#Local_News
Published 22 November 2024
▪️ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်ပေါင်း (၂၃) ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပြီး လှိုင်သာယာရှိစာသင်ကျောင်းကိုလည်းပြန်လည်မွမ်းမံ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံလှူဒါန်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။
▪️ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia၊ သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
▪️ သံအမတ်ကြီး Ms. Ma Jia က အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံက တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်ပေါင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရ၊ ကုမ္ပဏီ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) စသည်တို့ကလည်း ပညာတော်သင်ဆုများ ချီးမြှင့်ခြင်း၊ စာရေးကိရိယာစသည့်ပစ္စည်းများလှူဒါန်းသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တက်တက်ကြွကြွ ထောက်ခံအားပေးလျက်ရှိကြောင်း၊
ကျောင်းသားကျောင်းသူများက ပညာကို ထူးချွန်ကျွမ်းကျင်အောင် ကြိုးပမ်းလေ့လာ သင်ယူပြီး မိမိနိုင်ငံတော်တည်ဆောက်မှုအတွက် အကျိုးထမ်းဆောင်ပေးကာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ဖြည့်ဆည်းပေးဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
#YMG/tthl #Yangon_Times
#World_Health
Published 22 November 2024
▪️ ခြင်ကိုက်တဲ့အခါ ခြင်ရဲ့တံတွေးကြောင့် ခန္ဓာကိုယ် ခုခံအားစနစ် လှုံ့ဆော်ကာ ယားယံရောင်ရမ်းခြင်းတို့ ဖြစ်စေပါတယ်။
▪️ ဒါ့အပြင် ခြင်ကနေ ငှက်ဖျား၊ တုပ်ကွေး၊ ဇီကာ၊ ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်တို့ သယ်ဆောင်လာနိုင်တာကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်သင့်ပါတယ်။
▪️ အောက်ပါနည်းလမ်းများဖြင့် ခြင်ကိုက်ခံရခြင်းကြောင့် ယားယံနီမြန်းတာတွေ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
▪️ (၁) ရေခဲကပ်ခြင်း
ခြင်ကိုက်ခံရတဲ့နေရာကို ရေခဲအုပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို သက်သာစေကာ သွေးကြောများကျဉ်းစေသဖြင့် ယားယံခြင်းကို မပျံ့နှံ့စေတော့ပါဘူး။
▪️ (၂) ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်မှာ အေးမြပြီး ရောင်ရမ်းဆန့်ကျင် အစွမ်းသတ္တိပါဝင်တာကြောင့် ယားယံခြင်း သက်သာစေရုံမက အနာမြန်မြန် ကျက်စေပါတယ်။
▪️ (၃) ပျားရည်
သဘာဝ ပိုးသေစေတဲ့ အစွမ်းသတ္တိရှိပြီး ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို လျှော့ချပေးကာ ရောဂါပိုးဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
▪️ (၄) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက အရေပြား pHကို ထိန်းညှိပေးသဖြင့် ယားယံခြင်းကို သက်သာစေပါတယ်။
▪️ (၅) ပန်းသီးရှာလကာရည်
ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို လျှော့ချပေးသဖြင့် ရှာလကာရည်ကို ရေအနည်းငယ်ရောကာ အသုံးပြုနိုင်ပါတယ်။
▪️ (၆) လက်ဖက်ပင်ဆီ
ပိုးသန့်စင်ခြင်းနဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်ရှိကာ လျင်မြန်စွာ သက်သာစေသလို ခြင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
▪️ (၇) သစ်အယ်ပင်
ခြင်ကိုက်နေရာကို ခြောက်သွေ့စေကာ ရောင်ရမ်းခြင်းကို လျှော့ချပေးတဲ့အပြင် အေးမြစေပါတယ်။
▪️ (၈) ငှက်ပျောသီးအခွံ
ငှက်ပျောခွံမှာ ယားယံခြင်းကို သက်သာစေတဲ့ အင်ဇိုင်းများနဲ့ သဘာဝအဆီများ ပါဝင်ပြီး အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 22 November 2024
▪️ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် အမြဲသင့်လျော်ကာ ထိုထဲကမှ ကန်စွန်းရွက်က အာဟာရအများဆုံးဖြစ်ပြီး CDC ကသတ်မှတ်တဲ့ ရမှတ် ၁၀၀ ရရှိခဲ့ပါတယ်။
▪️ ဒီနောက် တရုတ်ဂေါ်ဖီထုပ်ကတော့ သူ့နောက်မှာ ၉၁.၉၉ ရမှတ်၊ ဟင်းနနွယ်က ၈၆.၄၃ မှတ်တို့ဖြင့် ရှိနေပါတယ်။
▪️ ထိုဟင်းရွက်တွေထဲမှာ ပိုတက်ဆီယံ၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ ကယ်လ်စီယံ၊ သံဓာတ်၊ သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ဖောလိတ်၊ ဇင့်၊ ဗိုက်တာမင်-အေ ဘီ၆ ဘီ၁၂ စီ ဒီ အီး ကေအပါအဝင် အာဟာရဓာတ် ၁၇ မျိုးပါဝင်ပါတယ်။
▪️ ဟင်းရွက်တွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိတယ်လို့ အာဟာရပညာရှင်များ သဘောတူထားကြပါတယ်။
▪️ (၁) အာဟာရဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးခြင်း
ကန်စွန်းရွက်မှာ ဗိုက်တာမင်-ကေ အေ စီ ဘီ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံ၊ ပိုတက်ဆီယံတို့ ပါဝင်တာကြောင့် အာဟာရဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးစွာဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။
▪️ (၂) နှလုံးကျန်းမာရေး ထောက်ပံ့ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ထောက်ကူပေးကာ သွေးကြောလုပ်ဆောင်ချက်များကို တိုးတက်စေပါတယ်။
▪️ (၃) ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးခြင်း
သူ့မှာပါတဲ့ စွမ်းအားမြင့် ဖိုင်တိုဓာတုပစ္စည်းတွေက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကာ နာတာရှည်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
▪️ (၄) ဟော်မုန်းမျှတစေခြင်း
ဗိုက်တာမင်-ဘီ၊ ကယ်လ်စီယံ၊ မဂ္ဂနီဆီယံပမာဏ မြင့်မားခြင်းက ဟော်မုန်းညီမျှမှုကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
▪️ (၅) အဆိပ်အတောက်ဖယ်ရှားခြင်းနဲ့ အသည်းကျန်းမာရေးထောက်ပံ့ခြင်း
ကန်စွန်းရွက်မှာပါတဲ့ ဆာလ်ဖာလို သဘာဝဒြပ်ပေါင်းက ခန္ဓာကိုယ်မှာ သဘာဝအတိုင်း အဆိပ်အတောက် ဖယ်ရှားပေးပြီး အသည်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပါတယ်။
▪️ (၆) အရေပြားကျန်းမာရေး ထောက်ပံ့ပေးခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ တင်းရင်းဝင်းပစေပြီး ကော်လာဂျင် ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။
#Source: New York Post
တရုတ်ပြည်အရှေ့ဘက် ကျဲကျန်းပြည်နယ်မှ ခြေအိတ်မြို့တော်လို ခေါ်ကြတဲ့ ကျူကျီမြို့ဟာ အရည်အသွေးမြင့် မူပိုင်ဖန်တီးမှုတွေကနေ တစ်ကမ္ဘာလုံးဆိုင်ရာ ခြေအိတ်လုပ်ငန်းမှာ ပါဝင်လာပြီဖြစ်ပါတယ်။
#Asia_Industry
Published 21 November 2024
#ကျူကျီမြို့ #ခြေအိတ်လုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 November 2024
၁။ မြန်မာကျောင်းသားများ ဥရောပမှပေးမည့် ပညာသင်ဆုပါဝင်လျှောက်ထားနိုင်
၂။ ရွှေတိဂုံစေတီ၏အထိမ်းအမှတ်အလံငယ်မှ ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးကံထူး
၃။ ၇ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့
၄။ ကမ္ဘာပေါ်တွင်ခြေအိတ်အများဆုံး ထုတ်လုပ်ရာလုပ်ငန်းကြီးတည်ရှိသည့် တရုတ်ပြည်မှကျူကျီမြို့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 November 2024
▪️ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့်ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်မှ စိန်ထည်ပစ္စည်း သိန်း(၃၀၀၀)ဖိုးခိုးယူခံရကြောင်း သိရသည်။
▪️ ယင်းကျောက်မျက်ဆိုင်မှ ဆိုင်ဝန်ထမ်းမှ ခိုးယူသွားကြောင်းထုတ်ပြန်ထားပြီး ခိုးယူသူကို ဖမ်းမိအောင် ကူညီပါက ကျပ်သိန်း(၅၀)ကျေးဇူးဆပ်မည်ဟု ဖော်ပြထားသည်။
▪️ ဆိုင်ရှိ စိန်ထည်ပစ္စည်းများ(အမျိုးအစားပေါင်း (၆၀)ဝန်းကျင် ကာလပေါက်ဈေး သိန်း(၃၀၀၀) ဝန်းကျင်)ခန့်အား ခိုးယူယူဆောင်သွားကြောင်း ယင်းဆိုင်၏ Page ၌တင်ထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မယ်လို့ အားကစားနှင့်ကာယပညာဦးစီးဌာနကသိရပါတယ်။
#Local_News
Published 21 November 2024
#အမျိုးသားအားကစားပွဲတော် #အားကစားသမား၁၂၀၀၀
#YMG/NN #Yangon_Times
၂၀၂၄ -၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလက အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြည်ပကို ပဲမျိုးစုံတင်ပို့တန်ချိန် ၂ ဒသမ ၉၈ သန်း တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 21 November 2024
#ပဲမျိုးစုံတင်ပို့ #ပြည်ပသို့တင်ပို့
#YMG/NN #Yangon_Times
၂၁ နိုဝင်ဘာ ၂၀၂၄
◾️ဩစတြေလျအစိုးရက အသက် ၁၆နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ့် ဥပဒေကြမ်းတစ်လုကို ပါလီမန်သို့တင်လိုက်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ ဥပဒေကို စနစ် တကျချိုးဖောက်တဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကို ဩစတြေလျ ဒေါ်လာ ၄၉.၅သန်း ( အမေရိကန် ဒေါ်လာ ၃၂သန်း) အထိ ဒဏ်ငွေရိုက်လို့ရမယ့် ပြဋ္ဌာန်းချက်လည်းပါဝင်နေပါတယ်။
◾️ဩစတြေလျက အသက်အတည်ပြုတဲ့ စနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစနစ် မှာ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် အစိုးရရဲ့ သက်သေခံမှုတစ်ခုခု ပါဝင်ပြီး ဒီဥပဒေကြမ်းဟာ ယနေ့ရှိနေ သမျှ ဥပဒေတွေထဲမှာ အပြင်းထန်ဆုံးတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။
◾️အသက် ၁၆နှစ်ဆိုတဲ့သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးအသက် ကန့် သတ်ချက်လို့ဆိုပါတယ်။ ဥပဒေကြမ်းထဲမှာ “ မိဘရဲ့ခွင့်ပြုချက်တွေ”ဆိုတဲ့ ကင်းလွတ်ခွင့်တွေ၊ ရှိပြီးသား အကောင့်တွေဆိုတဲ့ ကင်းလွတ်ခွင့်တွေ လုံးဝထည့်သွင်းမထားပါဘူး။ အသက် ၁၆ နှစ်ကန့်သတ်ချက်ဟာ ချွင်းချက်မရှိကန့်သတ်ချက်သဘောဖြစ်ပါတယ်။
◾️“ ဒါဟာ မှတ်တိုင်ထူတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်တယ်။ အချို့ကလေးတွေကတော့ နည်းလမ်းတွေ လှည့်ပတ်ရှာနေကြဦးမှာဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို သန့်သန့်ရှင်းရှင်းအလုပ်လုပ်ကြဖို့ သတင်းစကားတွေပါးနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ်က သတင်းထုတ်ပြန်ရာမှာ ပြောကြားထားပါတယ်။
◾️အတိုက်အခံလေဘာပါတီက အဲဒီဥပဒေကြမ်းကိုထောက်ခံမယ်လို့ ပြောလိုက်ပြီး ဂရင်းပါတီနှင့် တစ်သီး ပုဂ္ဂလတွေကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ Meta အပေါ် အကြီးအကျယ်ထိခိုက်စေမယ့် အဲဒီ အဆိုပြု ဥပဒေ ကြမ်းနှင့်ပတ်သက်လို့ ပိုပြီးအသေးစိတ်သိလိုတယ်လို့ ပြောကြပါတယ်။
◾️ကလေးသူငယ်တွေအနေနှင့် မက်ဆေ့ချ်ပို့တာသုံးလို့ရဦးမှာဖြစ်ပြီး အွန်လိုင်းဂိမ်းတွေနှင့် ကျန်းမာရေးနှင့် ပညာရေးဆက်စပ်တဲ့ ကိစ္စတွေကိုလည်းသုံးနိုင်မယ်လို့ အယ်ဘန်နီးစ်က ပြောပါတယ်။
◾️နိုင်ငံအချို့က ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာသုံးတာနှင့်ပတ်သက်ပြီး ဥပဒေအရကန့်သတ်မှုတွေ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဩစတြေလျရဲ့မူဝါဒကတော့ အတင်းကျပ်ဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။
◾️ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်မှာ အသက် ၁၅နှစ်အောက်ကလေးငယ်တွေ ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ဖို့ အဆို ပြုခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေခွင့်ပြုချက်ရှိရင်သုံးလို့ရမှာဖြစ်ပါတယ်။
◾️“ ဩစတြေလျကလေးငယ်တွေ အများကြီးအတွက် ဆိုရှယ်မီဒီယာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ အသက် ၁၄နှစ်နှင့် ၁၇နှစ်အကြား ဩစတြေလျကလေးတွေရဲ့ သုံးပုံနှစ်ပုံဟာ မူးယစ်ဆေးဝါးအလွဲသုံးတာ၊ ကိုယ့်ကိုကိုယ်သတ်သေတာနှင့်ကိုယ့်ကိုကိုယ်ဒုက္ခဖြစ်စေတာတွေအပါအဝင် အလွန့်ကို အန္တရာယ်ပေးတဲ့ အွန်လိုင်းအကြော်ငးအရာတွေကို ကြည့်ရှုနေကြတယ်” လို့ ဆက်သွယ်ရေးဝန်ကြီး မီချယ်ရိုလန်က ပါလီမန် မှာကြာသပတေးနေ့က တင်ပြခဲ့ပါတယ်။
◾️ဥပဒေအရ လူငယ်တွေနှင့် မိဘတွေကို ဖိအားပေးမှာမဟုတ်ဘဲ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကိုသာ အသက်ကန့်သတ်ပြီးဝင်သုံးလို့ရဲ့ စနစ်ကို မဖြစ်မနေထည့်သွင်းကြဖို့ကို ဦးတည်ထားပါတယ်။
◾️“ လူမှုမီဒီယာဟာ လူမှုတာဝန်ရှိတယ်။ အဲဒါကြောင့် အသုံးပြုသူတွေ အန္တရာယ်ကင်းရှင်းစေ ရေးအတွက် အဲဒီ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ တာဝန်ခံမှုရှိအောင် အပြောင်းအလဲကြီးတစ်ခုလုပ် လိုက်တာ ဖြစ်တယ်” လို့ရိုလန်ကဆက်ပြောပါတယ်။
@ymg/knl
ရွှေတိဂုံစေတီတော်ရဲ့မသိုးသင်္ကန်းရက်လုပ်ကပ်လှူပွဲမှာ မိုးပျံပူပေါင်းနဲ့အတူ လွှင့်တင်ခဲ့တဲ့အထိမ်း အမှတ်အလံငယ်မှာ ပါဝင်တဲ့ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2024
#ရွှေတိဂုံစေတီတော် #အထိမ်းအမှတ်အလံငယ်
#YMG/tthl #Yangon_Times
#Local_News
Published 21 November 2024
▪️ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ သံဝေဇနိယ လေးဌာနစေတီတော်ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက ဂေါပကအဖွဲ့ရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် ဘက်စုံပြုပြင်မွမ်းမံမှုနှင့် စေတီတော်အားလုံးသို့ ရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုရေး၊ အမြဲသန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 November 2024
▪️ ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်နှင့် ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိလာကြောင်း သိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယား နိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များနှင့် Fara Myanmar EV Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DAYUN YUEHU S1 (VIP EDITION) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
▪️ အဆိုပါ ရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များကို လုပ်ထုံး
လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 474 of 1935