ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ အခုနှစ်လေးလတာအတွင်းဘုရားဖူးသိန်း၂၀ နီးပါးလာရောက်ဖူးမြှော်ခဲ့ကြတယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 19 November 2024
#ရန်ကုန်မြို့ #ရွှေတိဂုံစေတီတော်
#YMG/NN #Yangon_Times
တန်ဆောင်တိုင်ပိတ်ရက်အပြင် လာမယ့်ဒီဇင်ဘာလကျောင်းပိတ်ရက်မှာ ချောင်းသာအပန်းလာဖြေဖို့ ဘိုကင်တင်ထားသူတွေနဲ့ပြည့်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ချောင်းသာ #ဒီဇင်ဘာကျောင်းပိတ်ရက်
#YMG/tthl #Yangon_Times
#World_News
Published 19 November 2024
▪️ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် သမ္မတတာဝန်ထမ်းဆောင်သည်နှင့် စစ်အင်အားအသုံးပြုကာ တရားမဝင် ရွှေ့ပြောင်းလာသူများကို နေရပ်ပြန်ပို့ရေးအတွက် နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာသွားမယ့် အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပြောသွားပါတယ်။
ထရမ့်က ဒီကြေညာချက်ကို Truth Social ဆိုရှယ်မီဒီယာမှာ ဖော်ပြသွားတာဖြစ်ပါတယ်။
ထရမ့်ဟာ ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းကျိန်ပြီးတဲ့အခါ အမေရိကန်သမိုင်းတလျှောက် နေရပ်ပြန်ပို့မှု အများပြားဆုံး ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
ထရမ့်ပြောကြားလိုက်တဲ့ တစ်ခွန်းတည်းသော စကားက သူ့အစီအစဉ်အတိုင်း ပြုလုပ်သွားမယ်လို့ သေချာနေပါတယ်။
"ပထမဆုံးနေ့မှာပဲ အမေရိကန်သမိုင်းမှာ နေရပ်ပြန်ပို့ရေး အကြီးမားဆုံးအစီအစဉ် စတင်သွားပါမယ်" လို့ မက်ဒီဆန်ပြည်သူ့ရင်ပြင်မှာ စည်းရုံးရေးပွဲပြုလုပ်စဉ် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
ကျူးကျော်ခံရတဲ့ မြို့တိုင်းကို ကယ်တင်သွားမှာဖြစ်ပြီး ရာဇဝတ်သားတွေကို အကျဉ်းထောင်ထဲ ထည့်ပစ်ကာ တိုင်းပြည်ကနေ အမြန်ဆုံး ဖယ်ထုတ်သွားမယ်လို့ ပြောပါတယ်။
၁၉၉၈ ပြင်ပရန်သူအက်ဥပဒေအတိုင်း အမေရိကန်မြေမှာ ကျင်လည်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ကွန်ရက်ကို ပစ်မှတ်ထားဖယ်ရှားသွားမယ်လို့ နိုဝင်ဘာ ၄ ရက်နေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းကို တားဆီးရေး၊ စစ်ရေးနဲ့ ရေတပ်ပိတ်ဆို့မှုများဖြင့် တရားမဝင်ကုန်ကူးမှု တားဆီးရေးနဲ့ မူးယစ်ဂိုဏ်းတိုက်ဖျက်ရေး၊ ယခင်နယ်စပ် ဥပဒေစိုးမိုးရေးမူဝါဒအတိုင်း တရားမဝင်ပစ္စည်းများ ဟန့်တားရန် အထူးတပ်ဖွဲ့များနဲ့ ဆိုင်ဘာကိရိယာများ နေရာချထားရေးတို့ ပြုလုပ်ရန်လည်း စီစဉ်ထားပါတယ်။
မူးယစ်ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းကို ထောက်ခံကြောင်း ထုတ်ဖော်ထားကာ မူးယစ်ကုန်ကူးသူများကို သေဒဏ်ချမှတ်မယ့် ဥပဒေများချမှတ်ရန် လွှတ်တော်ကို တင်ပြထားပါတယ်။
တင်ပြချက်များအရ အမေရိကန်မှာ လက်ရှိနေထိုင်နေတဲ့ စာရင်းမရှိ ရွှေ့ပြောင်းနေထိုင်သူပေါင်း အနည်းဆုံး ၁၃ သန်းရှိနေပါတယ်။
#Source: WION
#Local_News
Published 19 November 2024
▪️ သန်လျင်မြို့နယ်ရှိ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက် ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်၂လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မနက်၃ နာရီ ၅၈အချိန်၌ Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၁၅မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၁၈ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုးများအပါအဝင် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 November 2024
▪️ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ သင်တန်းများအားလုံးကိုနိုဝင်ဘာ၂၁ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်း၊ စတုတ္ထနှစ်နှင့်ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးရာတွင် နိုဝင်ဘာ၁၄ရက်မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်သင်တန်းအားလုံးကို နိုဝင်ဘာ၂၁ရက်နေ့ကြာသပတေးနေ့မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#WorldNews_Health
Published 19 November 2024
▪️ ကော်ဖီကို သင့်တင့်ရုံ သောက်သုံးရင် ကျန်းမာရေးအကျိုးကျေးဇူးများ ရနိုင်ပြီး အာရုံစူးစိုက်မှုနဲ့ နိုးကြားမှုကို ပေးစွမ်းနိုင်ပါတယ်။
▪️ အချို့ကတော့ ကော်ဖီသောက်တဲ့အခါ ရင်တုန်တာတွေ အိပ်မပျော်တာတွေ ရှိတတ်တာကြောင့် သက်ရောက်ပုံခြင်းတော့ မတူပါဘူး။
▪️ ကော်ဖီက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) နိုးကြားစေခြင်း - လူကိုနိုးကြားစေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။
▪️ (၂) စိတ်အခြေအနေမြှင့်တင်ပေးခြင်း - ဒိုပါမင်းထုတ်လွှတ်မှုကို အားကောင်းစေသဖြင့် စိတ်အခြေအနေကို ကောင်းမွန်စေပြီး မနက်ပိုင်းသောက်ပေးပါက လေးလံမှုခံစားရခြင်းကို သက်သာစေပါတယ်။
▪️ (၃) စိတ်ဓာတ်ကျနိုင်ခြေလျှော့ချပေးခြင်း - ကဖင်းဓာတ်က ဓာတ်တိုးဆန့်ကျင်ပါဝင်တာကြောင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးပြီး စိတ်ကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။
▪️ (၄) အချို့လူများတွင်ပူပန်စိတ်များစေခြင်း - ကဖင်းဓာတ်နဲ့ မတည့်သူတွေမှာ ပူပန်သောကဖြစ်စေတဲ့ လက္ခဏာများ ပေါ်ပေါက်တတ်ပြီး နှလုံးခုန်မြန်ခြင်း၊ ကဏာမငြိမ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ (၅) မှတ်ဉာဏ်နဲ့လေ့လာစွမ်းရည်မြှင့်တင်ခြင်း - ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသဖြင့် မှတ်ဉာဏ်နဲ့ သင်ယူမှုအပိုင်းတို့မှာ တိုးတက်စေပါတယ်။
▪️ (၆) စွဲလမ်းစေပြီး ဖြတ်ရခက်ခဲခြင်း - ပုံမှန်သောက်သုံးလေ့ရှိပါက ကဖင်းဓာတ်က ဦးနှောက်ကို မတိုးတော့ဘဲ စွဲလမ်းလာကာ မသောက်ဘဲနေပါက ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကနေ စိတ်အခြေအနေပါ ထိခိုက်တတ်ပါတယ်။
▪️ (၇) လူမှုဆက်ဆံရေးနှင့် စိတ်ကျန်းမာရေးမြှင့်တင်ပေးခြင်း - အပေါင်းအသင်းတွေနဲ့ ကော်ဖီဆိုင်မှာ ထိုင်လေ့ရှိခြင်းကြောင့် ဆက်ဆံရေးကောင်းမွန်စေပြီး စိတ်ကျန်းမာရေး မြှင့်တင်ပေးနိုင်ပါတယ်။
▪️ (၈) အိပ်စက်ချိန်နှောင့်ယှက်ခြင်း - နေ့လယ် ညနေပိုင်းတို့မှာ သောက်သုံးခြင်းဖြင့် အိပ်စက်မှုကို ထိခိုက်စေကာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၉) ကြောက်မိကြောက်ရာ လုပ်မိခြင်း - ကော်ဖီရဲ့ လှုံ့ဆော်နိုင်စွမ်းက အက်ဒရီနယ်လင်ထွက်စေကာ အလန့်တကြားနဲ့ လုပ်မိတတ်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 19 November 2024
▪️ ဘရာဇီးလ်ဈေးကွက်ကို အဓိကထားကာ အဆင့်ဆင့်ထုပ်ပိုးမှု အနည်းဆုံးပြုလုပ်ထားတဲ့ ဟင်းရွက်များ(MPV)တွေကို ခြုံငုံလေ့လာခဲ့ကြပါတယ်။
▪️ ဒီနောက် ထိုအချက်အလက်များကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများဖြစ်တဲ့ Escherichia coli ၊ Salmonella spp. နဲ့ Listeria monocytogenes များနဲ့ တိုင်းတာခဲ့ကြပါတယ်။
▪️ ၂၀၀၀ ခုနှစ်မှ ၂၀၂၁ အထိ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်စားသုံးခြင်နဲ့ ဆက်စပ်နေတဲ့ အစာအဆိပ်ဖြစ်ပွားမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
စားသုံးသူတွေအတွက် အရည်အသွေးနဲ့ စိတ်ချရမှုကို ထိန်းချုပ်ဖို့ အတိုင်းအတာများ လိုအပ်ပုံကို ဖော်ပြလိုတာဖြစ်ပါတယ်။
▪️ ဟင်းရွက်များ ပုံမှန်စားသုံးခြင်းဖြင့် ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်များ ရရှိနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အချိန်တိုအတွင်း စားသုံးလိုလာကြပါတယ်။
▪️ ဒါကြောင့် MPV ဟင်းရွက်မျိုးတွေကို အဝယ်များလာကြပြီး ယင်းတို့ဟာ ပိုးသန့်စင်ထားပေမယ့် စားသုံးသူကို ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်တာကြောင့် တင်းကြပ်စွာ ထိန်းသိမ်းဖို့လိုလာကြောင်း စာတမ်းပြုစုသူ ဒန်နီယဲလ်မက်ဖေက ပြောပါတယ်။
▪️ MPV ဟင်းရွက်တွေက ဖြတ်တောက်သန့်စင်ပြီး အသင့်ထုပ်ပိုးထားကြပါတယ်။
ထိုပစ္စည်းတွေဟာ ပိုးသန့်စင်ထားပေမယ့် အိမ်ရောက်ရင် ရေထပ်ဆေးလို့လည်း ရပါတယ်။
▪️ ထိုဟင်းရွက်တွေဟာ မူလအာဟာရဓာတ်များအတိုင်း ထိန်းသိမ်းထားပေမယ့် သက်တမ်းပိုရှည်အောင် ပြုလုပ်ရပါသေးတယ်။
▪️ ထိုကဲ့သို့ ထိန်းသိမ်းပြုလုပ်ရာကနေ ရောဂါပိုးမွှားတွေ ပါဝင်နိုင်တာ ဖြစ်ပါတယ်။
▪️ ဟင်းရွက်တွေကို အာဟာရဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ အရောင်အသွေး ပုံစံအနေအထား မပြောင်းလဲအောင် အဆင့်ဆင့်ပြုလုပ်ရတာ ဖြစ်ပါတယ်။
▪️ ဘရာဇီးလ်မှာ ၁၉၇၀ အလယ်လောက်မှာ MPV ဈေးကွက်ကျယ်ပြန့်လာပြီး ဈေးဆိုင်တွေ စင်တာတွေမှာ နေရာယူလာပါတယ်။
▪️ ဒါပေမဲ့ ဒီစားသောက်ကုန်တွေကို ထုတ်လုပ်မှုနဲ့ ရောင်းချခြင်းတို့မှာ ဥပဒေနဲ့အညီ ထိန်းသိမ်းသွားရန် လိုအပ်လာပါတယ်။
တရုတ်သမ္မတရှီကျင့်ဖင်နဲ့ ပီရူးသမ္မတ ဒီနာဘိုလူအာတေတို့ဟာ ချန်ကိုင်ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနားကို ဗီဒီယိုလင့်ကနေ ကြာသပတေးနေ့မှာ တက်ရောက်ခဲ့ပါတယ်။
#World_Development
Published 18 November 2024
#ရှီကျင့်ဖင် #ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 November 2024
၁။ သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက်(၁၀၀) ကျော်စာရေးဆရာကြီး(၂)ဦးပါပူဇော်ကန်တော့မည်
၂။ မော်တော်ယာဉ်အားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ထပ်မံအသိပေး
၃။ အခုအပတ်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းအနည်းငယ်တက်လာ
၄။ ပီရူးနိုင်ငံမှ ချန်ကိုင်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနား တရုတ်နှင့်ပီရူးသမ္မတတို့တက်ရောက်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 November 2024
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၈)ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ရွှေစင်ရွှေပြား သင်္ကန်းတော်များအား ရထားပျံဖြင့်တင်လှူပူဇော်ခြင်း အခမ်းအနားကို ကျင်းပရာဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ၆ ကျပ်သား ရွှေစင်ပြား ၁ ချပ်နှင့် ၁ ကျပ်သား ရွှေစင်ပြား ၈ ချပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၁ ကျပ်သား ရွှေစင်ပြား ၁ ချပ် ရထားပျံပေါ်သို့ အသီးသီးပင့်ဆောင်၍ အမွှေးနံ့သာများပက်ဖြန်း ပူဇော်ခဲ့သည်။
▪️ ထို့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၁ ကျပ်သား ရွှေစင်ပြား ၂ ချပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၁ ကျပ်သား ရွှေစင်ပြား ၃ ချပ်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင်၊ ဦးဘိုးသင်းနှင့် ဦးမျိုးအောင်ဌေးတို့က အများပြည်သူစုပေါင်းလှူဒါန်းသည့် ၁ ကျပ်သား ရွှေစင်ပြား ၃ ချပ်တို့အား ရထားပျံပေါ်သို့ အသီးသီး ပင့်ဆောင်၍ အမွှေးနံ့သာများပက်ဖြန်းပူဇော်ကြပြီး ရထားပျံအားစက်ခလုပ်နှိပ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားသင်္ကန်းတော်များအား စတင်တင်လှူပူဇော်ခဲ့ကြသည်။
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်၂၀၂၄ခုနှစ် အောက်တိုဘာလ(၃၁)ရက်အထိအလှူရှင်များမှ လှူဒါန်းထားသည့်ရွှေစင်ရွှေပြား(၄၇၃၉)ချပ်ရရှိထားပြီဖြစ်ကြောင်းဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
#YMG/tthl #Yangon_Times
တိုင်ဖွန်းမုန်တိုင်း“မန်ရီ"အရှိန်ကြောင့် ရန်ကုန်နဲ့ ဒေသ (၁၀)ခုမှာ ဆောင်းတွင်း မိုးရွာဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 18 November 2024
#တိုင်ဖွန်းမုန်တိုင်း“မန်ရီ" #ဒေသ(၁၀)ခုမိုးရွာဦးမည်
#YMG/tthl #Yangon_Times
#Local_News
Published_18 Nov 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဗုံးခွဲတိုက်ခိုက်ခံရ၍ ရပ်ကွက်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်တစ်ပါးပျံလွန်မှု ယနေ့နိုဝင်ဘာလ ၁၈ ရက် နံနက် ၈ နာရီ ကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ဦးပရိယတ္တိစာသင် တိုက်(၃)ထပ်ကျောင်း ဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်း၌ သီတင်းသုံးနေသော သက်တော် (၅၇)နှစ်၊ ဝါတော် (၃၇)နှစ်ရှိရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ အဆိုပါ အကြမ်းဖက်ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် တရားခံများကို သက်ဆိုင်ရာက အမြန်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
Page 477 of 1935