ဒါကာ၊ မေ ၂၃, ၂၀၂၅-

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖတ်အစိုးရ အကြီးအကဲ ပါမောက္ခ မိုဟာမက်ယူနွစ်ဟာ  နိုင်ငံရေးဖိအားများ    နှင့် ပြုပြင်ပြောင်းလဲရေး မအောင်မြင်မှုတွေကြောင့် ရာထူးမှ နှုတ်ထွက်ဖို့ ချိန်ဆနေပြီလို့ သိရပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအသွင်အပြင်တွေကို ပြောင်းလဲသွားမယ့် အခြေအနေရောက်ရှိသွားနိုင် ပါတယ်။

အသက် ၈၄နှစ် ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ယူနွတ်စ်ဟာ ၂၀၂၄ ဩဂုတ်လမှာ  အာဝါမီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး ပေါက်ပေါက်လာတဲ့ အရေးပေါ်  အသွင်ကူးပြောင်းရေးအစိုးရရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။

အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့နှင့် နီးစပ်တဲ့ အရင်းအမြစ်များရဲ့ အဆိုအရ  ယူနွတ်စ်ဟာ မကြာသေး မီက ကျင်းပခဲ့တဲ့ တံခါးပိတ်အစည်းအဝေးတွေမှာ မကျေမချမ်းဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲနှင့် အဖွဲ့အစည်းများပြုပြင်ပြောင်းလဲရေးအတွက် ညီညွတ်တဲ့ ကတိကဝတ်တွေ မရှိဘဲ နှင့် လက်ရှိ အကန့်အသတ်တွေကြားထဲ သူ့အနေနှင့် တာဝန်ခံပြီး ဦးဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူနွတ် ကပြောခဲ့ကြောင်း အရင်းအမြစ်တွေကဆိုပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များက အထွေထွေ ရွေးကောက်ပွဲ ချက်ခြင်းခေါ်ဆိုဖို့ကိစ္စတွေက အရှိန်မြင့် တက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ( ဘီအင်န်ပီ) နှင့် တပ်ခေါင်းဆောင်တွေက ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။

ဒါပေမယ့်  လိုအပ်တဲ့ တရားဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ မူဘောင်တွေကို အရင်ဆုံး ပြန်လည် တည်ဆောက်ဖို့ ယူနွတ်က ပြောခဲ့ပါတယ်။  အဲဒီလုပ်ငန်းစဉ်ဟာ ၂၀၂၆ခုနှစ်ထဲ အထိ ရောက်သွားနိုင် တာဖြစ်ပါတယ်။

ယူနွတ် နှုတ်ထွက်လိုက်ရင် နိုင်ငံရဲ့ မတည်ငြိမ်မှု ပိုမိုနက်ရှိုင်းလာလိမ့်မယ်လို့ နိုင်ငံရေး စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။ “ သူ့ရဲ့ ခေါင်းဆောင်မှုဟာ အထိမခံတဲ့ အကူးအပြောင်း မှာ တရား ဝင်မှုရစေတယ်” လို့ ဒါကာ အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ သူမရှိရင် ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်နှင့် စစ်တပ်ရဲ့ အလွန်အကျွံနေရာယူမှုတွေ တိုးလာလိမ့်မယ်” လို့ သူကပြောပါတယ်။

Source : International Media Outlets