ်။
#Ymg_mnn #Yangon_Media_Group
#World_News
Published 20 November 2024
▪️ ခွေးမွေးတဲ့သူတွေဟာ လှုပ်ရှားမှုပိုလုပ်ရပြီး လူမှုဆက်ဆံရေး တိုးမြှင့်စေကာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ လျော့နည်းစေတယ်လို့ ၂၀၁၉ ဆွီဒင်လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန် နှလုံးအဖွဲ့အစည်းက ခွေးမွေးခြင်းဟာ နှလုံးအတွက် ဘယ်လိုကောင်းမွန်စေလဲဆိုတာကို ဖော်ပြထားပါတယ်။
▪️ ခွေးပိုင်တဲ့သူတွေဟာ ခွေးမရှိသူတွေထက် အသင့်အတင့်မှ အပြင်းအထန် လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့ ကိုက်ညီနိုင်ခြေ ၄ ဆလောက်ပိုများတယ်လို့ ဗြိတိန်လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ ခွေးပိုင်ရှင်တွေဟာ အပန်းဖြေလမ်းလျှောက်ခြင်း ပိုမိုပြုလုပ်ရလေ့ရှိကာ လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်ခြင်းနဲ့တော့ အစားထိုးလို့ မရပါဘူး။
▪️ စိတ်ဓာတ်ကျပြီး ဆီးချိုဖြစ်နေတဲ့ အိမ်ထောင်ကွဲ အမျိုးသားဟာ ကိုယ်အလေးချိန်များနေတဲ့ ခွေးကိုကယ်ဆယ်ပြီးနောက် ပေါင် ၁၅၀ လျော့ကျသွားကာ ခွေးကလည်း ၂၅ ပေါင်ခန့် လျော့ကျသွားပါတယ်။
▪️ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ကာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
▪️ တစ်နေ့ကို မိနစ် ၃၀ လမ်းလျှောက်ခြင်းဖြင့် နှလုံးရောဂါ၊ အရိုးပွရောဂါ၊ အူမကြီးနဲ့ ရင်သားကင်ဆာ၊ ဆီးချိုတို့ ဖြစ်နိုင်ခြေ နည်းပါးသွားသဖြင့် ခွေးနဲ့လမ်းလျှောက်ကြဖို့ အကြံပြုလာကြပါတယ်။
▪️ ခွေးမွေးတဲ့ လူကြီးရော ကလေးပါ သွေးဖိအားလျော့ကျစေတာကိုလည်း တွေ့ရှိထားပါတယ်။
▪️ ကော်တီဆောလ်လို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်း လျော့ကျသွားကာ ခံစားမှုကောင်းမွန်စေတဲ့ အောက်ဆီတိုဆင်ဟော်မုန်း ထွက်စေပါတယ်။
▪️ စိတ်ထိခိုက်မှုခံစားနေရတဲ့ စစ်မှုထမ်းတွေဆိုရင် စစ်ခွေးတစ်ကောင် မွေးခြင်းဖြင့် ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အထီးကျန်မှုတို့ လျော့နည်းစေပါတယ်။
▪️ ခွေးပိုင်ရှင်တွေ အိမ်ပြန်လာတဲ့အခါ ခွေးတွေက စိတ်လှုပ်ရှားစွာ ကြိုဆိုတာမျိုး၊ ကြောင်လေးရဲ့ ငြင်သာတဲ့အသံပေးတာမျိုးတို့က ပိုင်ရှင်တွေကို ခံစားမှုကောင်းစေတယ်လို့ မာဆာချူဆက်စ် အထွေထွေဆေးရုံမှ ဒေါက်တာဘက်သ်ဖရေတီးစ်က ပြောပါတယ်။
▪️ ဒါ့အပြင် အိမ်မွေးပိုင်ရှင်တွေဟာ ခွေးတွေနဲ့ လမ်းလျှောက်ထွက်ရင်း လူတွေနဲ့ ဆုံတွေ့စေပါတယ်။
#Source: New York Post
၁၉ နိုဝင်ဘာ ၂၀၂၄
မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်သည် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံတော်အတွက်အပြုသဘောဆောင်နိုင်ခဲ့သော အောင် မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်တွင်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ရလာဒ် များပေါ်ထွက်လာအောင်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွား ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ် လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Li Qiang အနေဖြင့် GMSအစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ် များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာသီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီးမိမိအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူး ကြီးက ထုတ်ဖော်ပြောကြားပါတယ်။
တရုတ်ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နစက အစိုးရရဲ့ ဆောင်ရွက်ချက် များအပေါ် ပြတ်ပြတ်သားသားရပ်တည် ဆွေးနွေးခဲ့တာတွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောဆိုပါတယ်။
မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက် က အစဉ်အမြဲထောက်ခံအားပေးနေကြောင်း၊နစက၏ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အပေါ် တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုရှိစေ ရန်နှင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များကိုဆက်လက်တွန်းအားပေးဆောင်ရွက်နေမှုကိုလည်းထောက်ခံ အားပေးကြောင်း တရုတ်ဝန်ကြီးကပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကိုထပ်လောင်း အတည်ပြု ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် - မြန်မာနယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့်အားပေးပါကြောင်း၊တရုတ်ဘက်အနေဖြင့်မြန်မာနိုင်ငံနှင့်အကျိုးတူ ပူး ပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်းလည်း တရုတ်ဝန်ကြီးကပြောကြားခဲ့ တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်ပြောင်းပြောဆိုပါတယ်။
GMS အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံများမှဝန်ကြီးချုပ်များနှင့်သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ
ကိုလည်း ဗိုလ်ချုပ်မှူးကြီးက နစက အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရေး နိုင်ငံတကာမှ လေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြော
ကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ သက်ဆိုင်ရာဝန်ကြီးချုပ်များကလည်း နိုင်ငံအလိုက် ထောက်ခံ သည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ရက်အထိ သွားရောက်ခဲ့တာဖြစ်ပါတယ်။
၁၉ နိုဝင်ဘာ ၂၀၂၄
ယူကရိန်းက အမေရိကန်ရဲ့ တာဝေးပစ် ATACMS ဒုံးကျည်တွေနှင့် ရုရှားရဲ့ နယ်မြေကို စစ်ပွဲရက် တစ်ထာင်ပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားတွင် နျူကလီးယား ဒဏ်ခံ ရွှေ့ပြောင်းနိုင်တဲ့ ခိုလှုံအဆောက်အအုံတွေကို အကြီးအကျယ်စတင်ထုတ်လုပ်နေပြီလို့ ရိုက်တာ သတင်းများအရသိရပါတယ်။
ယူကရိန်းက ATACMS ဒုံးကျည် ၆ စင်းနှင့် ရုရှားရဲ့ ဘယန့်ဒေသက စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ငါးစင်းကို ရုရှားတို့ကပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တစ်စင်းရဲ့ အပျက်အစီးအစတွေ က အဆောက်အအုံကိုထိမှန်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူမရှိဘူးလို့ ရုရှားကပြောပါတယ်။
ယူကရိန်းကလည်း သူတို့ဟာ ရုရှားရဲ့ အတွင်းဖက် မိုင် ၇၀ခန့်မှာရှိတဲ့ ရုရှားရဲ့ လက်နက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ဖော်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပြီးနောက် ရုရှားက နျူကလီးယားပေါက်ကွဲမှုမှထွက်လာတဲ့ လှိုင်းတိုနှင့် ဓာတ်ရောင် ခြည်တွေအပါအဝင် အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးနိုင်မယ့် နျူကလီးယား ဒဏ်ခံ အဆောက်အဦ KUB-M shelterတွေကို ထုတ်လုပ်နေတယ်လို့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
KUB-M ဟာ သင်္ဘောကွန်တိန်နာပုံမျိုးဖြစ်ပြီး အထဲမှာ အခန်းနှစ်ခန်းပါဝင်ပါတယ်။ လူ ၅၄ ဦးခိုလှုံနိုင်တဲ့ အခန်းနှင့် နည်းပညာအခန်းတို့ဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေနှင့် ရုရှားနိုင်ငံအတွင်းထဲထိ တိုက်ခိုက်နိုင်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့ပြီးနောက် အဆိုပါတိုက်ခိုက်မှုစတင်လာတာပါ။
ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကလည်း နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့မှာ ရုရှားရဲ့ နျူကလီးယားလက်နက် တွေ အသုံးပြုခွင့်ပေးရမယ့် အခြေအနေတွေရဲ့ အဆင့်ကိုထပ်မံလျှော့ချတာကို အတည်ပြုပေးခဲ့ပါတယ်။
အဲဒီနောက်ဆုံးအဆင့်သတ်မှတ်ချက်အရ ရုရှားဟာ အောက်ဖော်ပြပါအခြေအနေတွေတစ်ခုခုမှာ နျူကလီးယားခလုတ်နီကိုနှိပ်ခွင့်ရှိတော့မှာဖြစ်ပါတယ်။
(၁၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တရုတ်လေကြောင်းပြပွဲကြီး၌ ဆန်းသစ်တီထွင်ဒရုန်းအမျိုးမျိုးပြသ
၁၅ ကြိမ်မြောက် နိုင်ငံတကာတရုတ်လေကြောင်းနဲ့ အာကာသယာဉ်ပြပွဲမှာ အနိမ့်ပျံစီးပွားရေး အဆောက်အအုံကြီးကို ပထမဆုံးအကြိမ် ပြသလိုက်ပြီး ပြည်တွင်းနဲ့ ပြည်ပမှ ကုမ္ပဏီပေါင်း ၄၀ ကျော်က ဆန်းသစ်တီထွင် ကုန်ပစ္စည်းတွေကို ပြသလာကြပါတယ်။
#Asia_Event
Published 19 November 2024
#တရုတ်လေကြောင်းပြပွဲ #ဒရုန်းအမျိုးမျိုးပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 November 2024
၁။ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ချောင်းသာသို့အပန်းလာဖြေမည့်သူများဖြင့် ဘိုကင်ပြည့်နေ
၂။ ရွှေတိဂုံစေတီတော်သို့ လေးလတာအတွင်း ဘုရားဖူးသိန်း၂၀နီးပါးလာရောက်ဖူးမြှော်
၃။ ပုဂံဘုရား(၄)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေ
၄။ (၁၅)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ တရုတ်လေကြောင်းပြပွဲကြီး၌ ဆန်းသစ်တီထွင်ဒရုန်းအမျိုးမျိုးပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 November 2024
▪️ ရေခဲအမှတ်နီးလာသည့်မြို့(၁)မြို့နှင့်ညအပူချိန်များကျဆင်းလာပြီး ပုံမှန်ထက်ပိုအေးလာသည့် မြို့ကြီး(၄)မြို့ရှိကြောင်း သိရသည်။
▪️ ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင်(၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့တွင် (၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် (၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့တွင် (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်ဦးလွင်မြို့တွင် (၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့သည်ဟုဆိုသည်။
▪️ လွိုင်လင်မြို့၊ မှော်ဘီမြို့၊ မဒေါက်မြို့၊ဧလာမြို့၊ဇောင်းတူမြို့၊ရွှေကျင်မြို့၊ဘီးလင်းမြို့၊ ဘိုကလေးမြို့ နှင့်ရန်ကုန်(ကမ္ဘာအေး)တို့တွင် မိုးများရွာသွန်းခဲ့သည်။
▪️ နောက်(၂) ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သွန်းနိုင်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
အခုလအတွင်း စတင်လိုက်တဲ့ ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် ပြည်ပတင်ပို့တာတွေ လျော့ကျလာတယ်လို့ ကြက်သွန်နီ တင်ပို့သူတွေဆီက သိရပါတယ်။
#Local_News
Published 19 November 2024
#ပို့ကုန်မူဝါဒ #ကြက်သွန်နီ
#YMG/NN #Yangon_Times
၁၉ နိုဝင်ဘာ ၂၀၂၄
Miss Grand India အဖွဲ့အစည်းက Miss Grand International (MGI)အဖွဲ့အစည်းကြီးနှင့် ရပ်တည်ချက်ခြင်းမတူ၍ MGI နှင့် ဆက်သွယ်ဆောင်ရွက်မှု ဖြတ်တောက်ရပ်ဆိုင်းလိုက်ပြီလို့ နိုဝင်ဘာ ၁၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
“ အသေအချာစဉ်းစားပြီးတဲ့နောက် MGI နှင့် လမ်းခွဲဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကာလမှာ သူတို့ရဲ့ ရည်မှန်းချက်နှင့်ပန်းတိုင်ဟာ ကျွန်တော်တို့နှင့် မတူခြားနားတာတွေ့ရလို့ ယခုလိုဆုံးဖြတ် လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရင်းနှီးမြှပ်နှံမှုတွေနှင့် စလှုပ်ရှားနေပြီးဖြစ်တဲ့ ပရောဂျက်တွေကို အာရုံစိုက်လာနိုင်တော့မှာဖြစ်ပြီး အဲဒါ တွေဘာတွေလဲဆိုတာ မကြာမီထုတ်ပြောပါမယ်” လို့ Miss Grand India အဖွဲ့အစည်းရဲ့ Glamanand Entertainment Pvt. Ltd ဥက္ကဋ္ဌ နစ်ဟီလ်အာနန်က ပြောပါတယ်။
“ သစ္စာရှိခြင်းဟာ ကျွန်တော်တို့တန်ဖိုးရဲ့ အခြေခံအုတ်မြစ်အဖြစ်ဆက်ရှိနေပါမယ်။ အဲဒါကပဲ အခုလိုဆုံး ဖြတ်ဖို့ ဖြစ်လာရတာပါ။ ကျွန်တော်တို့ဟာ ယုံကြည်မှု၊ ပေါင်းစည်းမှုနှင့် ရေရှည်ဆက်ဆံရေးကို ဆက်လက်ဦးစားပေးဆောင်ရွက်သွားပါမယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
သူတို့ဟာ MGI နှင့်လမ်းခွဲခဲ့ပေမယ့် ရေချယ်ဂူပတာကို ယခုနှစ် Miss Grand International 2024
အဖြစ် အိန္ဒိယရဲ့ ပထမဦးဆုံးသော ရွှေသရဖူကို အိန္ဒိယသို့ ဆောင်ကြဉ်းလာနိုင်တာကို ဂုဏ်ယူတယ် လို့ ပြောပါတယ်။
“ရေချယ်ရေ မင်းဟာ တို့တွေအားလုံးအတွက် ထာဝရ ဘုရင်မပါ။ မင်းရဲ့ အောင်မြင်မှုဟာ တို့နိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်ပါ။ တို့တွေမင်းနှင့်အတူရပ်တည်ပြီး မင်းရဲ့သရဖူဆောင်းကာလတလျောက်လုံး မင်းကို ကူညီသွားမယ်” လို့လည်းပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ထိုင်းမှာကျင်းပတဲ့ Miss Grand International 2024 ပွဲမှာ အိန္ဒိယမယ် ရေချယ်က သရဖူဆောင်းခဲ့တာဖြစ်ပါတယ်။
မြန်မာအလှမယ်သဲစုငြိမ်းက 2nd runner up (တတိယနေရာ) ရရှိခဲ့ပေမယ့် ဆုယူအပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် အချို့ကြောင့် ဆုကို MGI ကပြန်ရုပ်သိမ်းကြောင်းကြေညာခဲ့ပါတယ်။
ပုဂံဘုရား(၄)ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ပုဂံဘုရား(၄)ဆူ #မိုးကြိုးလွှဲတပ်ဆင်ခြင်
#YMG/tthl #Yangon_Times
Page 476 of 1935