#World_Health
Published 18 May 2025
▪️ နွေရာသီစာထဲမှာ လူကြိုက်အများဆုံးသရက်သီးက အရသာရှိတဲ့အပြင် အာဟာရဓာတ်လည်း ပေးစွမ်းပါတယ်။
သရက်သီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးထူးများကို ဖော်ပြလိုက်ပါတယ်။
(၁) မရှိမဖြစ်အာဟာရဓာတ်များ
▪️ ကိုယ်ခံအားထောက်ပံ့ပေးကာ သံဓာတ်စုပ်ယူခြင်းနဲ့ အရေပြားအတွက် အကျိုးပြုတဲ့ ဗိုက်တာမင်-စီ ကြွယ်ဝတဲ့အပြင် ဖောလိတ်၊ ဗိုက်တာမင်-အေ၊ ပိုတက်ဆီယံနဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
(၂) ကယ်လိုရီနည်းပါးခြင်း
▪️ ကယ်လိုရီနည်းပါးစွာ ပါဝင်ကာ အစာခြေခြင်းကို ကူညီပေးပြီး ဗိုက်ပြည့်ဝနေစေတဲ့အပြင် သင့်တင့်စွာစားပေးရင် ကိုယ်အလေးချိန် ကျစေပြီး တစ်နေကုန်ခွန်အားပေးနိုင်ပါတယ်။
(၃) အသားအရေကျန်းမာစေခြင်း
▪️ ဗိုက်တာမင်-စီနဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အရေပြားကို နေရောင်ခြည်ထိတွေ့မှုဒဏ်ကနေ ကာကွယ်ပေးပါတယ်။
(၄) နှလုံးကျန်းမာရေးမြှင့်တင်ပေးခြင်း
▪️ အမျှင်ဓာတ်၊ ပိုတက်ဆီယံ၊ ဗိုက်တာမင်တို့က သွေးပေါင်ချိန်နဲ့ ကိုလက်စ်ထရောပမာဏကို လျှော့ချပေးကာ နှလုံးသွေးကြောကျန်းမာရေးကို ကူညီပါတယ်။
(၅) အစာကြေစေခြင်း
▪️ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေခြင်းနဲ့ အူလမ်းကြောင်း ကျန်းမာရေးတို့ကို ကောင်းမွန်စေပါတယ်။
(၆) ဓာတ်တိုးဆန့်ကျင်အာနိသင်
▪️ ပိုလီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်ထဲက ဓာတ်တိုးဖိစီးမှုများကို လျှော့ချပေးပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
#Source: DoctorNDTV