#Local_News
Published_21 May 2025

နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကား တင် သွင်းမှုများတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

မေလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဒုတိယနေ့တွက် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိ စက်သုံးဆီ များကို တင်သွင်းနေရသောကြောင့် လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေး လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိနေခြင်း ဖြစ်ကြောင်း ယင်းက ပြောသည်။

ကုန်သွယ်မှုပိုငွေပြနေသော်လည်းဘဲအခြားသုံးစွဲမှုများ အနုတ်များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေ ဈေးမြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကားတင်သွင်းမှုများတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

#Yangon_Times/PP