#World_Health
Published 23 May 2025

▪️ ပလတ်စတစ်တွေမှာ အသုံးပြုပါဝင်လေ့ရှိတဲ့ DEHP ဓာတုပစ္စည်း ထိတွေ့ခြင်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးမှုများကြား ဆက်စပ်မှုကို eBiomedicine ဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။

▪️ သုတေသနထဲမှာ DEHP ကြောင့် အဓိကအားဖြင့် နှလုံးသွေးကြောရောဂါများ ဖြစ်ပွားရာကနေ ၂၀၁၈ အတွင်း အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြားလူတွေ ၃၆၈,၇၆၄ ဦးသေဆုံးထားကြောင်း ခန့်မှန်းထားပါတယ်။

▪️ DEHP လိုမျိုး phthalates ဓာတုပစ္စည်းတွေဟာ ပလတ်စတစ်တွေ ပျော့ပျောင်းနိုင်အောင် ထည့်သွင်းရပါတယ်။

▪️ စားစရာထုပ်ပိုးမှု၊ ဆေးပစ္စည်းများ၊ စားစရာဗူးများ၊ လိုက်ကာများ၊ ကြမ်းခင်းများ၊ ရေပန်းခေါင်းများအပါအဝင် နေ့စဉ်သုံးပစ္စည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါတယ်။

▪️ နိုင်ငံနဲ့ ဒေသပေါင်း ၂၀၀ ကျော်လောက်မှ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အချက်အလက်များကို ဆန်းစစ်ကြည့်ရာမှာ DEHP ထိတွေ့မှုပါဝင်တဲ့ ဆီးနမူနာတွေနဲ့ သေဆုံးစာရင်းအချက်အလက်များကို နှိုင်းယှဉ်စစ်ဆေးခဲ့ကြပါတယ်။

▪️ ထိုအခါမှာ phthalates ထိတွေ့မှုကနေ နှလုံးပြဿနာဖြစ်နိုင်ခြေ မြင့်မားတာကို ထင်ရှားစွာတွေ့ရပြီး ဒါတွေနဲ့ထိတွေ့မှုကို လျှော့ချနိုင်ဖို့ စည်းမျဉ်းများအရေးတကြီးချမှတ်ရန် လိုအပ်လာတယ်လို့ NYU Grossman ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ လီယိုနာဒိုထရာဆန်ဒီက ပြောသွားပါတယ်။

▪️ အိန္ဒိယဟာ DEHP နဲ့ဆက်စပ်တဲ့သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး သူ့နောက်မှာ တရုတ်နဲ့ အင်ဒိုနီးရှားတို့ ရှိနေပါတယ်။

▪️ Phthalates တွေက နှလုံးရောဂါသာမက အဝလွန်ခြင်း၊ ဆီးချို၊ မျိုးပွားပြဿနာများ၊ ကင်ဆာ၊ မွေးဖွားမှုပြဿနာများလည်း ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။

▪️ ဒါကြောင့် DEHP ပါဝင်တဲ့ ပလတ်စတစ်ပစ္စည်းများ ထိတွေ့ခြင်းကို လျှော့ချဖို့က အရေးကြီးပါတယ်။

▪️ ထိတွေ့မှုဘယ်လောက်အထိ လျှော့ချနိုင်ရင် အသက်အန္တရာယ် ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာကို ဆက်စပ်လေ့လာသွားဖို့ စီစဉ်ထားပါတယ်။

#Source: The Jerusalem Post