#World_Health
Published 23 May 2025
▪️ အမေရိကန်မှာ စအိုကင်ဆာဖြစ်ပွားမှု များပြားလာပြီး ဘယ်လိုလူတွေ ဖြစ်တတ်လဲဆိုတာ ပြောင်းလဲလာတယ်လို့ လေ့လာချက်အသစ်မှာ ယူဆထားပါတယ်။
▪️ ဒီရောဂါ ဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေအကြောင်းနဲ့ ဘယ်သူတွေ စစ်ဆေးသင့်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
▪️ ၂၀၁၇ မှ ၂၀၂၁ အတွင်း အမျိုးသားကင်ဆာဌာနမှ အချက်အလက်များကို ဆန်းစစ်ရာမှာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စအိုကင်ဆာက အမျိုးသမီးတွေမှာ ၂.၉ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေမှာ ၁.၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
▪️ အသက် ၆၅ နှစ်အထက် လူဖြူအမျိုးသမီးတွေနဲ့ စပိန်လူမျိုးအမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်လာတယ်လို့ Advocate Lutheran General ဆေးရုံမှ ဒေါက်တာ အက်ရှ်လေရော်ဘင်ဆန်က ပြောပါတယ်။
▪️ ဒီနှုန်းအတိုင်းသာဆိုရင် လာမယ့် ၁၇ နှစ်အတွင်း အသက် ၆၅ နှစ်အထက် အမျိုးသမီးတွေမှာ စအိုကင်ဆာဖြစ်ပွားမှုက နှစ်ဆလောက်ဖြစ်လာနိုင်တယ်လို့ သုတေသီများဆိုပါတယ်။
▪️ သက်ကြီးအမျိုးသမီးတွေမှာ စအိုကင်ဆာ အဖြစ်များလာတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး HPV ကာကွယ်ဆေး ပထမဆုံးထိုးနှံလို့ရလာချိန်မှာ အမျိုးသမီးကြီးအများစုက ထိုးနှံသင့်တဲ့အရွယ်ကို ကျော်လွန်နေကြပြီလို့ ရှင်းပြပါတယ်။
▪️ စအိုကင်ဆာဖြစ်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က HPV ကူးစက်မှုနဲ့ သက်ဆိုင်နေပါတယ်။
▪️ HPV ဟာ လိင်မှုထိတွေ့ခြင်းကနေ ကူးစက်တတ်ပြီး ဆဲလ်တွေအထိ ရောက်ရှိတဲ့အခါ ကင်ဆာတွေဖြစ်လာနိုင်ပါတယ်။
▪️ ဒါ့အပြင် HIV ရောဂါရှင်တွေ၊ ရိုးတွင်းခြင်ဆီ အစားထိုးထားသူတွေ၊ ကိုယ်ခံအားပြဿနာရှိသူတွေမှာ စအိုကင်ဆာ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
▪️ စအိုကင်ဆာကို စောစီးစွာ တွေ့ရှိရင် အောင်မြင်စွာ ကုသနိုင်လေ့ရှိပြီး ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်၊ ခွဲစိတ်မှုတို့ ပြုလုပ်နိုင်ပါတယ်။
▪️ မကုသဘဲထားရင် ကင်ဆာပျံ့နှံ့လာပြီး ဖြေရှင်းရပိုမိုခက်ခဲလာနိုင်ပါတယ်။
▪️ စအိုမှ သွေးထွက်ခြင်း၊ ဝမ်းသွေးပါခြင်း၊ အောင့်ခြင်း၊ ယားယံခြင်း၊ အပေါက်နားမှာ အဖုထွက်လာခြင်းစတဲ့ လက္ခဏာတွေကို စောင့်ကြည့်ရပါမယ်။
#Source: New York Post